ဖဲမွေ့ရာထက်မှ အချိန်ကြာကြာ ချစ်တင်းနှောနိုင်ခြင်းက ကွီးတို့ နှစ်ဦးကြား သံယောဇဥ်ကို ပိုမိုခိုင်မြဲလာအောင် ကူညီပေးနိုင်ပါတယ်။ အချိန်ကြာကြာ ချစ်တင်းနှောနိုင်ဖို့ဆိုရင် သက်လုံကောင်းဖို့က အဓိကပါပဲ။ သက်လုံ မကောင်းတဲ့အခါ ချစ်တင်းနှော ခြင်း စွမ်းဆောင်ရည်လည်း ကျသွားပြီး ကွီးတို့ နှစ်ဦးသားအကြား ပတ်သက် ဆက်နွယ် မှုကလည်း အရှိန်အဟုန် လျော့ကျသွားနိုင်ပါတယ်။

ဒါဆိုရင် သက်လုံ ကောင်းပြီး အချိန်ကြာကြာ ချစ်တင်းနှော နိုင်ဖို့အတွက်နဲ့ ကွီးတို့ နှစ်ဦးသားအကြား ဆက်နွယ် မှုကို မြှင့်တင်ပေးနိုင်ဖို့အတွက် ဘာတွေ လုပ်ဆောင်ရမလဲ။

လိင်ပိုင်းဆိုင်ရာ သက်လုံကောင်းခြင်းဆိုတာ ဘာလဲ

couple in bed

သက်လုံကောင်းဖို့ဆိုပြီး မာရသွန် ပြေးစရာလည်း မလိုသလို ရေကူးကန်ထဲ နာရီနဲ့ချီပြီး ရေကူးနေစရာလည်း မလိုပါဘူး။ ကွီးတို့ရဲ့ သက်လုံကောင်းဖို့အတွက် ကွီးတို့ရဲ့ စွမ်းအင်ကို နည်းနည်းပဲ​သုံးပြီး သက်လုံကောင်းလာအောင် ပြုလုပ်နိုင်ပါတယ်။ သက်လုံကောင်းအောင် လုပ်ယူနိုင်တဲ့ နည်းလမ်းတွေကတော့ အများကြီးပါပဲ။ ကွီးတို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦး။

ပထမနည်းလမ်း

သက်လုံ ချစ်တင်းနှော ဆက်နွယ်

ကွီးတို့ကို သက်လုံကောင်းဖို့ ကူညီပေးမယ့် ပထမဆုံး နည်းလမ်းကတော့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းပါပဲ။ တစ်ပတ်လျှင် ၇၅ မိနစ်မှ ၁၅၀ မိနစ်အထိ လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ကွီးတို့ကို သက်လုံကောင်းအောင် ကူညီပေးမယ့် လေ့ကျင့်ခန်း (၄) မျိုးရှိပါတယ်။

ပထမလေ့ကျင့်ခန်းအမျိုးအစားကတော့ အေရိုးပစ်လေ့ကျင့်ခန်းမျိုးပါ။ စက်ဘီးစီးခြင်း၊ လမ်းမြန်မြန် လျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း အစရှိတဲ့ လေ့ကျင့်ခန်းများပဲဖြစ်ပါတယ်။

နောက်ထပ်တစ်မျိုးကတော့ အလေးမခြင်း၊ ဒိုက်ထိုးခြင်း၊ အစရှိတဲ့ Workout လေ့ကျင့်ခန်းမျိုးတွေပါပဲ။ နောက်ထပ်တစ်မျိုးကတော့ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းပေးမယ့် လေ့ကျင့်ခန်းမျိုးတွေပါ။ ဥပမာဆိုရင်တော့ ထိုက်ချိ လေ့ကျင့်ခန်းမျိုးတွေပါ။ နောက်ဆုံးတစ်မျိုးကတော့ ကွီးတို့ရဲ့ အကြောအခြင်တွေကို ပြေလျော့စေမယ့် လေ့ကျင့်ခန်းမျိုးပဲ ဖြစ်ပါတယ်။

ဒီအစားအစာတွေ စားပါ

သက်လုံ ချစ်တင်းနှော ဆက်နွယ်

အချို့သော အစားအစာများက ကွီးတို့ကို သွေးလှည့်ပတ်မှု ကောင်းလာစေပြီး သက်လုံကောင်းအောင် ကူညီပေးနိုင်ပါတယ်။

ဘယ်လိုအစားအစာတွေလဲဆိုတော့…

  • ကာဘိုဟိုက်ဒြိုက်ဓာတ်ပါသော အစားအစာများ
  • သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များ
  • အိုမီဂါ သရီး ဖက်တိအက်ဆစ်ဓာတ်ပါသော အစားအစာများ
  • ဗီတာမင်ဒီ ကြွယ်ဝသော အစားအစာများ အစရှိတဲ့ အစားအစာများကို စားသုံးသင့်ပါတယ်။

ကျန်းမာရေးနဲ့ မညီညွှတ်သော အကျင့်ဆိုးများကို ရှောင်ကြဥ်ပါ

သက်လုံ ချစ်တင်းနှော ဆက်နွယ်

ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အကျင့်ဆိုးတွေကတော့ အများကြီးပါပဲ။ ဥပမာ ဆိုရရင် ညဘက်မှာ စောစော မအိပ်ဘဲ ညနက်တဲ့အထိ နေခြင်း၊ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာများ အလွန်အကျွံ​စားသုံးခြင်း၊ အယ်လ်ကိုဟော ဖျော်ရည်များကို ဆေးဖြစ်ဝါးဖြစ်ထက် ကျော်လွန်ကာ သောက်သုံးခြင်း အစရှိတဲ့ အလေ့အကျင့်ဆိုးတွေပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှု များခြင်းကိုလည်း လျော့ချဖို့လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုအလေ့အကျင့်ဆိုးများအားလုံးက ကွီးတို့ရဲ့ စွမ်းဆောင်ရည်ကို လျော့နည်းအောင် ထိန်းချုပ်နေလို့ပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ဘယ်လို အလ့အကျင့်ဆိုးတွေကို မသိလိုက် မသိဘာသာနဲ့ ပြုလုပ်နေမိပြီလဲ။

Source: Healthline.com

Featured Image: Astroglide.co.uk