မကြာခင်မှာ အိမ်ထောင်ရှင်တွေ ဖြစ်လာကြတော့မယ့် သတို့သားလောင်းတွေအနေနဲ့ ကိုယ့်ရဲ့နောက်ဆုံးသော လူပျိုဘဝကို အခင်မင်အရင်းနှီးဆုံး ဘော်ဒါတွေနဲ့အတူတူ လွတ်လွတ်လပ်လပ်ကျင်းပချင်ကြတာကတော့ စိတ်ကူးအိပ်မက်တစ်ခုပါပဲ။ ဒီလိုမျိုးအထိမ်းအမှတ်ပါတီကျင်းပချင်တဲ့ သတို့သားလောင်း များအတွက် Bachelor Trip ကို ဘော်ဒါတွေနဲ့အတူတူ ဘယ်နေရာတွေဆီ သွားသင့်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

သတို့သားလောင်း တွေလည်း ကိုယ့်ရဲ့ Bachelor Trip ကို ဘော်ဒါတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ကုန်ဆုံးရင်း ပျော်ရွှင်နိုင်ပါတယ်။

ပထမတစ်နေရာကတော့ …

စပျစ်ခြံသို့ သွားရောက်လည်ပတ်ပါ

အထိမ်းအမှတ်ပါတီ

Photo: Trip101

မြန်မာနိုင်ငံမှာလည်း စပျစ်ခြံတွေရှိပေမယ့် ကွီးတို့အနေနဲ့ ထိုစပျစ်ခြံတွေကိုလည်း ရောက်ဖူးပြီးပြီ ပြည်ပခရီးလည်း ထွက်ချင်တယ်ဆိုရင်တော့ ပေါ်တူဂီနိုင်ငံရှိ စပျစ်ခြံဆီသို့ သွားရောက်လည်ပတ်နိုင်ပါတယ်။ ဝိုင်ချစ်သူများအတွက် အကောင်းဆုံး နေရာတစ်ခုပဲဖြစ်ပါတယ်။ ထိုနေရာမှာ ရှေးကျတဲ့ ဝိုင်တွေကိုလည်း သောက်သုံးနိုင်သလို ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းများကိုလည်း ကြည့်ရှုနိုင်ပါတယ်။ ထိုဝိုင်ခြံလေးသည် ဧက ၂၄၇ ဧက ကျယ်ဝန်းတဲ့ စပျစ်ခြံကြီးတစ်ခုပဲဖြစ်ပါတယ်။

ခြေလျင်တောင်တက်ခရီးကို နှစ်သက်သူများအတွက်

အထိမ်းအမှတ်ပါတီ

Photo: Jacoblund

Game Of Thrones ထဲကလိုမျိုး အနိမ့်အမြင့် အတက်အကျ အမျိုးမျိုးရှိနေတဲ့ တောင်တန်းတွေပေါ် တောင်တက်ချင်ပါသလား။ တောင်တက်ခြင်းသည် စိတ်အပန်းပြေစေပြီး လေကောင်းလေသန့်များကိုလည်း တစ်ဝကြီး ရှုရှိုက်နိုင်မှာပဲဖြစ်ပါတယ်။

သို့သော် ပြည်တွင်းမှာပဲ Hiking လုပ်လုပ် ပြည်ပမှာပဲ Hiking လုပ်လုပ် ထိုနေရာဒေသနှင့် ရင်းနှီးကျွမ်းဝင်နေကြတဲ့ ဒေသခံတစ်ယောက်လောက်မပါမဖြစ် ခေါ်သွားသင့်ပါတယ်။ အဖိုးတန်လှတဲ့ သတို့သားလောင်းကို ပျောက်မသွားစေချင်ရင်ပေါ့။

Camp ထွက်ပါ

သတို့သားလောင်း Bachelor Trip

Photo: Weddingetc

သတို့သားလောင်း တို့အနေနဲ့ ဘော်ဒါတွေနဲ့အတူတူ Bachelor Trip အဖြစ် Camp ထွက်ခြင်းသည်လည်း ပျော်စရာကောင်းမှာ အသေအချာပါပဲ။ Camp ထွက်မယ့် နေရာတစ်နေရာကို သေချာရွေးချယ်လိုက်ပါ။ အချို့သော Camp Site တွေကတော့ ရွက်ဖျင်တဲ ထိုးထားပြီးသားဖြစ်ပါတယ်။ ထိုနေရာမျိုးကို သွားမယ်ဆိုရင်တော့ ကိုယ်တိုင်ရွက်ဖျင်တဲ ထိုးစရာမလိုတော့တဲ့အတွက်ကြောင့် ပိုအဆင်ပြေပါလိမ့်မယ်။ အကင်နှင့် အခြားသော စားစရာများ၊ ဝီစကီ၊ ကော့တေးအစရှိတဲ့ ဖျော်ရည်များကိုလည်း ပိုပိုလိုလို ထည့်သွားရင်တော့ အကောင်းဆုံးပါပဲ။

အပျော်စီးသင်္ဘော ငှားရမ်းကာ ပါတီကျင်းပပါ

သတို့သားလောင်း Bachelor Trip

Photo: Pinterest

မြို့ပြရဲ့အငွေ့အသက်လေးနဲ့အတူ ညနေခင်းလေပြေလေညှင်းများကို တစ်ဝကြီး ခံစားချင်ပါသလား။ ဒါဆိုရင်တော့ ဇိမ်ခံသင်္ဘောတစ်စီး ငှားရမ်းကာ ဘော်ဒါများနှင့် အတူတူ ပျော်ပါးနိုင်ပါတယ်။ ဘော်ဒါတွေချည်းပဲရှိတယ်ဆိုတော့ စိတ်လွတ်လက်လွတ်ကဲနိုင်မှာပဲဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ သတို့သားလောင်းတို့အနေနဲ့ Bachelor Trip ကို မင်္ဂလာဆောင်မယ့်ရက်နဲ့ ရက်အနည်းငယ်ခွာပြီး ကဲဖို့ပါပဲ။ နို့မဟုတ်ရင် ညက ပျော်ပါးကာ ဝီစကီတို့ ကော့တေးတို့ ကစ်ထားတဲ့အရှိန်နဲ့ မနက်ကျ မထနိုင်ဘဲနေပါလိမ့်မယ်။ ကိုယ့်ရဲ့ မင်္ဂလာနေ့ရက်လေးကို ကိုယ် ချစ်ရတဲ့ ဘဝလက်တွဲဖော်နဲ့ တစ်သက်လုံး အမှတ်တရရှိစေချင်တာမဟုတ်လား။

Source: Malestandard

Featured Image: Guysgab