ကွီးတို့ရဲ့ အသည်းစွဲ ဝီစကီ ကို အရသာရှိတဲ့ ရေခဲမုန့် အဖြစ် ဖန်တီးကာ ပြောင်းလဲပစ်နိုင်တယ်ဆိုတာကို သိပြီးပါပြီလား။ ဝီစကီ ကနေ ရေခဲမုန့် ဖြစ်သွားအောင် မျက်လှည့်ပညာတွေ မလိုအပ်ပါဘူး။ ဝီစကီ စားပွဲတင်ဇွန်း ၃ ဇွန်းခန့် ရှိရုံနဲ့တင် လုံလောက်ပါပြီ။

အခြားသော ပါဝင်ပစ္စည်းအချို့လည်း လိုအပ်ဦးမှာမို့လို့ အဆင်သင့်ပြင်ထားဖို့တော့ လိုပါလိမ့်မယ်။

လိုအပ်မယ့် ပါဝင်ပစ္စည်းအမျိုးအစား စုစုပေါင်းကတော့ …

  • မြေပဲ ထောပတ် စားပွဲတင်ဇွန်း ၅ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁၉ ဇွန်း
  • နွားနို့ ဖန်ခွက် တစ်ခွက်စာ (စားပွဲတင်ဇွန်း ၁၆ ဇွန်း)
  • Heavy Whipping Cream ၃ ခွက်စာ (စားပွဲတင်ဇွန်း ၄၈ ဇွန်းစာ)
  • ဝီစကီ စားပွဲတင်ဇွန်း ၃ ဇွန်း

ဝီစကီ ရေခဲမုန့်

  • ဗနီလာ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ချောကလက်ရည် စားပွဲတင်ဇွန်း ၁ ဇွန်းမှ ၂ ဇွန်း (မထည့်လည်းရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

ဝီစကီ ရေခဲမုန့်

၁။ ဇောက်နက်သော ပန်းကန်လုံးထဲတွင် မြေပဲထောပတ်နှင့် သကြားတို့ထည့်ကာ လျှပ်စစ်မွှေစက်ဖြင့် ၁ မိနစ်မှ ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။

ဝီစကီ ရေခဲမုန့်

၂။ ထို့နောက် နွားနို့ကို ဖန်ခွက် တစ်ဝက်ခန့်ထည့်ကာ ပထမတစ်ကြိမ် မွှေပါ။

၃။ ထို့နောက် ခေတ္တခဏစောင့်ပါ။ တအောင့်ကြာတဲ့အခါ ကျန်ရှိနေတဲ့ နွားနို့၊ Heavy Cream ၊ ဝီစကီနှင့် ဗနီလာတို့ထည့်ကာ လျှပ်စစ်မွှေစက်ဖြင့် မွှေပါ။ ထို့နောက် အဖုံးအုပ်ထားပြီး ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၂ နာရီခန့်မှ တစ်ညခန့် အအေးခံထားလိုက်ပါ။

ဝီစကီ ရေခဲမုန့်

၄။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ထိုဖျော်ရည်ကို ရေခဲသေတ္တာထဲက ထုတ်ကာ နောက်ဆုံးတစ်ကြိမ်ခန့် မွှေပေးလိုက်ပါ။

၅။ ထို့နောက် ရရှိလာတဲ့ ဖျော်ရည်ကို ရေခဲမုန့်ဘူး (သို့) ဘူးအလွတ်တစ်ခုခုထဲထည့်ပါ။ ထို့နောက် အဖုံးကို လုံအောင်ပိတ်ပြီး Freezer ထဲထည့်ကာ ခဲသွားအောင် အအေးခံလိုက်ပါ။

whisky ice cream

ချောကလက်ရည် အသုံးပြုပါက ရေခဲမုန့်က အနည်းငယ် ခဲသွားတဲ့အခါ အပေါ်ကနေ ဆမ်းထည့်ပြီး ရေခဲမုန့်ကို ဆက်လက်အအေးခံလိုက်ပါ။

whisky ice cream

တစ်ညခန့် အအေးခံထားလိုက်မယ်ဆိုရင်တော့ အကောင်းဆုံးအရသာကို ရရှိမှာဖြစ်ပါတယ်။

whisky ice cream

ဒါဆိုရင်တော့ ကွီးတို့အားလုံး အကြိုက်တွေ့မယ့် ဝီစကီနှင့် ပြုလုပ်ထားတဲ့ ဝီစကီ ရေခဲမုန့် လေး ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Thespruceeats

Featured Image: Drinkmemag