ပေါ့ပ်စတားကြယ်တစ်ပွင့်လည်း ဖြစ်သလို ဖက်ရှင်နဲ့ သရုပ်ဆောင်မှုဘက်မှာမှာ နာမည်ကြီးတဲ့ ဟယ်ရီစတိုင်း ဟာ ၂၀၁၇ ဧပြီလထဲမှာ Harry Styles ဆိုတဲ့ အယ်လ်ဘမ်ကို ဖြန့်ချိခဲ့သူပါ။ ဒီအခွေဟာ ဂီတဘက်မှာ သူ့ရဲ့ ပါရမီရှိမှု ၊ ဖန်တီးမှုနဲ့ ဗီဇကို ထုတ်ပြနိုင်ခဲ့ပါတယ်။ အခုဒီနှစ်ထဲမှာ Harry’s House နာမည်နဲ့ တတိယမြောက် Solo Album ထွက်လာပြီ ဖြစ်ပါတယ်။ ဒီအခွေကလည်း Music Charts တွေမှာ ထိပ်ဆုံးနေရာက ရပ်တည်ခဲ့ပါတယ်။ One Direction အဖွဲ့ကနေ လာပေမယ့် 1D သံစဉ်နဲ့ လုံးလုံးလျားလျား ကွဲပြားနေတဲ့ အသစ်တွေ ဖန်တီးလာနေတဲ့ ဟယ်ရီစတိုင်းစ် ရဲ့ သီချင်းတွေထဲက အကောင်းဆုံး သီချင်း တချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Falling

ဒီသီချင်းက ၂၀၁၉ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ ဟယ်ရီစတိုင်းစ်ရဲ့ ဒုတိယမြောက်အယ်လ်ဘမ် Fine Line ထဲက သီချင်းတစ်ပုဒ်ပါ။ “ကိုယ်ပြောခဲ့တာတွေ မေ့လိုက်ပါ။ ကိုယ်ဆိုလိုချင်တာ အဲ့လိုမဟုတ်ပါ” တဲ့။ အိပ်ရာပေါ်က နိုးလာချိန် ဘေးမှာ မရှိတော့တဲ့ သူကို ဟယ်ရီစတိုင်းစ်က တမ်းတပုံ။ ကိုယ်တော့ နောက်တစ်ကြိမ် လဲကျနေပြီတဲ့။ ဒီသီချင်းက သူ့ရည်းစားဟောင်း ကမ်မီလီ ရိုဝီကို ရည်ရွယ်တယ်လို့ပရိသတ်တွေက ယူဆကြပါတယ်။

(၂) Kiwi

Harry Styles အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်ပြီး သီချင်းစာသားမှာ စီးကရက် ၊ အရက် ၊ လိင်မှုကိစ္စ နဲ့ မိန်းမတွေရဲ့ အကြောင်း ပေါ်ပေါ်ထင်ထင် ထည့်သုံးထားပါတယ်။ ဟယ်ရီစတိုင်းစ် ရဲ့ အကြိုက်ဆုံး သီချင်း တွေထဲက တစ်ပုဒ်လို့လည်း အင်တာဗျူးမှာ ဖြေထားပါတယ်။

(၃) Cherry

Fine Line အယ်လ်ဘမ်ထဲကပဲ ဖြစ်ပြီး သီချင်းထဲက စာသာတွေက သူနဲ့ ကမ်မီလီ ရိုဝီ ပြတ်ရတဲ့အကြောင်းကို ဖော်ပြထားပါတယ်။ သီချင်းထဲမျာတောင် ရိုဝီရဲ့ ပြင်သစ်လို အသံမေးလ်ကို ထည့်ပေးထားပါတယ်။ ကမ်မီလီ ရိုဝီနဲ့ ဟယ်ရီစတိုင်းစ် တို့ဟာ ၂၀၁၈ ဇူလိုင်လထဲမှာ လက်တွဲဖြုတ်ခဲ့တာ ဖြစ်ပြီး Fine Line ဟာ သူတို့နှစ်ဦး ပြတ်ပြီးနောက် ထွက်တဲ့ အယ်လ်ဘမ်ဖြစ်လို့ ခံစားချက်တွေ ပြင်းပြပူလောင်မှုကို ခံစားရမှာပါ။

(၄) As It Was

Harry’s House အခွေသစ်မှာ ပါတဲ့ ဒီသီချင်းဟာ Billboard Global Chart မှာ ၆ ပတ်ဆက်တိုက် နံပါတ်တစ် နေရာက ရပ်တည်နေတဲ့ သီချင်းပါ။ Billboard Global 200 နဲ့ Billboard Global Excl U.S Charts တွေမှာ နံပါတ် ၁ အဖြစ် ၆ ပတ်ကြာ ရပ်တည်နေတဲ့ ဒီ သီချင်း ဟာ Music Video နဲ့လည်း ချီးကျူးမှုတွေ ရရှိထားပါတယ်။

(၅) Sign Of The Times

၂၀၁၇ တုန်းက ထွက်ရှိခဲ့တဲ့ Harry Styles အယ်လ်ဘမ်မှာ ပါတဲ့ သီချင်းဖြစ်ပြီး ဒီသီချင်းကို ဟယ်ရီစတိုင်း နဲ့အတူ ဂျက်ဖ် ဘဟာစကား ၊ မစ်ချ် ရိုးလန် ၊ ရိုင်ယန် နက်ဆီ ၊ အဲလက်ဆာလီဘီယန် နဲ့ တိုင်လာ ဂျွန်ဆင်တို့ တွဲရေးခဲ့တာပါ။ Pop Rock နဲ့ Soft Rock တန်းမှာ ဝေဖန်သူတွေ ချီးကျူးခံခဲ့ရတဲ့ သီချင်းဖြစ်ပြီး ယူကေမှာ နံပါတ်စ် US မှာ နံပါတ် ၄ နေရာက ရပ်တည်ခဲ့ပါတယ်။ ဒီသီချင်းက ၂၀၁၈ ခုနှစ်မှာ BMI Pop Award ရခဲ့သလို British Artist Video Of The Year အတွက်လည်း Brit Award တစ်ခု ရခဲ့တဲ့ သီချင်း ဖြစ်ပါတယ်။

Featured Photo : Out