ကွီးတို့ ဘယ်လောက် သတ္တိရှိလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် စမ်းသပ်ချင်တယ်ဆိုရင် အခုပြောပြမယ့် Horror ဂိမ်းတွေကို ဆော့ကြည့်လိုက်ပါ။ တကယ်ကြမ်း ၊ တကယ်လန်းတဲ့ ထိတ်လန့်ခြောက်ခြားဖွယ် ဂိမ်းတွေမှ ဆော့ချင်တဲ့ ကွီးတို့အတွက် ကွက်တိပါပဲ။ တော်ရုံမကြောက်တက်ဘူး ၊ သွေးအပြည့်ရှိပါတယ်ဆိုတဲ့ ကွီးတွေပါ ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားဖွယ် ဆော့ရမယ့် Horror ဂိမ်း ကောင်းကောင်းလေးတွေကို ဒီတစ်ခေါက်မှာ တင်ဆက်ပေးသွားပါမယ်။
(၁) The Letter
Source : Yangyang Mobile
The Letter ကတော့ ဂျပန် Horror ဝတ္ထုကို အခြေခံပြီး ဂိမ်းအဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ထိတ်လန့်ခြောက်ခြားဖွယ် ဂိမ်း တစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းသွား အမိုက်စားနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်တွေ ပါဝင်ပြီး သရဲခြောက်တဲ့ စံအိမ်ကြီးရဲ့ ပဟေဠိဆန်တဲ့ လှည့်ကွက်တွေကြားမှာ ကျိန်စာတွေကို ချိုးဖျက်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသွားရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းက Android ရော iOS မှာပါ ကစားလို့ ရပါတယ်။
(၂) Granny
Source : DVloper
Granny ကတော့ ကြောက်စရာကောင်းတဲ့ အဖွားလက်ကနေ လွှတ်မြောက်အောင် ကြိုးစားရမယ့် ထိတ်လန့်ဖွယ်ရာ Horror ဂိမ်း တစ်ခုပါ။ Players တွေအနေနဲ့ အဖွားကြီးရဲ့ အိမ်ထဲမှာ သော့ခတ်ပိတ်လှောင်ခံထားရတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်ကစားရမှာ ဖြစ်ပြီး သတ်မှတ်ထားတဲ့ ရက်အတွင်းမှာ ပုန်းလျိုးကွယ်လျိုးနဲ့ ပစ္စည်းတွေစု ၊ Puzzles တွေ ဖြေရှင်းရင်း အဖွားကြီးလက်ကနေ လွှတ်မြောက်အောင် ကြိုးပမ်းရမှာပါ။ ဒီဂိမ်းကလည်း Android ရော iOS မှာပါ ကစားနိုင်ပါတယ်။
(၃) I Am Innocent
Source : Dmitry Glaznev
ဒီဂိမ်းလေးက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပျောက်ဆုံးနေတဲ့ ညီမဖြစ်သူနဲ့ ဆက်စပ်နေပုံရတဲ့ လူသတ်မှု အမှုတစ်ခုကို စုံစမ်းဖော်ထုတ်ရမယ့် စုံထောက်ဂိမ်းတစ်ခု ဖြစ်ပါတယ်။ စုံစမ်းမှုတွေ လုပ်နေချိန်မှာ စမတ်ဖုန်းကို အဓိက အသုံးပြုရမှာဖြစ်ပြီး အမှန်တရားကို ထုတ်ဖော်နိုင်ဖို့ မက်ဆေ့ခ်ျတွေ ၊ ဖုန်းကောတွေ ၊ စာရွက်စာတမ်းတွေနဲ့ ဓာတ်ပုံတွေကို သေချာလေး အသေးစိတ် စစ်ဆေးပြီး သဲလွန်စတွေကို ရှာဖွေရမှာ ဖြစ်ပါတယ်။ I Am Innocent ဂိမ်းကို Android ရော iOS မှာပါ ကစားနိုင်ပါတယ်။
(၄) Slender: The Arrival
Source : GameSpot
Horror ဂိမ်းတွေမှာတော့ Slender: The Arrival က တော်တော်လေး လူသိများ နာမည်ကြီးပါတယ်။ Players တွေရဲ့ ဇာတ်ကောင် နောက်ကနေ မကောင်းဆိုးဝါးတစ်ကောင်က တောက်လျောက် လိုက်တာခံနေရမှာဖြစ်ပြီး ခြောက်ခြားဖွယ်ရာ နေရာတွေမှာ လျှောက်သွားရင်း လိုအပ်တဲ့ ပစ္စည်းတွေကို လိုက်လံရှာဖွေစုဆောင်းရမှာ ဖြစ်ပါတယ်။ ဂိမ်းရဲ့စတိုင်ရော ၊ နောက်ခံအသံတွေကပါ တော်တော်လေး ကြောက်စရာ ကောင်းပါတယ်။ ဒီဂိမ်းကိုလည်း Android ရော iOS မှာပါ ကစားလို့ ရပါတယ်။
Source : The Gamer
Featured Photo : GameLoop