သန်တုန်း မြန်တုန်း အရွယ်ကောင်းဆိုပေမယ့် ရင်ခုန်စရာ ချစ်သူနဲ့ နှစ်ကိုယ်တူ ကြည်ဖြူခါနီးမှာတောင် တစ်ခါတလေ ခေါင်းမထောင်ချင်တဲ့ အခြေအနေတွေ ရှိတတ်ကြပါတယ်။ ဒီလို ဖြစ်တတ်တဲ့အထဲ ကွီးတို့လည်း Experience ရှိခဲ့တယ်ဆိုရင် ဒီပြဿနာက အဆန်းတော့ မဟုတ်ပါဘူး။ ရောဂါမဟုတ်ပေမယ့် မကြာခဏဆိုသလို လိင်စိတ် ကုန်ကုန်သွားတတ်တာမျိုးတွေက သူသူကိုယ်ကိုယ် ဖြစ်တတ်တဲ့ သဘာဝပါပဲ။ Sex ကိစ္စနဲ့ ပတ်သက်ပြီး နေရာကွက်ကြား မိုးခေါင်တဲ့ ပြဿနာရဲ့ နောက်ကွယ်မှာ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ ဒီလို အကြောင်း ရင်းတွေထဲမှာမှ လူသိများတဲ့ အကြောင်းအရင်းတွေက ကိုယ်အလေးချိန်တက်လာတာ ၊ အိပ်ရာထဲ ဖုန်းသုံးတာ ၊ ကွန်ပျူတာ သုံးတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း ဒီလောက်နဲ့တော့ မပြီးသေးပါဘူး။ ယောကျာ်းတစ်ယောက်ကို ဟိုစိတ် မလာစေတဲ့ အကြောင်း အရင်းတွေထဲမှာ အခုပြောမယ့် အကြောင်းတရားတွေလည်း ပါဝင်နေပါတယ်။

(၁) ကိုယ့်ကျားစွမ်းကျားစကို အထင်သေးခြင်း

Couple

Photo : Pexels

တချို့တွေ စိတ်မလာတဲ့ အကြောင်းက ထူးဆန်းပါတယ်။ အိပ်ရာထဲ ပျော်ပွဲဝင်ရမယ့် ကိစ္စမှာ ကိုယ်က အကောင်းဆုံး Body Shape မရှိဘူး ၊ Over Weight ဖြစ်တယ် ဒါမှမဟုတ်လည်း Under Weight ဖြစ်တယ် စသည်ဖြင့် ထင်နေတဲ့ Self Deprecation ဝင်နေတတ်လို့ ဖြစ်ပါတယ်။ ကိုယ့်ဆိုဒ်နဲ့ ပတ်သက်ပြီး ယောကျာ်းတိုင်းလိုလို အနည်းနဲ့ အများ ခံစားချက်တွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့်လည်း ဒါကို အလေးအနက်ထားလွန်းရင် လိင်စိတ် နဲ့ စွမ်းဆောင်ရည် ကျဆင်းသွားနိုင်ပါတယ်။

(၂) စိတ်ဓါတ်ကျခြင်း နဲ့ အထီးကျန်ခြင်း

Depression

Photo : Pexels

စိတ်ဓါတ်ကျနေချိန်မှာ ကွီးတို့ရဲ့ ဖွားဖက်တော်လည်း လန်းလန်းဆန်းဆန်း ဖြစ်နေမှာ မဟုတ်ပါဘူး။ Depression လို့ ခေါ်တဲ့ စိတ်ဓါတ်ကျခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ယိုယွင်းမှု နဲ့ Sex Life ပါ ထိခိုက်နိုင်ပါတယ်။ စိတ်ဓါတ်ကျနေသူတစ်ယောက်ဟာ သူ့ရဲ့ ထွက်ပေါက်မဲ့ သံသရာထဲမှာ လည်နေပြီး တခြားသူ ၊ တခြားအရာ ဘာကိုမှ စိတ်ဝင်စားလို့ မရတာတွေ ဖြစ်တတ်ပါတယ်။

အထီးကျန်ပြီး စိတ်ဖိစီးနေသူဟာ Sex Quality ကျပါတယ်။ စိတ်မဆောင်တော့ ကိုယ့်ကောင်လည်း ၃ ညဆက်တိုက် အိပ်ရေးပျက်တဲ့ကောင်လို အိပ်ရာပေါ် ရောက်ရင် ကြောင်တောင်တောင် ဖြစ်တာ မဆန်းပါဘူး။ စိတ်ချမ်းသာအောင် နေပါ။ စိတ်လေးတောင် ချမ်းသာအောင် မထားနိုင်ရင် ပိုက်ဆံရှာလို့လည်း အလကားပဲလို့သာ တွေးထားပါ။

(၃) Masturbation လုပ်လွန်းခြင်း

Banana

Photo : Pexels

လက်သမားတွေအဖို့တော့ သူ့ကိရိယာက တခြားသူ အသားအရေထက် ပိုပြီး အထိအတွေ့ ခံစားချက် ပိုကောင်းတတ်ပါတယ်။ လက်သိုင်းကျင့်တာက Healthy Level တန်းဝင် ပုံမှန် ထရိန်နင်လောက်ဆို Sex Quality ပိုကောင်းအောင် Supporting ပေးနိုင်ပါတယ်။ သိပ်များလွန်းရင် Masturbation က ကွီးတို့ရဲ့ သခင်ဖြစ်သွားပြီး ဒါကလွဲရင် ဘာမှ မတိုးတော့ဘူးဆိုရလောက်အောင် စွဲသွားတတ်ပါတယ်။

ကိုယ့်ရဲ့ Masturbation Level So High နေပြီလားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ပါ။ လက်သိုင်းတွေ ကစားလွန်းပြီး တကယ်တမ်း ကွင်းထဲမှာ ဖိုက်တင်ပလေးခါနီး စိတ်မလာတော့ရင် တစ်ခုခုတော့ မှားနေပြီလို့ သတိရလိုက်ပါ။ Masturbation အကြိမ်ရေ သိပ်များလာရင် လျှော့ပါ ။ ရှောင်ပါ။ စိတ်အပြောင်းအလဲလေးတွေ လုပ်ပေးပါ။ မဟုတ်ရင် ကိုယ့်ကောင်က လက်ကလွဲရင် ဘာနဲ့မှ မတိုးတော့တဲ့အထိ အခြေအနေ ဆိုးသွားနိုင်ပါတယ်။

(၄) တကုပ်ကုပ် အလုပ်လုပ်နေရခြင်း

Data

Photo : Pexels

ထိုင်ရာ မထတမ်း အလုပ်လုပ်ရတဲ့ လုပ်ငန်းခွင်တွေ အများကြီး ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် မညှာတမ်း ခိုင်းရင်း ခိုင်းရင်းနဲ့ ခန္ဓာဗေဒစနစ်ပါ ထိခိုက်လာနိုင်သလို လူမှုဆက်ဆံရေး ၊ ပုဂ္ဂိုလ်ရေးဘဝ နောက်ဆုံး ကုတင်ပေါ်က အစွမ်းအစတွေပါ ကျဆင်းသွားနိုင်ပါတယ်။ ရုံးချိန်တွေ အကြာကြီး လုပ်ရတဲ့သူတွေအတွက် အလုပ်နဲ့ ဖိအားဟာ အရစ်ကျ သတ်သေနည်းတစ်မျိုး ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အနားပေးဖို့ လုပ်ပါ။ အနားမယူရင် ဂျပန်ကားတွေထဲက အလုပ်ကြိုးစားတဲ့ မင်းသားလို ဖြစ်သွားနိုင်ပါတယ်။ ဇာတ်ကားကိုတော့ အဆင်ပြေတဲ့ ဝက်ဘ်ဆိုက်မှာ သွားကြည့်နိုင်ပါတယ်။

(၅) Porn ကား စွဲလမ်းခြင်း

Smartphone

Photo : Pexels

စုံတွဲတွေကို လေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုမှာ အမျိုးသမီးတွေဟာ Porn ကား စွဲနေတဲ့ ယောကျာ်းတွေကြောင့် စိတ်ညစ်ရတယ်လို့ ဖြေထားပါတယ်။ မီယာ ခါလီဖာ ၊ ရီလီ ရိဒ် ၊ လီယာ ဆေးလ်ဗား စတဲ့ စတဲ့ ကာလာမယ်လေးတွေရဲ့ အကွက်ဆန်းတွေမှာ သာယာနစ်မျောနေတဲ့ ကိုယ့်လူတွေက သူတို့ရဲ့ လက်တွေ့ဘဝက ရည်းစား နဲ့ ဇနီးတွေအပေါ် စာမလိပ်ချင်တာတွေ ရှိလို့ပါတဲ့။

အင်တာနက်ခေတ်မှာ Porn ကြည့်ဖို့ သိပ်လွယ်ပါတယ်။ Porn ရုပ်ရှင်ထဲက မဖြစ်နိုင်တဲ့ ကကွက်ဆန်းတွေမှာ စိတ်ကူးတယဉ်ယဉ်နဲ့ ဝင်က,ချင်တဲ့ ပုရိသတွေအဖို့ ဒီနွံထဲ ကျွံရင် လက်တွေ့ဘဝ Sex ကိစ္စတွေပါ ထိခိုက်နိုင်လို့ အပေါ်က Masturbation လိုပဲ လျှော့ပါ ၊ ရှောင်ပါ။ စိတ်ပြောင်းပါလို့ ပြောချင်ပါတယ်။

Featured Photo : sralab