အစာလည်းဆေး , ဆေးလည်းအစာ ဆိုတဲ့ စကားဟာ တိုတိုနဲ့ တကယ် ထိရောက်မှန်ကန်တဲ့စကား ဖြစ်ပါတယ်။ အစားအသောက်တွေဟာ ဗိုက်တာမင်နဲ့ ဓါတ်တိုးဆန့်ကျင်နိုင်စွမ်းတွေ ပါဝင်လို့ ခန္ဓာကိုယ်အတွင်းမှာ သန့်ရှင်းရေးလုပ်ပြီး အဆိပ်အတောက်တွေ ရှင်းထုတ်ပေးနိုင်စွမ်းရှိပါတယ်။ သင့်ကိုယ်တွင်းထဲက အဆိပ်အတောက်တွေ ဖယ်ရှားပေးနိုင်ပြီး အာဟာရဓါတ်ပေးနိုင်တဲ့ တန်ဖိုးကြီးမား အစားအသောက် များအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) ကညွှတ်

Asparagus

Photo: Unsplash

ကညွတ်မှာ Glutathione လို့ခေါ်တဲ့ အဆိပ်အတောက်ဖယ်ရှားနိုင်တဲ့ နာမည်ကြီး ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ပါဝင်ပါတယ်။ ကညွတ်ဟာ အမျှင်ဓါတ် ၊ ဖောလိတ် ၊ သံဓါတ် ၊ ဗိုက်တာမင်အေ ၊ စီ ၊ အီးနဲ့ကေတို့ ကြွယ်ဝလို့ သွေးဖိအားကျန်းမာရေးလည်း ကောင်းမွန်စေသလို ကျောက်ကပ်နဲ့ သရက်ရွက်သန့်ရှင်းရေးကို အားပေးနိုင်ပါတယ်။

(၂) ပန်းဂေါ်ဖီစိမ်း

Broccoli

Photo: Unsplash

ပန်းဂေါ်ဖီစိမ်းမှာ Sulforaphane လို့ခေါ်တဲ့ ကိုယ်တွင်းထဲက ကူးစက်နိုင်တဲ့ ဆဲလ်တွေကို တိုက်ထုတ်နိုင်စွမ်းရှိပါတယ်။ နေ့စဉ် ပန်းဂေါ်ဖီစိမ်းစားပေးခြင်းအားဖြင့် ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတွေ ရှင်းထုတ်နိုင်ပြီး အသဲကနေ မကောင်းတဲ့အဆိပ်အတောက်တွေ ဖယ်ရှားရေးကို အားပေးနိုင်ပါတယ်။

(၃) ဂရိတ်ဖရု

Grapefruit

Photo: Unsplash

ဂရိတ်ဖရုအသီးမှာ ဗိုက်တာမင်အေ ၊ စီ နဲ့ B1 အပြင် Pantothenic Acid ၊ အမျှင်ဓါတ် ၊ ပိုတက်ဆီယမ်နဲ့ ဘိုင်အိုတင်းတို့ ကြွယ်ဝပါတယ်။ ဂရိတ်ဖရုမှာ ပါတဲ့ အင်ဇိုင်းက ကိုယ်တွင်းထဲက အဆီတွေ ဖြိုခွဲပေးလို့ ကိုယ်အလေးချိန်လျှော့ချရေးမှာလည်း အသုံးဝင်ပါတယ်။

(၄) ထောပတ်သီး

Avocado

Photo: Unsplash

ထောပတ်သီးဟာ ကိုယ်တွင်းက အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေ ဖယ်ရှားရေးမှာ အလွန်အရေးပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့ အသီးဖြစ်ပါတယ်။ အာဟာရဓါတ် ပေါများတဲ့ အသီးတစ်မျိုးဖြစ်တဲ့ ထောပတ်သီးမှာ ဗိုက်တာမင် နဲ့ သတ္ထုဓါတ် ၂၀ မျိုးပါဝင်ပြီး အဝတ်လွန်မှု ၊ ဆီးချိုသွေးချိုနဲ့ နှလုံးရောဂါတွေ မဖြစ်အောင် လျှော့ချပေးနိုင်စွမ်းရှိပါတယ်။

(၅) ကိုက်လန်

Kale

Photo: HealthLine

ကိုက်လန်ရွက်တွေက ကိုလက်စထရောကျစေလို့ နာမည်ကြီးပါတယ်။ ကိုက်လန်မှာ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓါတ် ကြွယ်ဝစွာ ပါရှိတာကြောင့် သွေးဖိအားလည်း ဟန်ချက်မျှ ကျန်းမာစေနိုင်ပါတယ်။

Featured Photo: HealthLine