ကွီးတို့ရဲ့ ငယ်ဘဝ၊ ဆယ်ကျော်သက် လူငယ်ဘဝကို ပြန်ပြောင်းစဥ်းစားကြည့်လိုက်ပါ။ ထိုအချိန်တုန်းက Sex Education နဲ့ ပတ်သက်ပြီး ဘယ်လို လေ့လာခဲ့ပါသလဲ။ ငယ်ငယ်က တစ်ခါမှ မသင်ခဲ့ဖူးဘူး၊ အတွေ့အကြုံကနေပဲ လေ့လာတာဆိုရင်တော့ ကွီးတို့က သိုင်းလောက မှာ ကျင်လည်နေတဲ့ ဘုရင် တစ်ဆူလို့တောင် တင်စားခေါ်ဝေါ်လို့ ရနေပါပြီ။
ယနေ့ခေတ်မှာတော့ အရာရာဟာ ပွင့်လင်းမြင်သာနေတာဆိုတော့ Sex Education သည် လူတိုင်း သိထားသင့်တဲ့အရာဖြစ်တယ်ဆိုတာကို လက်ခံလာကြပါပြီ။ ဒါ့အပြင် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ မဖြစ်အောင် Safe Sex ဖြစ်အောင် ဘယ်လိုကျင့်သုံးရမလဲဆိုတာကိုလည်း သိရှိလာကြပြီဖြစ်ပါတယ်။
ဘယ်လောက်ပဲ သိထားတယ်ပြောပြော မသိသေးတဲ့အရာတချို့လည်း ရှိပါသေးတယ်။ ကွီးတို့လည်း ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ နှစ်ပါးသွားကတဲ့အခါ နှစ်ယောက်စလုံး ကျေနပ်မှု အပြည့်အဝ ရရှိဖို့အတွက် ဒီအချက်များကိုလည်း သိထားသင့်ပါတယ်။
ပြီးမြောက်ခြင်းသည် နှစ်ဦး နှစ်ဖက်စလုံးအတွက် အရေးပါပါတယ်
ကိုယ့်ပါတနာက ကိုယ့်ကို တမ်းတမ်းစွဲ ဖြစ်လာစေမယ့် လျှို့ဝှက်ချက်ကို သိပါသလား။ ထိုလျှို့ဝှက်ချက်ကတော့ သူ(မ)ကို ဦးစားပေးခြင်းပဲဖြစ်ပါတယ်။ အမျိုးသားများအနေနဲ့ ကိုယ့်ရဲ့ မြွေကြီးကို ဂူထဲ ထိုးသွင်းပြီး Sperm ထွက်လာတဲ့အခါ သူ့အတွက် ပြီးမြောက်ခြင်းလို့ ယူဆနိုင်ပါတယ်။ ဒါဆို ကိုယ့်ပါတနာရဲ့ ပြီးမြောက်ခြင်းဆိုတာကရော ဘယ်လိုမျိုးလဲ။ ကိုယ်က ပြီးသွားတာနဲ့ပဲ သူ့ဘက်ကရော အလိုလို ပြီးမြောက်သွားတာလား။
တချို့အတွဲတွေဆိုရင် မိန်းကလေးဘက်က ကောင်းနေတုန်း ရှိသေးတယ်၊ ယောကျာ်းလေးဘက်က ပြီးသွားတဲ့အခါ တစ်ဖက်က အောင့်သက်သက်နဲ့ ကျန်ခဲ့ရတာတွေရှိပါတယ်။ ထိုကဲ့သို့ ကြိမ်ဖန်များစွာ ဖြစ်လာပါက တစ်ဖက်က နှစ်ပါးသွား ကဖို့ကို ဘယ်လိုမှ စိတ်မပါတော့မှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် ကိစ္စပြီးမြောက်ဖို့အတွက်သည် နှစ်ဦးနှစ်ဖက်စလုံးအတွက် အရေးပါပါတယ်။ ဒါမှသာလျှင် ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေး သုခကို ခံစားရမှာပဲဖြစ်ပါတယ်။
ကိုယ့် လက်တွဲဖော်က ဘယ်အမျိုးအစားထဲ ပါလဲ သိထားသင့်ပါတယ်
အမျိုးသမီးများကို C Type နဲ့ V Type ဆိုပြီး နှစ်မျိုး ခွဲခြားထားပါတယ်။ C Type ဆိုတာကတော့ Clitoris ကို လှုံ့ဆော်ပေးမှသာလျှင် သူတို့အတွက် ပြီးမြောက်မှုရှိတာဖြစ်ပြီး V Type ဆိုတာကတော့ ကွီးတို့ ညီလေးကို ဂူထဲ အောင်းခိုင်းပြီးတော့ Performance ကောင်းကောင်း လုပ်ဆောင်မှသာလျှင် သူတို့အတွက် ပြီးမြောက်ကြတာပါ။ C Type သမားကို ကွီးတို့ ညီလေးနဲ့ ဘယ်လောက်ပဲ အကောင်းဆုံး Performance တွေနဲ့ ပြုစုနေပါစေ Clitoris ကို သွားမထိသရွေ့ကတော့ သူတို့ စိတ်ကျေနပ်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ရဲ့ လက်တွဲဖော်က ဘယ်အမျိုးအစားထဲမှာ ပါသလဲဆိုတာ သိရှအောင် လေ့လာသင့်ပါတယ်။ အများအားဖြင့် အမျိုးသမီး ၇၀ ရာခိုင်နှုန်းကျော်ခန့်သာ C Type သမားတွေ ဖြစ်ကြတယ်လို့လည်း လေ့လာချက်များအရ သိရှိရပါတယ်။ ကွီးတို့က သိုင်းလောက ဘုရင် တစ်ပါးလို့ ခံယူထားပြီး ဒီအချက်ကို မသိဘူးဆိုရင်တော့ ရှော်တီလေးရဲ့ ငြိုငြင်တာကို ခံရပါလိမ့်မယ်။
စိတ်ပါ လာဖို့အတွက် အချိန်ယူရပါတယ်
နှစ်ပါးသွားကတယ်ဆိုတာ နှစ်ဦးနှစ်ဖက်စလုံးက စိတ်ပါမှ က တာ အကောင်းဆုံးပါပဲ။ တစ်ဖက်က စိတ်မပါဘဲ အတင်းအကြပ် လုပ်ယူမယ်ဆိုရင် အတင်းအကြပ် လုပ်ယူနေရသူကလည်း ဖီးလ်အောက်မှာဖြစ်ပြီး တစ်ဖက်ကလည်း စိတ်မပါတဲ့အတွက်ကြောင့် နှစ်ဦးနှစ်ဖက်စလုံး ကောင်းမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် စိတ်ပါလာအောင် ဆွဲဆောင်ပြီး နှစ်ယောက်စလုံး စိတ်ပါလက်ပါနဲ့ ကခုန်တာ အကောင်းဆုံးပါပဲ။ စိတ်ပါ လာဖို့အတွက်လည်း အချိန်တစ်ခု ပေးဖို့ လိုအပ်ပါတယ်။ သူ့ဖက်က စိတ်ပါလာအောင် ဆွဲဆောင်တတ်ခြင်းသည်လည်း သိုင်းလောက ဘုရင် တွေသာ တတ်ထားတဲ့ ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့အချက်တွေထဲက ဘယ်နှချက်လောက်ကို သိပြီးပါပြီလဲ။
Source: Riversandroadspsychotherapyllc
Featured Image: Freepik