အောင်မြင်မှု ဆိုတာ ရည်မှန်းချက်ရှိတဲ့သူတွေအတွက်တော့ ကြားလိုက်တာနဲ့တင် စိတ်လှုပ်ရှားစရာကောင်းတဲ့ စကားတစ်ခွန်းပါ။ ဒါပေမယ့် လူတော်တော်များများက အောင်မြင်ချင်ကြပေမယ့် လူနည်းစုပဲ သူတိုရဲ့ အောင်မြင်မှုခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါတယ်။ ဒါက ရည်မှန်းချက်ပန်းတိုင်ကို သွားတဲ့လမ်းတစ်လျှောက်မှာ မှားယွင်းစွာ လုပ်ဆောင်မိနေတဲ့ လုပ်ဆောင်ချက်တချိုကြောင့်ပါ။ အခုပြောပြပေးမှာက အောင်မြင်မှုပန်းတိုင်ကိုအရောက်သွားချင်တဲ့ ကွီးတို့ ရှောင်ကြဉ်ရမယ့် သုတေသီတွေပြောတဲ့ အောင်မြင်ခြင်းကို သွေဖယ်စေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

(၁) အချိန်ဆွဲတာ


Photo : Wrike

ကွီးတို့ကို အောင်မြင်မှုကဝေးကွာစေတဲ့ အကျင့်တစ်ခုကတော့ အချိန်ဆွဲတတ်တဲ့အကျင့်ပါ။ တစ်ခုခုလုပ်ဖို့ကို အချိန်ဆွဲတာက အချိန်ကုန်ရုံသာမက ကွီးတို့ရဲ့ ကျန်းမာရေး၊ ဘဝနဲ့ အောင်မြင်မှုတွေကိုပါ ထိခိုက်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ နောက်မှလုပ်ပါတော့မယ်၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေ နောက်မှ စားပါတော့မယ်။ အင်္ဂလိပ်စာလေ့လာဖို့ နောက်မှလုပ်ပါတော့မယ် စသဖြင့် အချိန်ဆွဲတဲ့အခါ အကျင့်တစ်ခုလိုဖြစ်လာပြီး ဘာပဲလုပ်လုပ်အချိန်ဆွဲနိုင်သလောက်ကို ဆွဲတော့မှာပါ။ ဒါက ကွီးတို့လိုချင်တဲ့ အောင်မြင်မှုရဖို့ကို နှောင့်နှေးစေပါတယ်။

(၂) ကျရှုံးမှာကြောက်တာ

Photo : Zak Kann

ရှုံးနိမ့်မှုကို ကြောက်ရင် အောင်မြင်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ပြောလို့ရပါတယ်။ တကယ်က ရှုံးနိမ့်တယ်ဆိုတာ အတားအဆီးမဟုတ်တဲ့အပြင် အောင်မြင်မှုဆီကို ခြေတစ်လှမ်းတိုးလိုက်တာပါပဲ။ ကျရှုံးလေ ကိုယ်သာ ကျရှုံးမှုတွေကို အရှုံးမပေးရင် အောင်မြင်ဖို့ အခွင့်အလမ်းပိုများလေပါပဲ။ မအောင်မြင်တဲ့လူတွေဆိုတာ ရှုံးနိမ့်တာကိုပဲ အာရုံစိုက်ပြီး ထပ်ကြိုးစားဖို့လက်လျှော့ခဲ့ကြလို့ပါ။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ အောင်မြင်ချင်ရင် ကျရှုံးမှာကြောက်တဲ့စိတ်တွေကို စွန့်လွှတ်ဖို့ လိုပါတယ်။

(၃) သင်ယူလေ့လာဖို့ ငြင်းဆန်တာ

Photo : Medium

ကမ္ဘာကြီးက စဉ်ဆက်မပြတ်ပြောင်းလဲနေတဲ့အတွက် အသစ်အသစ်တွေကို လေ့လာသင်ယူဖို့ ကွီးတို ငြင်းဆန်နေရင်တော့ နောက်ကျကျန်ခဲ့မှာပါ။ “Knowledge is Power” ဆိုတဲ့အတိုင်း သင်ယူလေ့လာတယ်ဆိုတာ ကျောင်းမှာပဲမဟုတ်ပါဘူး ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အမြဲမပြတ်လေ့လာသင်ယူနေဖို့ လိုအပ်ပါတယ်။ အောင်မြင်သူတွေဆီမှာ အမြဲသင်ယူတတ်တဲ့ အလေ့အကျင့်ရှိပါတယ်။ ကိုယ်က ကော်ဖီဆိုင်ဖွင့်ချင်ပေမယ့် ကော်ဖီအကြောင်းဘာမှမသိဘူးဆိုရင်တော့ ကွီးတို့ ဘယ်လောက်ပဲဇွဲရှိရှိနဲ့ ကြိုးစားပါစေ ဖြစ်လာမှာ မဟုတ်ပါဘူး။

(၄) Plan မရှိတာ

Photo : APM

အောင်မြင်ချင်တဲ့လူတိုင်းက ကိုယ့်အတွက်ကိုယ် Plan ချထားဖို့ လိုအပ်ပါတယ်။ တကယ်လို့အောင်မြင်ဖို့အတွက်သာ အစီအစဉ်တွေလုပ်မထားဘူးဆိုရင် ကျရှုံးဖို့က အလိုလိုဖြစ်လာမှာပါ။ နေ့တိုင်း ကွီးတို့ အိပ်ရာထတဲ့အခါ တစ်နေ့တာအတွက် ကိုယ်လုပ်ရမယ့်အစီအစဉ်တွေကို ကြိုရေးထားပြီး ပြီးအောင်လုပ်ဖို့ လိုပါတယ်။ အောင်မြင်တဲ့သူတွေဟာ သူတိုရဲ့ဘဝကို အစီအစဉ်တွေဆွဲပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့သူတွေပါပဲ။ ဒါ့ကြောင့် ဘဝမှာ အောင်မြင်မှုရဖို့အတွက်ဆိုရင်တော့ Plan ရှိဖို့နဲ့ လက်တွေ့လုပ်ဆောင်ဖို့က မရှိမဖြစ်လိုအပ်ပါတယ်။

Featured Photo : Payscale