ချစ်သူ စု့တွဲနှစ်ဦး၊ အိမ်ထောင်ဖက်နှစ်ဦး ဖဲမွေ့ရာထက်မှာ ချစ်တင်းနှောကြတာကတော့ ထူးဆန်းတဲ့အရာမဟုတ်ပါဘူး။ ဒီလိုမျိုး ချစ်တင်းနှောတဲ့အခါမှာလည်း သိုင်းကွက်မျိုးစုံကို ထုတ်သုံးပြီး တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုတွေမှာ ပျော်မွေ့အောင် လုပ်ယူကြတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ သိုင်းကွက်တစ်မျိုးတည်းကိုပဲ ကျင့်သုံးနေမယ်ဆိုရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ အခုဖော်ပြပေးမယ့် အချက်များကတော့ သိုင်းကွက် သစ် တွေကို ထုတ်သုံးဖို့ အချိန်တန်နေပြီဖြစ်ကြောင်း ဖော်ပြနေတဲ့ လက္ခဏာများပဲဖြစ်ပါတယ်။
(၁) ရင်ခုန်စိတ်လှုပ်ရှားဖို့ မကောင်းတော့တဲ့အခါ
ချစ်စ ခင်စ ကြင်နာစတုန်းကတော့ စိတ်ကြည်နူးစရာပါပဲ။ သိုင်းကွက်တွေဆိုတာကလည်း အခုမှ ထုတ်သုံးတာဆိုတော့ နှစ်ဦးသားစလုံး ရင်ဖိုနေမှာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီသိုင်းကွက်ချည်းပဲ ထပ်ဖန်တလဲလဲ ပြုလုပ်နေမယ်ဆိုရင်တော့ ရင်ခုန် စိတ်လှုပ်ရှားစရာ မကောင်းတော့တာ အမှန်ပါပဲ။ တကယ်လို့ ကွီးတို့ နှစ်ယောက်စလုံးက ချစ်တင်းနှောတဲ့အရာကို ရင်ခုန်စိတ်လှုပ်ရှားဖို့ မကောင်းတော့တဲ့အရာတစ်ခုလို မြင်နေမယ်ဆိုရင်တော့ သေချာပါတယ်။ သိုင်းကွက် အသစ်တွေ ထုတ်သုံးဖို့ အချိန်တန်နေပြီဖြစ်ကြောင်း ဖော်ပြနေတာပဲဖြစ်ပါတယ်။
(၂) ကွီးတို့ ပါတနာက စိတ်မပါသလို အေးတိအေးစက် လုပ်နေတဲ့အခါ
တစ်ခါ တစ်ခါ ဇာတ်လမ်းစဖို့ကို ကွီးတို့ ပါတနာက စိတ်ပါသလိုလို မပါသလိုလို အေးတိအေးစက် လုပ်နေပါသလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ သိုင်းကွက်တွေကို ပြန်လည် သုံးသပ်ဖို့ လိုအပ်နေပါပြီ။ တစ်ခါလာလည်း ဒီသိုင်းကွက် နောက်တစ်ခါလာလည်း ဒီသိုင်းကွက်ချည်းပဲဆိုရင်တော့ မဟန်ပါဘူး။
(၃) တစ်ခါတစ်ခါ ချစ်တင်းနှောဖို့ကို မနည်း ပြောယူနေရတဲ့အခါ
ကွီးတို့က ချစ်တင်းနှောဖို့ တက်ကြွနေသလောက် ကွီးတို့ရဲ့ ရှော်တီလေးကို စိတ်ပါလာအောင် မရမက ဆွဲဆောင်နေရပါသလား။ ကိုယ်က အစွမ်းကုန် ကြိုးစားနေပေမယ့် သူ(မ)ဘက်က အတင်းတွေ ငြင်းဆန်နေမယ်ဆိုရင်လည်း ဒါသည် သိုင်းကွက်အဟောင်းတွေကို ငြီးငွေ့နေပြီဖြစ်အောင် ဖော်ပြနေတာပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ တစ်ခါလာလည်း မွဲပြာပုဆိုး၊ နောက်တစ်ခါလာလည်း မွဲပြာပုဆိုးဆိုရင်တော့ ထိုအရာက ငြီးငွေ့ဖွယ်ရာ ကောင်းသွားမှာ အသေအချာပါပဲ။
ဒီအချက်တွေကို မြင်နေရပြီဆိုရင်တော့ ကွီးတို့က သိုင်းကွက် သစ် တွေကို ထုတ်သုံးဖို့ အချိန်တန်နေပြီဆိုတာကို ဖော်ပြနေတာပဲဖြစ်ပါတယ်။
သိုင်းကွက် သစ် တွေကို ဘယ်လိုနည်းနဲ့ လေ့လာနိုင်သလဲ
အသစ် အသစ်သော သိုင်းကွက်သစ်တွေကို ထုတ်သုံးတာကတော့ ဟုတ်ပါပြီ။ ဘယ်လိုနည်းလမ်းတွေနဲ့ ဆရာကျအောင် လေ့လာနိုင်မလဲ။
အဲ့ဒါကတော့ ဒီနေ့လို အင်တာနက် ခေတ်ကြီးထဲမှာ အလွယ်လေးပါပဲ။ ကွီးတို့အနေနဲ့ ၁၈ ယောက် စုကြည့်ရတဲ့ လူကြီး ဇာတ်ကားတွေထဲကနေ လေ့လာနိုင်သလို အင်တာနက်က ရုပ်ပြပုံတွေကနေတဆင့်လည်း လေ့လာနိုင်ပါတယ်။ ဘယ်လို သိုင်းကွက်က ကွီးတို့စုံတွဲအတွက် အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို သေချာလေ့လာရင်း လက်တွေ့မှာ ပြန်လည် အသုံးချနိုင်ပါတယ်။
ကွီးတို့ရော သိုင်းကွက်သစ်တွေ ထုတ်သုံးဖို့ ရယ်ဒီဖြစ်ပြီလား။
Source: Hotholyhumorous
Featured Image: Freepik