ကော့တေးကောင်းကောင်းလေးတစ်ခွက် ကိုယ်တိုင်ဖျော်သောက်ချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ဟာဝိုင်အီ စတိုင်လ် အပြာရောင် ကော့တေး တစ်ခွက် ဖျော်စပ်နည်းကို ဝေမျှပေးချင်ပါတယ်။
လွယ်ကူရိုးရှင်းတဲ့ ဖျော်စပ်နည်းကို အသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့် ကွီးတို့အားလုံး အကြိုက်တွေ့ကြမှာပါ။ သူ့ရဲ့အရသာက ဟာဝိုင်အီ စတိုင်လ် ကော့တေး ဆိုတဲ့အတိုင်းပဲ ဟာဝိုင်အီဒေသရဲ့ အငွေ့အသက်လေးကိုပါ ခံစားမိနေမှာဖြစ်ပါတယ်။
လိုအပ်မယ့် ပါဝင်ပစ္စည်းများကလည်း (၆) မျိုးတည်း လိုအပ်တာဖြစ်တဲ့အတွက်ကြောင့် ခက်ခက်ခဲခဲ ရှာဝယ်နေစရာလည်း မလိုပါဘူး။
ပါဝင်ပစ္စည်းများ
• ရမ် စားပွဲတင်ဇွန်း ၃ ဇွန်း
• အပြာရောင် Curaçao Liqueur စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
• နာနတ်သီးဖျော်ရည် စားပွဲတင်ဇွန်း ၄ ဇွန်း
• အုန်းနို့ခရင်မ် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
• အလှဆင်ဖို့ရန်အတွက် ချယ်ရီသီးအနည်းငယ်
• နာနတ်သီးစိပ် အနည်းငယ် (အလှဆင်ဖို့ရန်အတွက်)
တစ်ခါတစ်လေမှာ အုန်းနို့ခရင်မ်ကို အသုံးမပြုချင်ဘူးဆိုရင်တော့ အုန်းနို့ရည်ကိုလည်း အစားထိုး သုံးပြုနိုင်ပါတယ်။
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပါဝင်ပစ္စည်းများအားလုံးကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါ။
၂။ ဖန်ခွက်ရှည်တစ်ခွက်တွင် ရေခဲတုံးများထည့်ပါ။ ထို့နောက် ရမ်နှင့် အပြာရောင် Curaçao Liqueur တို့ထည့်ပါ။ တဖန် နာနတ်သီးဖျော်ရည်နှင့် အုန်းနို့ခရင်မ်တို့ထည့်ကာ စက္ကန့် ၃၀ ခန့် သမအောင် မွှေပေးလိုက်ပါ။
၃။ သမအောင် မွှေပြီးတဲ့နောက်မှာတော့ အခြားဖန်ခွက်အသစ်တစ်ခုထဲသို့ ရေခဲတုံးများ မပါစေအောင် စစ်ထည့်လိုက်ပါ။
၄။ ပြောင်းထည့်ထားတဲ့ ခွက်အသစ်ထဲသို့ ချယ်ရီသီး ထည့်ပါ။ ထို့နောက် နာနတ်သီးစိပ်ကို ခွက်ရဲ့ နှုတ်ခမ်းဝလေးမှာ တေ့ထားလိုက်ပါ။
ဒီလိုအလှဆင်ပြီးသွားတဲ့အခါမှာတော့ ကွီးတို့အားလုံး အကြိုက်တွေ့သွားစေမယ့် ဟာဝိုင်အီ စတိုင်လ် အပြာရောင် ကော့တေး တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။
ချိုတဲ့အရသာကို သိပ်မနှစ်သက်တဲ့ ကွီးတို့ကတော့ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းခန့် ထပ်ထည့်ကာ အစပ်အဟပ်တည့်အောင် ထပ်မံဖျော်စပ်ပေးနိုင်ပါသေးတယ်။
ကိုယ့်ရဲ့အကြိုက်အပေါ် မူတည်ပြီး ရေခဲထည့်သောက်ချင်တယ်ဆိုရင်တော့ ရေခဲတုံးနှင့် ပါဝင်ပစ္စည်းများအားလုံးကို သစ်သီးဖျော်စပ်ထဲထည့်ကာ ဖျော်ပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ ဟာဝိုင်အီ ကော့တေးအေးအေးလေးတစ်ခွက်ကို သောက်သုံးနိုင်မှာပဲဖြစ်ပါတယ်။
Source: Thespruceeats
Featured Image: Culinaryhill