ကွီးတို့ရဲ့ အိမ်ပတ်ဝန်းကျင်ကို စာအုပ်စင် လှလှပပလေးများနဲ့ အလှဆင်ချင်ပါသလား။ စာအုပ်စင် လှလှပပလေးနဲ့ အလှဆင်ဖို့အတွက် သိန်းချီပြီး အကုန်ခံစရာလည်း မလိုပါဘူး။ ကွီးတို့အနေနဲ့ ၁ သောင်း စွန်းစွန်းလောက်နဲ့တင် ပွဲသိမ်း သွားစေမယ့် နည်းလမ်းကောင်းလေးရှိပါတယ်။ ပိုက်ဆံလည်း ချွေတာ ကွီးတို့အိမ်လည်း အလှဆုံး ဖြစ်သွားစေမယ့် နည်းလမ်းလေးတစ်ခုရှိပါတယ်။ ထိုနည်းလမ်းကတော့ ကွီးတို့ကိုယ်တိုင် ပစ္စည်း ပစ္စယများ ဝယ်ယူပြီး ကိုယ်တိုင် ဖန်တီးခြင်းပဲဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ ဘယ်လိုစာအုပ်စင်လေးကို ဖန်တီးချင်သလဲဆိုတာ ဒီဇိုင်း စဥ်းစားမရဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် ဒီဇိုင်းများကို အသုံးပြုနိုင်ပါတယ်။

Vintage ပုံစံ စင်ငယ်လေး

Vintage

ဒီဒီဇိုင်းလေးကတော့ အဟောင်းဒီဇိုင်းလေးနဲ့ ဖန်တီးထားတဲ့ Vintage စင်တစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ထိုစင်လေး ဖန်တီးဖို့ဆိုရင် အလွယ်လေးပါပဲ။

အရင်ဦးဆုံး သစ်သားများကို ရှာဖွေ စုဆောင်းရမှာပဲဖြစ်ပါတယ်။ သစ်သား အသစ်တွေ သုံးစရာမလိုပါဘူး။ ဒါပေမဲ့ ကွီးတို့ အသုံးပြုမယ့် သစ်သားက ဟောင်းနွမ်းပြီး ကျိုးပဲ့ပျက်စီး လွယ်လို့လည်း မရပါဘူး။ မသုံးတော့တဲ့ တောင့်တင်းခိုင်မာတဲ့ သစ်သားများ လိုအပ်ပါလိမ့်မယ်။

ပစ္စည်းများ စုံလင်သွားပြီဆိုရင်တော့ ဘောင်တစ်ခုပေါ်သွားရင် အရင်ဦးဆုံး Frame ချလိုက်ပါ။ ထို့နောက်မှာတော့ ကြားထဲက စင့်များကို တစ်ခုပြီး တစ်ခုထိုးကာ တပ်ဆင်သွားရပါမယ်။

အရောင်စိုပြီး လှပတဲ့ စာအုပ်စင်

သောင်း ပွဲသိမ်း

ကွီးတို့အိမ်က သားသားမီးမီးတွေ၊ တူ တူမလေးတွေအတွက် အသုံးတည့်မယ့် စာအုပ်စင်လေးတစ်ခု ဆောက်ပေးချင်တယ်ဆိုရင်တော့ ဒီဒီဇိုင်းလေးကို အိုင်ဒီယာ ယူနိုင်ပါတယ်။ အရောင်ကိုတော့ အကြိုက်အပေါ်မူတည်ပြီး ဆေးသုတ်ပေးနိုင်ပါတယ်။ ဒီစာအုပ်စင်နဲ့ဆိုရင် အိမ်ရှေ့ ဧည့်ခန်းကလည်း ရှုပ်ပွ မနေတော့ဘဲ သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းနေမှာ အမှန်ပါပဲ။

ရိုးရှင်းပေမယ့် နန်းဆန်တဲ့ စာအုပ်စင်

သောင်း ပွဲသိမ်း

ဒီစာအုပ်စင်ကတော့ လက်ရှိမှာ ရေပန်းစားနေတဲ့ စာအုပ်စင်တစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ တောင့်တောင့် တင်းတင်းဖြစ်မယ့် သစ်သားအမျိုးအစားကို ရှာဖွေဖို့ လိုအပ်ပါလိမ့်မယ်။

လိုအပ်တဲ့ ပစ္စည်းများ စုံလင်သွားပြီဆိုရင်တော့ တိုင် သုံးတိုင်ကို အကွာအဝေးသေချာ တိုင်းယူပြီး အလျားလိုက် ထည့်မယ့် စင်အတွက် နေရာဖန်တီးပေးလိုက်ပါ။ ပြီးသွားတဲ့အခါမှာတော့ နေရာတကျ ရိုက်ထည့်လိုက်ပါ။

ဒါဆိုရင်တော့ ကွီးတို့အတွက် ရိုးရှင်းပေမယ့် နန်ဆန်တဲ့ စာအုပ်စင်တစ်ခု ရရှိသွားပြီပဲဖြစ်ပါတယ်။

တြိဂံပုံစံ စင်ငယ်

သောင်း ပွဲသိမ်း

ဒီစင်ငယ်လေးကလည်း ကွီးတို့ အိမ်လေးကို အလှပဆုံး အလှဆင်ပေးနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ပြုလုပ်နည်းကတော့ ကွီးတို့ ထင်ထားတာထက် လွယ်ပါတယ်။

အရင်ဦးဆုံး ဘေးနှစ်ဖက်က သစ်သားစင်လေးကို အရင်ဖန်တီးရမှာဖြစ်ပါတယ်။ ဟိုဘက် ဒီဘက် စင်နှစ်ဖက်က ညီနေဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဟိုဘက် ဒီဘက်ကနေ သစ်သားပြား ခံပေးမယ့် နေရာက အနိမ့် အမြင့် ညီနေမှာဖြစ်ပါတယ်။ သစ်သားအရောင်ကတော့ နောက်မှ ကွီးတို့ စိတ်တိုင်းကျ ဆေးသုတ်နိုင်ပါတယ်။

အခုဖော်ပြသွားတဲ့ စင် ဒီဇိုင်းများကတော့ ကွီးတို့ အိမ်ကို သောင်း ကျော်ကျော်နဲ့ ပွဲသိမ်း သွားစေမယ့် ဒီဇိုင်း အမျိုးအစားပဲဖြစ်ပါတယ်။ ဆိုင်မှာ ရယ်ဒီမိတ် ဝယ်ရင် ကိုယ်လိုချင်တဲ့ ဒီဇိုင်းလည်း မရတဲ့အပြင် ဈေးကလည်း ခေါင်ခိုက်နေမှာပါပဲ။ အဲ့ဒီ့အစား အခုဖော်ပြပေးမယ့် ဒီဇိုင်းများကို ကိုယ်တိုင် ဖန်တီးယူလိုက်ပါ။

Source: Thesprucecrafts

Featured Image: Thesprucecrafts