စကားလုံးတွေဟာ သိပ်ကို စွမ်းအားကြီးပါတယ်။ စကားတွေက လုံခြုံနွေးထွေးမှု ၊ ပျော်ရွှင်မှုတွေ ပေးနိုင်သလို စကားလုံးတွေကပဲ နာကျင်မှု ၊ ဒဏ်ရာဒဏ်ချက်တွေကို ဖြစ်တည်စေတက်ပါတယ်။ ” ကြမ်းကျွံရင် နုတ်လို့ရပေမယ့် စကားကျွံရင် နုတ်လို့မရဘူး” ဆိုတဲ့ ဆိုရိုးစကားလည်း ရှိတယ်မဟုတ်လား။ ဒီတစ်ခေါက်မှာတော့ သမီးရည်းစား Relationship ဆက်ဆံရေး တစ်ခုမှာ ထိန်းသိမ်းသင့်တဲ့ စကားလုံးတွေ တစ်နည်းအား ဖြင့် မပြောသင့်တဲ့ စကားတွေကို ပြောပြပေးချင်ပါတယ်။

(၁) “မင်းက အရင်လူလောက် မကောင်းဘူး”

Couple

Photo : LADbible

ဒီ စကားလုံး က သိပ်ကို နာကျင်စရာ ကောင်းပါတယ်။ ကိုယ့်ကို တခြားသူနဲ့ နှိုင်းယှဉ်ပြောဆိုတာကို ဘယ်သူမှ မနှစ်သက်နိုင်ပါဘူး။ ပိုဆိုးတာက အဆက်ဟောင်းနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုခံရတာကိုပါ။ ” အရင်လူက မင်းထက်ပို နားလည်ပေးနိုင်တယ် ” ၊ ” မင်းထက်ပိုကောင်းတယ် ” စသည်ဖြင့် နှိုင်းယှဉ်ပြောဆို မိနေရင်တော့ အနှေးနဲ့အမြန် သင်တို့ ဆက်ဆံရေးဟာ အဆုံးသတ်ရပါလိမ့်မယ်။

(၂) “ဒီဆက်ဆံရေးက အမှားကြီး တစ်ခုပဲ”

Couple

Photo : Herston on Tennessee Family Law

Relationship တိုင်း သဘောထား ကွဲလွဲတာ ၊ နားလည်မှု လွဲမှားတာတွေ ဖြစ်နိုင်ပါတယ်။ အချိန်တိုင်း ပျော်ရွှင်နေရတဲ့ ဆက်ဆံရေးဆိုတာ မရှိပါဘူး။ ပြဿနာတွေ ဖြစ်တဲ့အခါတိုင်းမှာ အကောင်းဆုံး ညှိယူပြီး နှစ်ဦးလုံးအတွက် သင့်လျော်တဲ့ အဖြေတစ်ခုကို ထုတ်ရမှာပါ။ သို့သော် ရန်ဖြစ်တဲ့ အချိန်တိုင်းမှာ ” ဒီဆက်ဆံရေးက အမှားကြီး တစ်ခုပဲ” ၊ ” ငါတို့ တွေ့ဆုံမှုက အမှားပဲ ” ဆိုတဲ့ စကားတွေကို ပြောမယ်ဆိုရင် ပြဿနာဟာ ပိုမိုကြီးထွားပြီး တစ်ယောက်နဲ့တစ်ယောက် အဝေးကို တွန်းပို့နေသလို ဖြစ်နေပါလိမ့်မယ်။ ပြဿနာကို ဖြေရှင်းရမယ့်အစား ဆက်ဆံရေး တစ်ခုလုံးကို အမှားတစ်ခုလို့ သတ်မှတ်ပြောဆိုတာဟာ သင်တို့ရဲ့ ဆက်ဆံရေးကို ပိုမိုပျက်စီးလာစေတာက လွဲရင် ကောင်းကျိုးမရှိနိုင်ပါဘူး။

(၃) “မင်းရဲ့အမှားကြောင့်ပဲ”

Couple

Photo : UNILAD

သင့်ချစ်သူကို အပြစ်ပုံချခြင်းဟာ ကောင်းမွန်တဲ့ အပြုအမူတစ်ခု မဟုတ်ပါဘူး။ လူတိုင်းက အမှားနဲ့ မကင်းနိုင်ပေမယ့် ပြဿနာဖြစ်လာတိုင်း ကိုယ့်ကိုပဲ အပြစ်တင်မယ် ၊ ကိုယ့်အပြစ်လို့ပဲ ဦးတည်ခံနေရမယ်ဆိုရင် နှစ်ဦးသားရဲ့ ဆက်ဆံရေး ကို တင်းမာလာစေမှာ ဖြစ်ပြီး သင်တို့နှစ်ဦးကြားမှာ အဆင်မပြေမှုတွေ ပိုများလာနိုင်ပါတယ်။

(၄) “မင်းက ပိုကိုပိုလွန်းတယ်”

Couple
Photo : Neurofeedback & Counseling Center

တစ်ဖက်လူရဲ့ ခံစားချက် ၊ စိတ်အခြေအနေတွေကို သေချာမသိပါပဲ ကိုယ့်စိတ်တိုင်းကျ သတ်မှတ်တာဟာ အမှားတစ်ခု ကျူးလွန်ရာရောက်ပါတယ်။ လူတစ်ယောက်ရဲ့ ရင်ဘတ် အတွင်းပိုင်းအထိကို ဝင်ရောက်မခံစားပဲ အဲ့ဒီလူရဲ့ ခံစားချက်တွေကို ပိုလွန်းတယ်လို့ သတ်မှတ်လို့ မရပါဘူး။ ဒါကြောင့် ချစ်သူရည်းစား ဆက်ဆံရေး တစ်ခုမှာ တစ်ယောက်ရင်ထဲက စကားတွေကို တစ်ယောက်က သေချာဂရုတစိုက် နားထောင်ပေးဖို့ ၊ နားလည်နိုင်အောင် ကြိုးစားဖို့က သိပ်ကို အရေးကြီးတာပါ။

Source : Stylecraze

Featured Photo : UNILAD