ကွီးတို့ရေ အယ်လ်ကိုဟောများကို အလွန်အကျွံမဟုတ်ဘဲ သင့်တင့်မျှတစွာ သောက်သုံးမယ်ဆိုရင် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိတယ်ဆိုတာ သိပါသလား။ အဖျော်ယမကာတစ်မျိုး ဖြစ်တဲ့ ဝီစကီလည်းတူတူပါပဲ။ ဝီစကီက အချဉ်ဖောက်ထားသော အစေ့အဆန်များဖြင့် ပြုလုပ်ထားတဲ့ အဖျော်ယမကာတစ်မျိုးဖြစ်ပါတယ်။ ဂျုံ၊ မုယော၊ ပြောင်း၊ ကောက်နှင့် ဂျုံ စသည်တို့ကို အသုံးပြုက ဝီစကီ မူကွဲ အမျိုးမျိုးကို ချက်လုပ်ပါတယ်။ ဝီစကီများကို ပုံမှန်အားဖြင့်ဝက်သစ်ချသားများဖြင့် ပြုလုပ်ထားသည့် သစ်သားဗူးများတွင် သက်တမ်းရင့် အောင်ထားလေ့ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် သိပ္ပံနည်းကျလေ့လာမှုများ အရ ဝီစကီ ရဲ့ ကောင်းမွန်သော အကျိုး သက်ရောက်မှုများကို ဝေမျှပေးချင်ပါတယ်။
ဝိတ် မတတ်စေပါဘူး

Photo : Eat This, Not that
ကွီးတို့ရေ အချို့သော အဖျော်ယမကာများနဲ့ ဘီယာများက ကွီးတို့ရဲ့ ခန္ဓာကိုယ်မှာ အဆီစုစေပါတယ်။ ပိတ်ရက်မှာ ဘော်ဒါတွေနဲ့ သောက်ကြစားကြမယ် ၊ ကွီးတို့ကိုယ်တိုင်လည်း Diet လုပ်နေပေမဲ့ အယ်လ်ကိုဟော သောက်ချင်ရင် ဝီစကီက ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါ။ LiveStrong.com ရဲ့ အဆိုအရ ဝီစကီတစ်ပုလင်းတွင် ကာဗိုဟိုက်ဒရိတ်နှင့် အဆီလုံးဝမပါရှိတာကြောင့် ကွီးတို့ ကိုယ်အလေးချိန် လျော့တဲ့နေရာမှာ အနှောင့်အယှက် မဖြစ်စေပါဘူး။
နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်

Photo : Medical News Today
သိပ္ပံနည်းကျလေ့လာမှုများ အရ ဝီစကီ ရဲ့ ကောင်းမွန်သော အကျိုး သက်ရောက်မှုများ ထဲမှာ ကွီးတို့ရဲ့ နှလုံးကျန်းမာရေးကို အထောက်အကူပြုတာလည်း ပါဝင်ပါတယ်။ ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ တစ်နေ့ကို ဝီစကီ တစ်ခွက်လောက်သောက်တာက နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်လို့ ဆိုပါတယ်။ သင့်တင့်မျှတသော အယ်လ်ကိုဟော ပမာဏကို သောက်သုံးခြင်းက ရုတ်တရက် နှလုံးဖောက်ခြင်း နှလုံးသွေးကြောပိတ်ခြင်း (သွေးခဲခြင်း)၊ လေဖြတ်ခြင်း၊ သေဆုံးခြင်း အပါအဝင် နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ခြေ လျော့နည်းခြင်း အကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ကွီးတို့သတိပြုရန်မှာ သင့်တင့်မျှတသော ပမဏကို သောက်သုံးရန်ပဲ ဖြစ်ပါတယ်။
ဆီးချိုရောဂါ

Photo : DNA India
ဆီးချိုရောဂါက မည်သူမျှ မလိုလားအပ်သော ရောဂါများထဲမှ တစ်ခုဖြစ်ပါတယ်။ ဆီးချိုရောဂါက သိသာထင်ရှားသော ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများမှလွဲပြီး အရသာရှိသော အသားများ၊ အချိုများ၊ ကြက်သားကြော်၊ ဘေကွန်၊ ချောကလက် စတဲ့ ဒီကမ္ဘာပေါ်ရှိ အရသာရှိတဲ့ အရာအားလုံးကို ရှောင်ရှားရတာဟာ တကယ်ကို ဝမ်းနည်းစရာကောင်းပါတယ်။ ကံကောင်းတာတစ်ခုက ဝီစကီက ဆီးချိုရောဂါအတွက် သောက်သုံးလို့ရတဲ့ အဖျော်ယမကာတစ်မျိုး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဝီစကီမှာ သကြား၊ ကာဗိုဟိုက်ဒရိတ်နှင့် အဆီလုံးဝမပါရှိတာကြောင့် ပဲ ဖြစ်ပါတယ်။ သင့်တင့်မျှတသော ဝီစကီပမာဏက ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ အင်ဆူလင်နှင့် ဂလူးကို့စ် Level ကို ထိန်းညှိနိုင်စွမ်းကို တိုးတက်လာစေပါတယ်။ ဒါကြောင့် ကွီးတို့ ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်း သကြားဓာတ်ပမာဏ ကိုထိန်းနိုင်ရင် ဆီးချိုဖြစ်ပွားနိုင်ခြေကိုလည်း လျော့ချပေးနိုင်ပါတယ်။
အစာခြေစနစ်ကို အထောက်အကူပြုပါတယ်

Photo : Medium
ကွီးတို့ရေ ဝီစကီ ရဲ့ကောင်းမွန်တဲ့ အကျိုး များထဲမှာ အစာခြေစနစ်ကို အထောက်အကူပြုတာလည်း အပါအဝင်ဖြစ်ပါတယ်။ ဝီစကီတွင် မြင့်မားတဲ့ အယ်လ်ကိုဟော ပမာဏပါဝင်မှုကြောင့် အစာခြေခြင်းရှိ ပင်မအင်ဇိုင်းဖြစ်သော Pepsin ထုတ်လုပ်မှုကို လှုံ့ဆော်ပေးကာ ပရိုတိန်းများကို ပိုလီပက်တဒ်အဖြစ်သို့ ခွဲထုတ်ပေးပါတယ်။ ၎င်းက ကွီးတို့ရဲ့ အစာခြေစနစ်ကို အထောက်အကူပြုစေပါတယ်။ ဒါကြောင့် ညစာစားပွဲတွေ၊ ပါတီတွေမှာ ဝီစကီက အရသာရှိတဲ့ အစားအသာတွေနဲ့ အတူ ထည့်သွင်း ဧည့်ခံဖို့ အသင့်တော်ဆုံး အဖျော်ယမကာ တစ်မျိုးထဲမှာ ပါဝင်ပါတယ်။
စိတ်ဖိစီးမှု ကိုလျှော့ချပေးနိုင်ပါတယ်

Photo : New York Post
ကွီးတို့ရေ တစ်ပတ်တာ ပင်ပန်းနွမ်းနယ်မှုတွေ ၊ စိတ်ဖိစီးမှုတွေက များသောအားဖြင့် ဘော်ဒါတွေနဲ့ တစ်ခွက်တစ်ဖလားမော့လိုက်ရင် ပြေပျောက်သွားတတ်တယ် မဟုတ်ပါလား။ ကနေဒါနိုင်ငံ၊ တိုရွန်တိုရှိ Peter Munk Cardiac Center မှ သုတေသီများရဲ့ အဆိုအရ တစ်နေ့လျှင် ဝိုင်နီ သို့မဟုတ် အရက် တစ်ခွက်သောက်ခြင်းက နှလုံးအတွက်သာမက သွေးလည်ပတ်မှု၊ အောက်ဆီဂျင် ထုတ်ပေးခြင်း စသည်တို့ကိုလည်း အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ဝီစကီလည်း ထိုနည်းလမ်းကောင်းပါပဲ။ ဝီစကီတစ်ခွက်ဟာ ကွီးတို့ရဲ့ စိတ်ဖိစီးမှု တွေကို လျှော့ချပေးနိုင်ပါတယ်။ အယ်လ်ကိုဟော ဟာ အာရုံကြောများကို ငြိမ်သက်စေပါတယ်။ တစ်ခါတစ်ရံ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့ ဝီစကီ သောက်တာဟာ ပြဿနာ မရှိပါဘူး။ သို့သော်လည်း အမြဲလိုလို စိတ်ဖိစီးမှုကို ဖြေဖျောက်ဖို့ ဒီနည်းလမ်းကို သုံးနေမိတယ်ဆိုရင်တော့ ရေရှည်မှာ ဆိုးကျိုးတွေ ရှိလာနိုင်တာကို သတိပြုရပါမယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ သိပ္ပံနည်းကျလေ့လာမှုများ အရ ဝီစကီ ရဲ့ ကောင်းမွန်သော အကျိုး သက်ရောက်မှုများ ပဲ ဖြစ်ပါတယ်။ ဘယ်အရာကို မဆို အလွန်အကျွံလုပ်တာဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေပါတယ်။ ဒါကြောင့် ကွီးတို့လည်း အယ်လ်ကိုဟောကို သင့်တင့်မျှတသော ပမာဏကိုသာ မှီဝဲသင့်ပါတယ်။
Source : Cool Material
Featured Photo : Lifestyle
