ဘဝမှာ တစ်ခါလောက် သက်စွန့် ဆံဖျား ခရီးသွားချင်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာများဆီသို့ သွားသင့်ပါတယ်။ ဒီနေရာတွေဆီ သွားဖူးပြီးသွားတာနဲ့ လူဖြစ်ရကျိုးနပ်စေမယ့် ခံစားချက်မျိုးကို ခံစားရမှာပဲ ဖြစ်ပါတယ်။
အခုလောလောဆယ်တော့ ကွီးတို့အားလုံး စိတ်ကူး အတွေးရေယာဥ်နဲ့ ခရီးသွားလို့ရအောင် လိုက်ပါစီးမြော ကြည့်လိုက်ပါဦး။
(၁) Iguazú ရေတံခွန်အောက်မှာ လှေစီးကြမယ်
တောင်အမေရိကတိုက်ရှိ ဘရာဇီးနှင့် အားဂျင်တီးနား နယ်နိမိတ်ကြား တည်ရှိတဲ့ ရေတံခွင်တစ်ခုပဲ ဖြစ်ပါတယ်။ သက်စွန့်ဆံဖျား ခရီးသွားချင်သူများအကြား ရေပန်းစားတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။
(၂) Machu Picchu တောင်သို့ တက်လှမ်းကြမယ်
အင်ဒီးတောင်တန်းများကြားမှာ တည်ရှိတဲ့ တောင်တန်းတစ်ခုဖြစ်ပြီး တောင်တက်ရတာ ဝါသနာပါသူများအနေနဲ့ ၅ ရက်တာ ခရီးကို မရပ်မနား တက်လှမ်းကာ သဘာဝ ပတ်ဝန်းကျင်နဲ့ ထိတွေ့နိုင်ပါတယ်။
(၃) Sahara သဲကန္တာရပေါ် ခြေရာဖြန့်ကျက်ကြမယ်
သဲကန္တရာပေါ်မှာ လမ်းလျှောက်ရတဲ့ အတွေ့အကြုံ တစ်ခုကို ခံစားချင်တယ်ဆိုရင်တော့ Sahara သဲကန္တာရပေါ် မှာ ခြေရာဖြန့်ကျက်လို့ရပါတယ်။ သဲကန္တရာနဲ့ ပတ်သက်တဲ့ Activity မျိုးစုံကို လုပ်ဆောင်နိုင်ပါတယ်။ ကွီးတို့ ရောက်ဖြစ်တယ်ဆို ကုလားအုတ် စီးဖို့ကိုလည်း မမေ့ပါနဲ့။
(၄) British Columbia ရှိ တောင်တန်းတွေပေါ်မှာ ခြေလျင် တောင်တက်ကြမယ်
ဒီနေရာကတော့ ခြေလျင် တောင်တက်ချင်သူများအကြား ရေပန်းစားပါတယ်။ ကွီးတို့လည်း သဘာဝ ပတ်ဝန်းကျင် အလှအပကို မျက်ဝါးထင်ထင် မြင်တွေ့ချင်တယ် ဆိုရင်တော့ ဒီနေရာကို အရောက်သွားသင့်ပါတယ်။
(၅) Cappadocia မှာ မိုးပျံဗူဖောင်း စီးကြမယ်
ပုးံမှာ မိုးပျံ ဗူဖောင်း စီးရတာ မဝသေးဘူးဆိုရင်တော့ တူရီကီနိုင်ငံသို့ အလည်သွားရင်း မိုးပျံ ဗူဖောင်း ထပ်စီးနိုင်ပါတယ်။ မိုးပျံ ဗူဖောင်း စီးရတာချင်းတော့ တူပေမယ့် သဘာဝ ပတ်ဝန်းကျင်အလှအပက ကွဲပြားသွားတဲ့အတွက်ကြောင့် ဖီလင်လည်း ကွာခြားသွားပါလိမ့်မယ်။
(၆) Greenland ဒေသက ရေခဲတွင်တွေကြား သက်စွန့် ဆံဖျား ခရီးသွားကြမယ်
သည်းထိတ်ရင်ဖို စွန့်စားခန်းမျိုး ဖွင့်ချင်ပါသလား။ ဒါဆိုရင်တော့ Greenland ဒေသက ရေခဲတွင်တွေကြား သက်စွန့် ဆံဖျား ခရီးသွားဖို့ ကွီးတို့ကို အကြံပေးချင်ပါတယ်။ တိုင်တန်းနစ် သင်္ဘောလို ရေခဲတောင်နဲ့ မတိုက်မိဖို့တော့ ဆုတောင်းသွားကြပေါ့ဗျာ။
(၇) တူရကီနိုင်ငံရဲ့ Blue Lagoon မှာ လေဟုန်စီးကြမယ်
မြောက်ကိုရီးယား ဗိုလ်ကြီးကား ကြည့်ပြီး အဲ့ကားထဲက မင်းသမီးလို လေဟုန်စီးချင်ပါသလား။ ဒါဆိုရင်တော့ တူရကီနိုင်ငံရဲ့ Blue Lagoon မှာ လေဟုန်စီးလို့ ရပါတယ်။
(၈) မက်ဆီကိုနိုင်ငံရှိ လျှို့ဝှက်ရေအောက် လှိုဏ်ဂူထဲမှာ ရေကူးကြမယ်
ရိုးရိုး ရေကူးကန်မှာ ရေကူးရတာ အားမရသေးဘူးဆိုရင်တော့ မက်ဆီကိုနိုင်ငံရှိ လျှို့ဝှက်ရေအောက် လှိုဏ်ဂူထဲမှာ ရေသွားကူးနိုင်ပါတယ်။ ရေလည်းကူးရင်း ကျောက်စက် ပန်းဆွဲများရဲ့ အလှအပကို ကြည့်ရှုခံစားနိုင်ပါတယ်။ ကံမကောင်း အကြောင်းမလှရင်တော့ ရေကူးနေတုန်း ကျောက်စက် ပန်းဆွဲတွေ ကိုယ့်အပေါ် ပြုတ်ကျလာပါလိမ့်မယ်။ ဖြစ်ခဲပေမယ့် အပိုဆုပေါ့ဗျာ။
(၉) တောင်အာဖရိကရှိ Gansbaai မှာ ငမန်းတွေနဲ့အတူတူ ရေကူးကြမယ်
ငါးမန်းကားတွေထဲမှာ ငါးမန်းတွေနဲ့အတူတူ ရေကူးရတာကို အားကျနေပါသလား။ ဒါဆိုရင်တော့ တောင်အာဖရိကရှိ Gansbaai သို့သွားရင် ငါးမန်းတွေနဲ့အတူတူ ရေကူးနိုင်ပါတယ်။
(၁၀) ဥတ္တရ အလင်းတန်းတွေအောက်မှာ ရွက်ဖျင်တဲ ဆောက်ရင်း ညအိပ်ကြမယ်
ဥတ္တရ အလင်းတန်းတွေဆိုတာ တွေ့ရခဲတဲ့ အလင်းတန်းတွေပဲ ဖြစ်ပါတယ်။ ရာသီဥတု အပူချိန်နှင့် အချိန်ပေါ် လိုက်ပြီး ပြောင်းလဲသွားတတ်တာကြောင့် ကွီးတို့က အကြာကြီး စောင့်နေရင်တောင်မှ ကံကောင်းမှ တွေ့ရတာမျိုးပါ။ ဒီအလင်းတန်းတွေကို မြင်တွေ့ချင်တယ်ဆိုရင်တော့ ဒီဇင်ဘာနဲ့ မတ်လ ကြားမှာ သွားတာက အကောင်းဆုံးပါပဲ။ အခုသွားမယ်ဆိုရင် အချိန်မနှောင်းသေးပါဘူး။ အာတိတ်ဒေသ တစ်ဝန်းမှာဆို တွေ့ရနိုင်ခြေ ပိုများပါတယ်။ ဒါပေမဲ့ ရာသီဥတုဒဏ်တော့ တော်တော် ခံရမှာတော့ မမေ့နဲ့ဗျို့။
ကွီတို့ရော သက်စွန့် ဆံဖျား ခရီးသွားဖို့အတွက် ဘယ်နေရာတွေကို ရွေးချယ်ထားပါသလဲ။
Source: Cntraveler
Featured Image: Tourmyindia