အမျိုးသားစီး ဖိနပ်တွေထဲမှာ လူငယ်ဆန်ဆန် စတိုင်ကျရုံမက ဝတ်ရတာ သက်တောင့်သက်သာ အဖြစ်ဆုံးကတော့ Sneakers တွေပါပဲ။ Sneaker တွေကို အားကစားသမားတွေ အများဆုံး ဝတ်ဆင်လေ့ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ ထူးခြားဆန်းသစ်တဲ့ ဖိနပ်ဒီဇိုင်းတွေနဲ့ ပိုမိုကောင်းမွန်အောင် ဖန်တီးထုတ်လုပ်လာကြတာကြောင့် နေ့စဉ်ဝတ် Footwear တစ်မျိုးအဖြစ်သာမက ရုံးတက် ၊ ပွဲတက်ဖက်ရှင် အနေနဲ့ပါ Sneaker တွေ ဝတ်ဆင်လာကြပါတယ်။ ဒီတစ်ခေါက်တော့ Sneaker ချစ်သူကွီးတို့အတွက် အမိုက်စား ဒီဇိုင်းနဲ့ စတိုင်ကျစေမယ့်အပြင် ဝတ်ရတာ သက်တောင့်သက်သာ အရှိဆုံး Sneaker ၅ ရံကို ညွှန်းဆိုပေးချင်ပါတယ်။

(၁) Nike Air Vapormax Flyknit 3


Photo : The Trend Spotter

Nike အမှတ်တံဆိပ် Sneaker တွေကတော့ ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းတွေကြောင့် ဈေးကွက်ထဲမှာ နာမည်ကြီးပါတယ်။ Nike Sneaker တွေထဲမှာ Air Vapormax Flyknit 3 ကလည်း ရွေးချယ်ဖို့အကောင်းဆုံး ဖိနပ်တစ်ရံ ဖြစ်ပါတယ်။ ပေါ့ပါးသပ်ရပ်တဲ့ ခေတ်သစ် ဒီဇိုင်း ၊ Multi-Bubble Air Cushioning စနစ်နဲ့ ပေါင်းစပ် ထုတ်လုပ်ထားပါတယ်။ ဝတ်ရတာအလွန်ဘဲ သက်တောင့်သက်သာ ရှိစေတဲ့အပြင် ထူးခြားဆန်းသစ်တဲ့ ဖိနပ်ဒီဇိုင်းကြောင့် အမြင်အာရုံကို ဖမ်းစားနိုင်မယ့် Sneaker တစ်ရံဆိုလည်း မမှားပါဘူး။ Nike ရဲ့တခြားသော Sneaker တွေထက်ဈေးအနည်းငယ်ပိုများပေမယ့် ပေးရတဲ့ဈေးနဲ့တန်တဲ့ ခံစားချက်ကိုရစေမှာ ဖြစ်ပါတယ်။

(၂) Nike Zoom Fly SP Fast


Photo : The Trend Spotter

Nike ရဲ့ Zoom Fly SP Fast ကို Running Shoe အဖြစ် သတ်မှတ်ထုတ်လုပ်ခဲ့ပေမယ့် ပုံမှန်ထသွားထလာ နေ့စဉ်စီး Sneaker တစ်ရံအနေနဲ့ ရွေးချယ်မယ်ဆိုလည်း အမှားမရှိနိုင်ပါဘူး။ Zoom Fly SP Fast ဟာ တစ်နေ့တာလုံးအတွက် သက်တောင့်သက်သာနဲ့ စတိုင်ကျကျ စီးနိုင်မယ့် Sneaker တစ်ရံ ဖြစ်ပါတယ်။ ဖိနပ်ရဲ့ တည်ဆောက်ပုံဒီဇိုင်းက မယုံနိုင်လောက်အောင် ပေါ့ပါးလွတ်လပ်မှုရှိတာကြောင့် ခြေလှမ်းတိုင်းကို ယုံကြည်မှုအပြည့်နဲ့ သက်တောင့်သက်သာ စီးနင်းသွားလာနိုင်မှာ ဖြစ်ပါတယ်။

(၃) New Balance 990v5


Photo : The Trend Spotter

ဝတ်ရတာ သက်တောင့်သက်သာအဖြစ်ဆုံး Sneaker တွေလို့ပြောလိုက်တာနဲ့ New Balance အမှတ်တံဆိပ်ကို အရင်ဆုံး ပြေးမြင်မိကြပါလိမ့်မယ်။ New Balance Brand ရဲ့ 990 မော်ဒယ် ဖိနပ်တွေဟာ Sneaker ချစ်သူတွေအတွက် နှစ်ပေါင်း ၃၀ ကျော်ကြာ သက်တောင့်သက်သာရှိမှုနဲ့ အမိုက်စားအတွေ့အကြုံတွေကို ပေးစွမ်းလာခဲ့တာ ဖြစ်ပါတယ်။ အခု 990v5 ဟာလည်း ကျစ်လစ်သပ်ရပ်တဲ့ အမိုက်စားဒီဇိုင်းနဲ့ 990 မော်ဒယ် ဖိနပ်တွေရဲ့ အောင်မြင်မှု အမွေအနှစ်ကို ဆက်လက်သက်သေတည်မယ့် Sneaker တစ်ရံ ဖြစ်ပါတယ်။ New Balance 990v5 ဖိနပ်ဟာ လေဝင်လေထွက်ကောင်းပြီး သပ်ရပ်ခိုင်ခံ့တဲ့ ခေတ်မီဒီဇိုင်းနဲ့အတူ ဝတ်ရတာ သက်တောင့်သက်သာဖြစ်စေမယ့် Sneaker တစ်ရံ ဖြစ်ပါတယ်။

(၄) Reebok Workout Plus


Photo : The Trend Spotter

သက်တောင့်သက်သာရှိတဲ့ Sneaker တွေထဲမှာ Reebok ရဲ့ Workout Plus ဖိနပ်ကလည်း သေချာပေါက် ရွေးချယ်သင့်တဲ့ Sneaker တစ်ရံ ဖြစ်ပါတယ်။ Reebok အမှတ်တံဆိပ်ဟာ နေ့စဉ်စီးနိုင်တဲ့ Footwear တွေကြောင့် နာမည်ကြီးတဲ့ Brand တစ်ခုဖြစ်ပါတယ်။ Reebok ရဲ့ Iconic ဖြစ်တဲ့ 80s ဖိနပ်တွေကလည်း Sneaker ချစ်သူတွေကြားမှာ ရေပန်းစားပြီးသား ဖြစ်ပါတယ်။ အခု Reebok Workout Plus Sneaker က ဒီဇိုင်းပိုင်းထူးခြားပြီး နေ့စဉ်စီးနိုင်မယ့် ဖိနပ်တစ်ရံဖြစ်တဲ့အပြင် ဘယ်လိုဖက်ရှင်နဲ့မဆို လိုက်ဖက်မှုရှိရှိ တွဲဖက်ဝတ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ကွဲပြားဆန်းသစ်တဲ့ ဖိနပ်တည်ဆောက်ပုံဒီဇိုင်းနဲ့ ဝတ်ရတာ သက်တောင့်သက်သာ ရှိစေတာကြောင့် ဝယ်ပြီးရင် နောင်တ မရမယ့် Sneaker တစ်ရံဆိုတာ အသေအချာပါပဲ။

(၅) Brooks Launch 7


Photo : The Trend Spotter

Brooks Launch 7 ကတော့ အပြေးအားကစားသမားတွေ နှစ်ခြိုက်စေမယ့် Running Shoe ဖြစ်ပြီး စတိုင်ကျကျနဲ့ သက်တောင့်သက်သာ ဝတ်ဆင်နိုင်မယ့် Sneaker တစ်ရံ ဖြစ်ပါတယ်။ ပေါ့ပါးသွက်လက်ပြီး လေဝင်လေထွက်ကောင်းတဲ့ ဒီဇိုင်းနဲ့ ဖန်တီးထုတ်လုပ်ထားတာကြောင့် အားကစားလုပ်မယ့်သူတွေအတွက် အတော်လေး သင့်တော်ပါတယ်။ မီးခိုရောင်နဲ့ အောက်ခံ Sole အပြာရောင်တို့ရဲ့ အရောင်ပေါင်းစပ်ဖန်းတီးထားမှုက ဖိနပ်ကိုပိုပြီး ဆွဲဆောင်မှုရှိသွားစေတာ ဖြစ်ပါတယ်။ ဒီဇိုင်းလည်းမိုက် ၊ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ ရှိတဲ့ Sneaker မျိုးရှာနေတယ်ဆိုရင်တော့ Brooks Launch 7 ကရွေးချယ်သင့်ဆုံး Sneaker တစ်ရံဘဲဖြစ်ပါတယ်။

Featured Photo : SPY