သရက်သီးလှိုင်လှိုင်ပေါတဲ့ သရက်သီးရာသီလေးမှာ စူးရှချိုမြိန်မှုကို တစ်ပြိုင်နက်တည်း ခံစားရစေမယ့် သရက်သီး Mojito ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
သရက်သီး Mojito ပြုလုပ်နည်းလေးက လွယ်ကူပြီး ပါဝင်ပစ္စည်းများကလည်း အလွယ်တကူရှာဝယ်နိုင်တဲ့အတွက်ကြောင့် ခင်မင်ရင်းနှီးတဲ့ ဘော်ဒါအချို့နဲ့ အိမ်တွင်းပါတီလေး ကျင်းပချင်တဲ့အချိန်မှာ အလွယ်တကူပဲ ဖျော်စပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ …
- သံပုရာသီး ၂ လုံး (အနေတော်အရွယ်အစားခန့် ခြမ်းထားပါ)
- ပျားရည် စားပွဲတင်ဇွန်း တစ်ဝက်
- ပင်စိမ်းရွက် ၅ ရွက်၊ ၆ ရွက်ခန့်
- ရမ်အပျော့စား စားပွဲတင်ဇွန်း ၃ ဇွန်း
- သရက်သီးဖျော်ရည် စားပွဲတင်ဇွန်း ၃ ဇွန်း

- Club Soda စားပွဲတင်ဇွန်း ၈ ဇွန်း
- အလှဆင်ဖို့ရန်အတွက် အဝိုင်းပုံသဏ္ဍာန် လှီးဖြတ်ထားတဲ့ သံပုရာသီးခြမ်းတစ်ခြမ်း၊ ပင်စိမ်းရွက်အနည်းငယ်နှင့် သရက်သီးစိပ် တစ်စိပ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဖန်ခွက်အရှည်တစ်လုံးထဲသို့ သံပုရာသီးစိပ်များကို ညှစ်ထည့်ထားပါ။

၂။ ထို့နောက် ပျားရည်ထည့်ကာ ပင်စိမ်းရွက်များ ထည့်လိုက်ပါ။ ထို့နောက် ပင်စိမ်းရွက်များကို အနည်းငယ် ချေပေးလိုက်ရပါမယ်။

၃။ ထို့နောက် ရမ်အပျော့စား စားပွဲတင်ဇါန်း ၃ ဇွန်းနှင့် သရက်သီးဖျော်ရည် စားပွဲတင်ဇွန်း ၃ ဇွန်းတို့ပေါင်းထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၄။ ထို့နောက် ရေခဲတုံးများ ထည့်လိုက်ပါ။ Club Soda များ အပေါ်ကနေ ထပ်မံလောင်းထည့်ပေးလိုက်ပါ။
၅။ ဖန်ခွက်ကို သံပုရာသီး၊ ပင်စိမ်းရွက်နှင့် သရက်သီးစိပ်တို့ဖြင့် အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ကွီးတို့အားလုံး အကြိုက်တွေ့သွားစေမယ့် စူးရှချိုမြိန်မှုကို တစ်ပြိုင်နက်တည်း ခံစားရစေမယ့် သရက်သီး Mojito တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။
ပြုလုပ်နည်းကလည်း လွယ်ကူပြီး ပြုလုပ်ချိန်ကလည်း အချိန်အများကြီးမယူတာကြောင့် အချိန်တိုအတွင်းမှာပဲ စွဲမက်ဖွယ်ကောင်းတဲ့ Mango Mojito လေးကို ဖျော်စပ်သောက်သုံးနိုင်ပါတယ်။ ကွီးတို့လည်း အိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ဖျော်စပ်ပြီးသွားတဲ့အခါ ကောင်းလွန်းလို့ ဆွေမျိုးတောင် မေ့သွားပါလိမ့်မယ်။
Source: Thespruceeats
Featured Image: Realfood
