သြဂုတ်လ အတွင်း ခရီးသွား ဖို့ စီစဉ်ထားကြတဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ သြဂုတ်လအတွင်းမှာ ဘယ်နေရာဒေသတွေက ခရီးသွား လို့အကောင်းဆုံးဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
ကမ္ဘာကြီးရဲ့ အရှေ့ကမ္ဘာခြမ်း၊ အနောက်ကမ္ဘာခြမ်းပေါ် မူတည်ပြီး ရာသီဥတုသည်လည်း အမျိုးမျိုး ပြောင်းလဲနိုင်တဲ့အတွက်ကြောင့် သြဂုတ်လ အတွင်းမှာ ခရီးသွား လို့အကောင်းဆုံး နေရာတွေကို ရွေးချယ်ကာ ဖော်ပြပေးလိုက်ရပါတယ်။
Iceland

ထိုနိုင်ငံလေးသည် သြဂုတ်လ အတွင်းမှာ ရာသီဥတု သာသာယာယာရှိတဲ့အတွက်ကြောင့် ခရီးသွား လို့အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။ သြဂုတ်လရဲ့ ဒုတိယအပတ်လောက်မှာ ဘယ်ရီသီးခူးဆွတ်တဲ့ ပွဲတော်ရှိတဲ့အတွက်ကြောင့် ပါဝင်ဆင်နွှဲချင်သူများအတွက်လည်း အကြိုက်တွေ့ကြမှာပါ။ ဒါ့အပြင် ဝေလငါးလေးများ ပျော်ပျော်ပါးပါး ကူးခတ်ဆော့ကစားနေကြတာကိုလည်း မျက်မြင်ကြုံတွေ့နိုင်ပါသေးတယ်။
အီကွေတော

ဒီနိုင်ငံလေးသည် သေးငယ်ကောင်း သေးငယ်နိုင်ပါတယ်။ သို့ပေမယ့် အံ့အားသင့်စရာအမြောက်အမြားနှင့် ပြည့်နှက်နေတဲ့ နေရာဒေသတစ်ခုဖြစ်ပါတယ်။ နှင်းများ ဖုံးအုပ်နေတဲ့ မီးတောင်များအစ အမေဇုန် မိုးသစ်တောအဆုံး သာယာလှပတဲ့ တောတောင်ရှုခင်းများနှင့် ပြည့်နှက်နေတာပဲဖြစ်ပါတယ်။
မော်လဝီ

သြဂုတ်လအတွင်း ခရီးသွားလို့ အကောင်းဆုံး နေရာဒေသတွေထဲမှာ မော်လဝီနိုင်ငံလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ နေ့အချိန်မှာတော့ ကြည်လင်နေတဲ့ ကောင်းကင်ပြင်ကြီးကို ရှုစားနိုင်ပြီး ညခင်းအချိန်မှာလည်း ကြယ်ရောင်စုံ လင်းလက်တောက်ပနေတဲ့ ညအလှကို မြင်တွေ့ရမှာပါ။ ထိုနိုင်ငံရှိ ကမ်းခြေများကလည်း သဘာဝအငွေ့အသက်များနှင့် ခမ်းနားလှပနေတာကြောင့် သွားရောက်လည်ပတ်သင့်ပါတယ်။
ကနေဒါ အရှေ့ပိုင်း

ကနေဒါနိုင်ငံ အရှေ့ပိုင်းမှာတော့ သြဂုတ်လလေးသည် နွေရာသီလေးဖြစ်ပြီး ရာသီဥတု ကြည်ကြည်လင်လင်လေးဖြင့် ခရီးထွက်လို့ အကောင်းဆုံးပဲဖြစ်ပါတယ်။ အလေ့ကျပေါက်ရောက်တဲ့ သဘာဝ ပန်းပင်ရိုင်းများဖြင့်လည်း ဓာတ်ပုံရိုက်လို့ရတာကတော့ သူ့ရဲ့အားသာချက်တစ်ခုပါပဲ။
ကင်ညာ

စွန့်စားခရီးတွေကို နှစ်သက်တဲ့ ကွီးတို့အတွက်တော့ ကင်ညာနိုင်ငံက နွေးထွေးစွာ ကြိုဆိုနေပါတယ်။ သြဂုတ်လမှာ တောရိုင်းတိရစ္ဆာန်လေးများသည် Mara မြစ်ကမ်းတစ်လျှောက်ကနေ ပြောင်းရွှေ့သွားလာနေကြတာဖြစ်ပါတယ်။ ကွီးတို့အတွက် အတွေ့အကြုံကောင်းတစ်ခုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အနည်းငယ်တော့ ဈေးကြီးပါလိမ့်မယ်။
ဘာလီ

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့ ဘာလီသည် သြဂုတ်လအတွင်း ခရီးသွားလာလို့အကောင်းဆုံးနေရာတစ်ခုပဲ ဖြစ်ပါတယ်။ ရာသီဥတုက နေသာပြီးတော့ နွေးနွေးထွေးထွေးလေး ဖြစ်နေမှာပါ။ အပူချိန်သည် ပျမ်းမျှအားဖြင့် ၂၇ ဒီဂရီလောက်ရှိပြီး ကောင်းကင်သည်လည်း အမြဲတစေ ကြည်လင်ပြာလဲ့ နေတတ်ပါတယ်။
အာရှနိုင်ငံအတွင်းမှာပဲ ခရီးသွားချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို ရွေးချယ်သင့်ပါတယ်။
Source: Travelnation
Featured Image: Independent
