အသစ်အဆန်း ခံစားမှုတွေကို ရှာဖွေဖို့ အနောက်အရပ်ကို ခရီးသွားကြမယ့် ကွီးတို့ အနေနဲ့ သိထားရမယ့် အချက်တွေ ရှိပါတယ်။ စအိုနဲ့ ချစ်တင်းနှောတာဟာ ပုံမှန် မိန်းမကိုယ်နဲ့ ချစ်တင်းနှော သလိုတော့ မဟုတ်ပါဘူး။ အခုမှစပြီး Try မယ်ဆိုရင် ခက်ခဲကြပ်တည်းမှုလေးတွေ အများကြီး ကြုံရနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ သင်ရော သင့်ပါတနာပါ နှစ်ဦးသား ခံစားမှု ကောင်းကောင်းနဲ့ သက်တောင့်သက်သာ အနောက်အရပ် ဆီ ခရီးသွားနိုင်ဖို့ သိထားသင့်တဲ့ အကြံပြုချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) စိတ်ကို ရယ်ဒီအနေအထား ပြင်ဆင်ထားပါ

Person's hand
Photo : Unsplash

စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ ရှိနေမယ်ဆိုရင် ချစ်တင်းနှော တဲ့အခါ သက်တောင့်သက်သာ မဖြစ်သလို ခံစားမှုကောင်းကောင်းလည်း မရပါဘူး။ ဒါကြောင့် အရေးကြီးဆုံးက နှစ်ဦးသား စိတ်ပိုင်းဆိုင်ရာမှာ ရယ်ဒီဖြစ်အောင် ပြင်ဆင်ဖို့ လိုပါမယ်။ ပုံမှန်မဟုတ်ပဲ စအိုနဲ့ ချစ်တင်းနှောတဲ့အပေါ် စိုးရိမ်ပူပန်မှုတွေ ရှိကောင်းရှိနိုင်ပြီး ဒါနဲ့ပတ်သတ်လို့ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းစွာ ပြောဆိုတိုင်ပင်တာ ၊ ဂရုတစိုက် ကြင်နာမှုလေးတွေ ကောင်းကောင်းပေးပြီး စိတ်ပိုင်းဆိုင်ရာ ပြေလျော့သက်သာမှု ရှိအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

(၂) လူကြီးကစားစရာတွေကို ရှေ့ပြေးလွှတ်ထားပါ

Vibrators
Photo : ABC

အနောက်အရပ် ကို ခရီးသွားမယ်ဆိုရင် တဆင့်ချင်း ၊ ဖြည်းဖြည်းချင်း သွားတာဟာ အကောင်းဆုံးပါပဲ။ ဒါမှလည်း ကြောက်ရွံ့စိတ် ၊ စိုးရိမ်စိတ်တွေ လျော့နည်းပြီး လိင်စိတ်နိုးကြားမှု အရှိန်ကို တဖြည်းဖြည်းချင်း မြင့်တက်လာမှာဖြစ်သလို နောက်တဆင့်ကို တက်တဲ့အခါ အဆင်ပြေချောမွေ့မှု ပိုရှိစေမှာပါ။ ချက်ချင်း လုပ်ငန်းစလိုက်တာထက် သေချာနှိုးဆွမှု ကောင်းကောင်းပေးပြီး အရှိန်ကို တင်သင့်ပါတယ်။ ဒီနေရာမှာ Vibrators တွေ ၊ Sex Toys တွေ ဒါမှမဟုတ် Dildos တို့လို လူကြီးကစားစရာတွေကို ရှေ့ပြေးအနေနဲ့ အသုံးပြုပြီး နှိုးဆွကောင်းကောင်း လုပ်ပေးနိုင်ပါတယ်။

(၃) ချောဆီလှိုင်လှိုင် အသုံးပြုပေးပါ

Lube
Photo : Quanna

အနောက်အရပ် ကို ခရီးသွားမယ် ၊ စအိုနဲ့ ချစ်တင်းနှော မယ်ဆိုရင် ချောဆီရဲ့ အခန်းကဏ္ဍဟာ အရေးပါဆုံး ဖြစ်ပါတယ်။ စအိုဟာ မိန်းမကိုယ် ကဲ့သို့ သဘာဝချောဆီကို မထုတ်ပေးနိုင်ပါဘူး။ ဒါကြောင့် ထိုးသွင်းဆက်ဆံမှု လုပ်ဆောင်တဲ့အခါ ပွတ်တိုက်မှုကြောင့် အရေပြား ပွန်းပဲ့ထိခိုက်တာတွေ မဖြစ်စေဖို့ တနည်းအားဖြင့် သက်တောင့်သက်သာ ရှိရှိနဲ့ ခံစားမှုကောင်းမွန်စေဖို့ ချောဆီခပ်များများ အသုံးပြုပေးဖို့ လိုအပ်ပါတယ်။ Vibrators တွေ ၊ Sex Toys တွေလို လူကြီးကစားစရာတွေနဲ့ နှိုးဆွမှု လုပ်ချိန်မှာလည်း ချောဆီ မဖြစ်မနေ သုံးပေးရမှာပဲ ဖြစ်ပါတယ်။

(၄) သက်တောင့်သက်သာနဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်ပါ

Couple
Photo : MedicalNewsToday

လိင်မှုကိစ္စ လုပ်ဆောင်ကြတဲ့အခါ ပတ်ဝန်းကျင် ၊ နေရာထိုင်ခင်းဟာ သိပ်ကို စကားပြောပါတယ်။ စိုးရိမ်ပူပန်မှုတွေ ၊ စိတ်ဖိစီးမှုတွေ ကင်းကင်းနဲ့ စိတ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာ ရှိစေဖို့ တိတ်ဆိတ်ငြိမ်သက်ပြီး သီးသီးသန့်သန့် ဖြစ်တဲ့ ပတ်ဝန်းကျင် ၊ အခန်းမျိုးကို ရွေးချယ်သင့်ပါတယ်။ အိပ်ခန်းအတွင်းမှာ ရနံ့ပါတဲ့ ဖယောင်းတိုင်လေးတွေ ထွန်းညှိထားတာ ၊ ငြိမ့်ငြောင်းတဲ့ တေးသီချင်းလေးတွေ ဖွင့်ထားတာဟာ နှစ်ဦးသားရဲ့ စိတ်ခံစားမှုတွေကို ပိုမို တည်ငြိမ်အေးဆေးစေဖို့ အထောက်အကူ ဖြစ်စေပြီး လိင်စိတ် နိုးကြားတက်ကြွမှုကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Source : My Fit Brain

Photo : UK Style Yahoo