ကွီးတို့ရေ အရက် အမှတ်တံဆိပ်တွေ၊ အမျိုးအစားတွေ အများကြီးထဲကမှ ကွီးတို့ စိတ်ကြိုက်အရက်တွေကို ဝယ်သောက်သုံးကြပါတယ်။ တချို့ကလည်း အကြိုက်တစ်မျိုးတည်းကိုပဲ စွဲစွဲမြဲမြဲသောက်သလို၊ တချို့ကတော့မျိုးစုံ သောက်ကြပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ကွီးတို့ သိထားသင့်တဲ့ ဝီစကီ နဲ့ ဗောဒ့်ကာ တို့ကြားက ကွာခြားချက် များ ကို ရှာဖွေတင်ပြပေးလိုက်ပါတယ်။
ဝီစကီ နဲ့ ဗောဒ့်ကာ ဘယ်အရက်က ပိုကောင်းသလဲ

Photo : The Gentleman Racer
(၁) ဘယ်လို ဖော်စပ် ချက်လုပ်လဲ
ကွီးတို့ သိထားသင့်တဲ့ ဝီစကီ နဲ့ ဗောဒ့်ကာ နှစ်မျိုးစလုံးဟာ အရက်ချက်လုပ်ပုံ အဆင့်တွေဖြစ်တဲ့ အချဉ်ဖောက်တာ၊ အငွေ့ပျံစေတာ၊ အပူပေးချက်တာတွေ အတူတူပါဘဲ။ အသုံးပြုတဲ့ အခြေခံပစ္စည်းတွေတော့ ကွဲပြားပါတယ်။ ဗောဒ့်ကာက ကစီ/သကြားဓါတ်ပါဝင်တဲ့ အာလူး၊ ပြောင်း ၊ ဘာလီ၊ ရိုင်းတို့ကနေ ထုတ်ပါတယ်။ ဝီစကီကိုလည်း ပြောင်း၊ ဘာလီ ၊ ရိုင်း တို့ကနေ ထုတ်ပါတယ်။ ဗောဒ့်ကာ၊ ဝီစကီ အခေါ်အဝေါ် မတူပေမဲ့ ကောက်နှံမျိုးတွေကို အသုံးပြုပြီး အဓိကအဆင့် (၃) ဆင့် တူပါတယ်။ ဝီစကီမှာတော့ ပထမဆုံး အပူပေး Malting အဆင့် ပိုပါတယ်။ ဝီစကီကို ဝက်သစ်ချစည်ထဲ ထည့်ပြီး အနည်းဆုံး (၆) လ နှစ်ချို့ထားပါတယ်။ ဗောဒ့်ကာ ထုတ်လုပ်ရာမှာ Malting အဆင့်မပါဘူး၊ ပေါင်းခံတဲ့အဆင့်မှာ (၃) ကြိမ် ကနေ (၅) ကြိမ်အထိ လုပ်ပါတယ်။ ပေါင်ခံကြိမ်များလေ ဗောဒ့်ကာပိုကောင်းလေ ဖြစ်ပါတယ်။ ဗောဒ့်ကာကို စည်ထဲထည့် နှစ်ချို့ခံတာ မလုပ်ပါဘူး။

Photo : Gentlemen Renters
(၂) ကျန်းမာရေးအတွက် ဘာကောင်းလဲ
ကွီးတို့ရေ သိပ္ပံနည်းကျ သုတေသနပြုချက်အရ သင့်တင့်တဲ့ ပမာဏကို သောက်မယ်ဆိုရင် ဗောဒ့်ကာဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါ နဲ့ နှလုံး ကြွက်သားပျက်စီးခြင်းကို ဖြစ်စေတဲ့ အန္တရာယ်ကို လျော့ပါးစေ ပါတယ်။ ဝီစကီ မှာပါတဲ့ ပိုလီဖီနော ပြိုကွဲပြီး ထွက်လာတဲ့ ဓါတ်တိုးလျော့ ပစ္စည်းက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို နည်းစေပါတယ်။ သွေးလွှတ်ကြောများရဲ့ လုပ်ငန်းကို ကောင်းစေပါတယ်။
(၃) အရသာ ဘယ်လိုကွာသလဲ
ဗောဒ့်ကာ အပြင်းအပျော့ပေါ် မူတည်ပြီး အရသာကွဲပါတယ်၊ အများအားဖြင့် Fruity အရသာမျိုးပါ။ ဝီစကီကတော့ ပြင်းပြင်းခံစားစေပါတယ်။

Photo : Dmarge/Kaboomics
(၄) ဘယ်လိုပုံစံနဲ့ သောက်ကြသလဲ
ဗောဒ့်ကာကို ရေမရောဘဲ ဖြစ်စေ၊ ကော့လ်တေးပုံစံနဲ့ ဖြစ်စေ သောက်ကြပါတယ်။ ဝီစကီကိုတော့ အဝင်ကြမ်းတဲ့အတွက် ရေရောပြီး တစ်ငုံခြင်း သောက်လေ့ရှိကြပါတယ်။ ကွီးတို့ရော ဘယ်လိုပုံစံနဲ့သောက်ပါသလဲ။
(၅) မျိုးကွဲ အမျိုးမျိုး ရှိသလား
ဝီစကီ မှာ Bourbon တို့လို မျိုးကွဲတွေ ရှိပေမဲ့ ဗောဒ့်ကာမှာ မျိုးကွဲနည်းပါတယ်။
(၆) အယ်လ်ကိုဟော ပါဝင်နှုန်းဘယ်လိုကွာသလဲ
ဗောဒ့်ကာက အများဆုံး 40% ABV ပါဝင်ပြီး ဝီစကီမှာ 40-50% ABV ပါဝင်ပါတယ်။
ကွီးတို့ရေ သိထားသင့်တဲ့ ဝီစကီနဲ့ ဗောဒ့်ကာ ကွာခြားချက်များ ကို ဆက်ပြီး ပြောပြပါမယ်။
ဗောဒ့်ကာ မှာ အယ်လ်ကိုဟော ပါဝင်နှုန်းနည်းတဲ့အတွက် ဝီစကီ ထက်စာရင် ကျန်မာရေးအတွက် ပိုသင့်တော်တယ် လို့ ပြောနိုင်ပါတယ်။ အရက်သောက်ပြီးတဲ့အခါ နှာခေါင်းက ထွက်လာတဲ့ အနံ့ဟာ ဝီစကီမှာ ပြင်းရှပြီး ဗောဒ့်ကာမှာတော့ အီသနောအနံ့ ဖြစ်ပါတယ်။

Photo : Fox News
ကွီးတို့ သိထားသင့်တဲ့ ဝီစကီနဲ့ ဗောဒ့်ကာ ကွာခြားချက်များ ကို ပြောပြပေးပြီးပြီ ဖြစ်တဲ့အတွက် အကောင်းအဆိုးကို မြင်နိုင်ပါတယ်။ ကွီးတို့ရေ ဗောဒ့်ကာနဲ့ ဝီစကီ ဘာတွေကွဲကွဲ မှတ်ထားဖို့က ကျန်းမာရေးထိခိုက်အောင် အရက်ကို အလွန်အကျွံ မသောက်ဖို့ပါပဲ။
Source : Liquor Laboratory
Featured Photo : Liquor
