ကွီးတို့ အိမ်မှာရှိတဲ့ သစ်သားအတိုအစ ဖြတ်ပိုင်းလေးတွေနဲ့ အမိုက်စား ပရိဘောဂတွေ ၊ အိမ်တွင်းအလှဆင်ပစ္စည်းတွေ ဖန်တီးလို့ ရတယ်ဆိုတာ သိပါသလား ? ကုန်ကျစရိတ် သက်သက်သာသာနဲ့ အထာကျတဲ့ DIY အိမ်သုံးပစ္စည်းတွေ ကိုယ်တိုင်ပြုလုပ်ရတာ စိတ်ဝင်စားတယ်ဆိုရင်တော့ ကွီးတို့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဖတ်ကြည့်လိုက်ပါ။
(၁) နံရံကပ် ပန်းကန်စင်
Photo : DIY Roundup
ကွီးတို့ရဲ့ မီးဖိုချောင်မှာ သပ်ရပ်ပြီး လှပတဲ့ နံရံကပ် ပန်းကန်စင်လေး တစ်ခုတော့ ရှိထားသင့်တယ် မဟုတ်လား ? သစ်သားအတိုအစ ဖြတ်ပိုင်းလေးတွေကို သေချာအချောသပ် ဆေးသုတ်ပြီး ၂ ဆင့်ပါတဲ့ မော်ဒန်ဆန်ဆန် နံရံကပ် ပန်းကန်စင်လေးတစ်ခု ဖန်တီးလို့ ရပါတယ်။
(၂) တဘက်လှန်းစင်
Photo : DIY Roundup
ကွီးတို့ အိမ်မှာရှိတဲ့ တဘက်တွေကို စနစ်တကျနဲ့ စီစီရီရီလေး လှန်းထားနိုင်ဖို့ တဘက်လှန်းစင်လေး တစ်ခုကတော့ မရှိမဖြစ် လိုပါတယ်။ ဒီစင်လေးက သစ်သားအတိုအစ တွေကို လှေကား ပုံသဏ္ဌာန် ဖန်တီးထားတဲ့ DIY တဘက်လှန်းစင် ဖြစ်ပါတယ်။ အနည်းဆုံး တဘက် ၃ – ၄ ထည် ကောင်းကောင်းလှန်းလို့ ရနိုင်ပါတယ်။
(၃) နံရံကပ် စာအုပ်စင်
Photo : DIY Roundup
ကွီးတို့ရဲ့ မြတ်နိုးရတဲ့ စာအုပ်တွေကို သိမ်းဆည်းထားဖို့ စာအုပ်စင်အတွက် သီးသန့်နေရာ တစ်ခုပေးဖို့ မလွယ်ဘူးဆိုရင်တော့ အခုပြောပြမယ့် DIY သစ်သား နံရံကပ် စာအုပ်စင်လေးသာ ဖန်တီးကြည့်လိုက်ပါ။ စာအုပ်ထည့်ဖို့ သစ်သားအကန့်လေးတွေ ပြုလုပ်ပြီး နံရံမှာ တွဲကပ်လိုက်ရုံပါပဲ။
(၄) အစာခွက်
Photo : DIY Roundup
ကွီးတို့ အချစ်တော် အာဝုလေးတွေ ၊ မြှောင်လေးတွေအတွက် အစာခွက် အံလေး ဖန်တီးကြည့်လိုက်ပါဦး။ စားပွဲပုံသဏ္ဌာန် ရိုက်ထားတဲ့ သစ်သားပြား မျက်နှာပြင်အပေါ်မှာ အစာခွက် ထည့်ဖို့အတွက် ကွက်တိကျမယ့် အပေါက်လေးတွေ ဖောက်ပေးလိုက်ရုံပါပဲ။
(၅) ခြေသုတ်ဖုံ
Photo : DIY Roundup
သစ်သားအတိုအစ လေးတွေနဲ့ ကွီးတို့ အိမ်ရှေ့တံခါးဝမှာ အလှဖို့နဲ့ဖိနပ်မှာ ကပ်ပါလာတဲ့ ဖုန်တွေ/သဲတွေကို အိမ်ထဲအထိ ပါမလာစေဖို့ ဖုန်ခါလို့ရမယ့် ခြေသုတ်ဖုံလေးတစ်ခု ဖန်တီးလို့ ရပါတယ်။
Source : DIY Roundup
Featured Photo : DIY Roundup