ကွီးတို့ နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုတွေ ၊ သောကတွေ ကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ် နေရပြီလား ? စိတ်ဖိစီးမှုတွေဟာ ကွီးတို့ ဘဝပျော်ရွှင်မှုကို ဟန့်တားနေတဲ့ အကြီးမားဆုံး အနှောက်အယှက် အတားအဆီး တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ စိတ်ဖိစီးမှုတွေကို အနိုင်ယူပြီး စိတ်ကိုပြန်လည် အေးချမ်းတည်ငြိမ်အောင် ထိန်းချုပ်ကိုင်တွယ်နိုင်မယ့် နည်းလမ်းကောင်း အချို့ကို မျှဝေပေးချင်ပါတယ်။

(၁) အတွေးတွေကို ကန့်သတ်ပါ

Man Meditating

Photo : Men’s Health

စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ပင်မအရင်းခံက ကွီးတို့ အတွေးတွေပါပဲ။ အတွေးတွေကနေတဆင့် စိုးရိမ်ပူပန်မှုတွေ ၊ သောကတွေ ကို ဖြစ်ပေါ်စေတာပါ။ ကွီးတို့တွေးနေတဲ့ အတွေးတွေကို ခြေရာခံပြီး အတွေးတွေ နယ်မလွန်အောင် ကန့်သတ်ထိန်းချုပ် သင့်ပါတယ်။ အဆိုးဘက်ကို ဦးတည်နေတဲ့ အတွေးတွေကို တက်နိုင်သမျှ ထိန်းချုပ်ပြီး အကောင်းဘက်ကနေ ရှုမြင်ပေးပါ။

(၂) ရယ်မောပါ

Man Laughing

Photo : UnityPoint Health

ရယ်မောခြင်းက ခန္ဓာကိုယ်အတွင်း အပြုသဘောဆောင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ရယ်မောခြင်းဟာ စိတ်ရဲ့ အဆိုးမြင်အတွေးတွေ ၊ စိတ်ဖိစီးမှုနဲ့ သောကတွေကို အကောင်းဆုံး လျော့ပါးသက်သာစေပြီး စိတ်ကိုအေးမြကြည်လင်မှု ရအောင် ဖန်တီးပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာဝန်ကို ပေါ့ပါးစေပြီး စိတ်သက်တောင့်သက်သာ ဖြစ်စေဖို့ တစ်နေ့တာမှာ များများ ရယ်မောဖို့ အကြံပေးချင်ပါတယ်။

(၃) ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အကျင့်တွေကို ရှောင်ကြဉ်ပါ

 Healthy Eating

Photo : whatYOUeat.ca

အချို့က ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အကျင့်တွေနဲ့ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဥပမာအားဖြင့် စိတ်ဖိစီးမှုများနေတယ် ၊ သောကတွေ ခံစားနေရတဲ့အခါ ထွက်ပေါက်အနေနဲ့ ဆေးလိပ်အလွန်အကျွံသောက်တာ ၊ ကဖိန်းနဲ့ အရက်အလွန်အကျွံသောက်တာ ၊ အစားအလွန်အကျွံ စားတာတွေ လုပ်မိတက်ကြပါတယ်။ တကယ်တော့ ဒီအလေ့အကျင့်တွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး စိတ်ဖိစီးမှုအဆင့်ကို ပိုတိုးစေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

(၄) လှုပ်လှုပ်ရှားရှားနေပါ

Active Man

Photo : Health and Wellbeing Queensland

ကိုယ်လက်လှုပ်ရှားမှု ပုံစံတိုင်းက စိတ်ဖိစီးမှုတွေကို အကောင်းဆုံး သက်သာပြေလျော့စေပါတယ်။ ကွီးတို့က အားကစားသမားတစ်ယောက် မဟုတ်ဘူးဆိုရင်တောင် တစ်နေ့တာမှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း အနည်းငယ်ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုတွေကို ပြေလျော့သက်သာ စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်တာဟာ စိတ်ခံစားမှု ကောင်းမွန်စေတဲ့ Endorphins ဟော်မုန်းဓာတ်တွေကို ထုတ်လွှတ်ပေးပြီး ခန္ဓာကိုယ်နဲ့ စိတ်ရဲ့ ဖြစ်ပျက်မှုတွေကို ပြန်လည်အာရုံစိုက်နိုင်ဖို့ ကူညီပေးပါတယ်။

(၅) အဆက်အသွယ်မပြတ်နေပါ

Photo : LinkedIn

စိတ်ဖိစီးမှုများနေချိန် ၊ စိတ်ရဲ့ ပူပင် သောကတွေ များနေချိန်မှာ တစ်ယောက်တည်း မနေသင့်ပါဘူး။ လူတွေနဲ့ ဆက်သွယ်ချိတ်ဆက်ပြီး ခံစားချက်တွေကို မျှဝေတာ ၊ စိတ်လက်ပေါ့ပါးစေမယ့် လှုပ်ရှားမှုလေးတွေ လုပ်ဆောင်တာမျိုး လုပ်သင့်ပါတယ်။ မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေနဲ့ များများ အချိန်ကုန်ဆုံးသင့်ပြီး ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်မပြတ် နေထိုင်ဖို့ လိုအပ်ပါတယ်။

Source : Mayo Clinic

Featured Photo : Fisioterapia en Marbella