ရောဂါဘယ ကင်းဝေးပြီး သက်ရှည် ကျန်းမာ စွာ နေထိုင်နိုင်ဖို့ရန်အတွက် ဘယ်လို အလေ့အကျင့် ကောင်းများကို ပြုစုပျိုးထောင်သင့်တယ်လို့ ထင်ပါသလဲ။
အစား အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်ပါ

Source: Jacaranda FM
သင့်ခန္ဓာကိုယ်က လိုအပ်တဲ့ စွမ်းအင်ပမာဏထက် ပိုလျှံကာ အစား အလွန်အကျွံ စားသုံးမိမယ်ဆိုရင်တော့ ကယ်လိုရီတဖြည်းဖြည်း တက်လာမှာဖြစ်ပြီး အဝလွန်ခြင်းရောဂါကို ခံစားရနိုင်ပါတယ်။ သင့်အနေနဲ့ သက်ရှည် ကျန်းမာ စွာ နေထိုင်ချင်တယ်ဆိုရင်တော့ အစား အလွန်အကျွံ စားသုံးတတ်တဲ့ အလေ့အကျင့် ကို အရင်ဦးဆုံး ဖျောက်ဖျက်ပစ်ရပါမယ်။
အခွံမာသီးများ များများစားသုံးပါ

အခွံမာသီးများသည် ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ အခွံမာသီးများကို တစ်နေ့လျှင် သုံးကြိမ်ခန့် စားသုံးပေးခြင်းအားဖြင့် စောစီးစွာ သေဆုံးနိုင်ခြေကို ၃၉ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်တယ်လို့ လေ့လာချက်များအရ တွေ့ရှိရပါတယ်။
ဟင်းသီးဟင်းရွက်များ များများစားသုံးပါ

ဟင်းသီးဟင်းရွက်များ များများစားသုံးပေးခြင်းသည် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ ခံစားရနိုင်ချေကို လျော့ချပေးပြီး သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ အအေးမိဖျားနာခြင်းတို့မှလည်း ကာကွယ်ပေးပါတယ်။
ကိုယ်လက်လှုပ်ရှားမှု ရှိဖို့လိုအပ်ပါတယ်

ကိုယ်လက်လှုပ်ရှားမှု မရှိရင် သင့်ခန္ဓာကိုယ်သည် လေးပင်နေသလို ခံစားရမှာဖြစ်ပြီး တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ်က ဝိတ်တက်မှန်းမသိ တက်လာမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်း မလုပ်ချင်ရင်တောင်မှ အနည်းဆုံး ကိုယ်လက်လှုပ်ရှားမှုတော့ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
အိပ်ရေးဝဝ အိပ်စက်အနားယူပါ

အိပ်စက်ခြင်းသည် သင့်ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့နှင့် သင့်ရဲ့ ခန္ဓာကိုယ် အားပြန်ပြည့်လာဖို့ရန်အတွက် များစွာ အရေးကြီးပါတယ်။ တစ်နေ့လျှင် ၅ နာရီထက် လျော့နည်းပြီး အိပ်မယ်ဆိုရင် စောစောစီးစီး သေဆုံးနိုင်ခြေကို ၁၂ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားစေပါတယ်။ တကယ်လို့ ၈ နာရီ ၉ နာရီထက် ကျော်လွန်ကာ အိပ်စက်အနားယူမယ်ဆိုရင်လည်း သင့်ရဲ့ လူ့သက်တမ်းကို တိုစေနိုင်တယ်လို့ လေ့လာတွေ့ရှိချက်များအရ သိရှိရပါတယ်။
အိပ်ရေးမဝပါက ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် အဝလွန်ရောဂါတို့ကို ခံစားရစေနိုင်ပြီး အလွန်အကျွံ အိပ်စက်ခြင်းသည်လည်း စိတ်ကျရောဂါကို ခံစားရစေနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ညလျှင် ၇ နာရီမှ ၈ နာရီခန့် အိပ်စက်အနားယူတတ်တဲ့ အလေ့အကျင့်ကို ပြုစုပျိုးထောင်လိုက်ပါ။ သင့်ကို သက်ရှည် ကျန်းမာ စွာနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်အောင် ကူညီပေးမယ့် အလေ့အကျင့် တစ်ခုပဲဖြစ်ပါတယ်။
Source: Healthline
Featured Image: Thebaldbrothers
