ဒီတစ်ပတ် ပိတ်ရက်လေးမှာ ဘော်ဒါတွေဆုံပြီး ဂိမ်းဆော့ရင်း အပန်းဖြေချင်တဲ့ ကွီးတို့ရှိလား။ ကွီးတို့ သူငယ်ချင်းတွေ အတူတူဆုံပြီး ဂိမ်းဆော့ဖို့အတွက် PC တွေ တခြားဟာတွေ မလိုပါဘူး။ ဖုန်းနဲ့ပဲကစားလို့ရတဲ့ အလန်းစား မိုဘိုင်းလ်ဂိမ်းလေးတွေ ရှိပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ကွီးတို့ သူငယ်ချင်းတွေနဲ့ အတူကစားနိုင်တဲ့ မိုဘိုင်းလ်ဂိမ်း တွေကို ဝေမျှပေးချင်ပါတယ်။

(၁) Crash Bandicoot On The Run

Source : IGN

ပထမဆုံးဖော်ပြချင်တဲ့ ကွီးတို့ သူငယ်ချင်းတွေနဲ့ အတူကစားလို့ရတဲ့ မိုဘိုင်းလ်ဂိမ်း Crash Bandicoot On The Run ကတော့ ဖြစ်ပါတယ်။ ဒီဂိမ်းဟာ အဆုံးမရှိ အပြေးဂိမ်းတစ်ခုဖြစ်ပြီး ပိုမိုဆန်းသစ်သော အတားအစီးတွေ၊ အခက်အခဲတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်ကောင်တွေနဲ့ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒီ ဂိမ်းကို iOS ရော Android မှာပါ ကစားလို့ရတော့ ကွီးတို့အတွက် ပိုအဆင်ပြေစေတာပေါ့။

(၂) Minecraft: Pocket Edition

Source : Minecraft

Minecraft က အသက်အရွယ်မရွေး ကစားလို့ရပြီး ရေပန်းအစားဆုံး ဗီဒီယို ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။ အခု ဖုန်းနဲ့ကစားလို့ရတဲ့ Pocket Edition ကလည်း မူရင်း PC Version နဲ့တူညီပါတယ်။ ကွီးတို့ သူငယ်ချင်းအားလုံး ကွန်ယက်တစ်ခုတည်း ချိတ်ဆက်ထားပြီး အတူတကွကစားနိုင်ပါတယ်။ ဒီဂိမ်းဟာလည်း  iOS ရော Android မှာပါ ကစားလို့ရပါတယ်။

(၃) Among Us

Source : Innersloth

ကွီးတို့ “Among Us” ဗီဒီယိုလေးတွေကို ကြည့်ဖူးကြမှာပါ။ ဒီ မိုဘိုင်းလ်ဂိမ်းလေးဟာ ပျော်စရာကောင်းတဲ့ ဂိမ်းလေးတစ်ခုဖြစ်တဲ့အပြင် ကစားသမား ၄ ဦးကနေ ၁၀ ဦးအထိ ကစားလို့ရပါတယ်။ ဒီဂိမ်းလေးကလည်း iOS ရော Android မှာပါ ကစားလို့ရတဲ့ ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။

(၄) Mario Kart Tour

Source : TapGameplay

Mario Kart Tour ကလည်း သူငယ်ချင်းတွေနဲ့ အတူတကွ ကစားရန် အကောင်းဆုံး မိုဘိုင်းလ်ဂိမ်း များထဲမှ တစ်ခုဖြစ်ပါတယ်။ ကစားသမား ၇ ယောက်အထိ ကစားလို့ရပြီး iOS နဲ့ Android မှာပါ အခမဲ့ ရယူနိုင်ပါတယ်။

(၅) Genshin Impact

Source : IGN

ကွီးတို့ သူငယ်ချင်းတွေနဲ့ အတူကစားနိုင်တဲ့ မိုဘိုင်းလ်ဂိမ်း လေးတစ်ခုကတော့ Genshin Impact ပဲ ဖြစ်ပါတယ်။   Genshin Impact က ၂၀၂၀ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ အက်ရှင် ဂိမ်းအမျိုးအစား ဂိမ်းတစ်ခု ဖြစ်ပြီး Free to Play ကစားလို့ ရပါတယ်။ ဒီဂိမ်းကို ကွီးတို့ တစ်ယောက်တည်းလည်း ကစားလို့ရသလို ၊ အများဆုံးကစားသမား ၄ ယောက်ထိ ကစားလို့ရပါတယ်။

သူငယ်ချင်းတွေနဲ့ မိုဘိုင်းလ်ဂိမ်း

Photo : ActivePlayer.io

အားလပ်ရက် သူငယ်ချင်းတွေနဲ့ တွေ့ဆုံပြီး မိုဘိုင်းလ်ဂိမ်း လေးတွေ ကစားရင်း ခင်မင်ရင်းနှီးမှုတွေ တိုးစေတဲ့ အချိန်ကောင်းလေး ပိုင်ဆိုင်လိုက်ပါ။

Source : Amaysim

Featured Photo : Thestar