ကွီးတို့ လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး စွန့်စားခန်း မဖွင့်တာ အကောင်းဆုံးပါပဲ။ အထူးသဖြင့် အကာအကွယ် မပါပဲ ချစ်တင်းနှော ဖို့ကို စိတ်မကူးသင့်တာပါ။ အကာအကွယ်မဲ့ ချစ်တင်းနှောခြင်းကနေ ကြုံတွေ့ရနိုင်တဲ့ နောက်ဆွဲတွဲ ဆိုးကျိုးတွေက ပြင်းထန်းပါတယ်။ ဒီဆောင်းပါးမှာတော့ အကာအကွယ်မပါပဲ ချစ်တင်းနှော မိတဲ့အခါ ကွီးတို့ ကြုံတွေ့ရနိုင်တဲ့ ဆိုးကျိုးတွေအကြောင်းကို ပြောပြပေးပါမယ်။
(၁) မရည်ရွယ်ပဲ ကိုယ်ဝန် ရသွားနိုင်တယ်
Photo : Bucks County Women’s Wellness
အကာအကွယ် မပါပဲ ချစ်တင်းနှောခြင်းကနေ ကြုံတွေ့ရနိုင်တဲ့ အဖြစ်အများဆုံး ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုကတော့ မရည်ရွယ်ပဲ ကိုယ်ဝန်ရသွား နိုင်တာပါပဲ။ စိတ်ချရတဲ့ သန္ဓေတားနည်းတစ်ခုခု အသုံးမပြုပါပဲ ချစ်တင်းနှောမယ်ဆိုရင် ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေ များပါတယ်။ ကလေးယူဖို့ အဆင့်သင့်မဖြစ်သေးပဲ ကိုယ်ဝန်ရသွားတဲ့ ပြဿနာ မဖြစ်ရလေအောင် ချစ်တင်းနှော ချိန်မှာ အကာအကွယ် အသုံးပြုဖို့ လိုအပ်ပါတယ်။
(၂) လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေ ကူးစက်ခံရနိုင်တယ်
Photo : AfterOurs Urgent Care
အကာအကွယ်မဲ့ ချစ်တင်းနှောတဲ့ အခါ ဆီးပူညောင်းကျ ၊ ဆစ်ဖလစ်နဲ့ HIV တို့လို လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေ များပါတယ်။ ဒီရောဂါပိုးတွေဟာနာကျင်မှု ရောဂါလက္ခဏာတွေမှသည် ကျန်းမာရေးဆိုင်ရာ အကျိုးဆက်များစွာကို ဖြစ်ပေါ်စေနိုင်သလို အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည်အထိ ဆိုးကျိုးသက်ရောက်မှုများစွာ ရှိနိုင်ပါတယ်။
(၃) မျိုးဆက်ပွား ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်
Photo : California Center for Reproductive Health
အကာအကွယ်မဲ့ ချစ်တင်းနှောခြင်းရဲ့ အဓိက ဘေးထွက်ဆိုးကျိုး တစ်ခုကတော့ မျိုးပွားမှုကျန်းမာရေးကို ထိခိုက်စေနိုင်တာပါ။ အမျိုးသားရော အမျိုးသမီးတွေမှာပါ မျိုးဆက်ပွားကျန်းမာရေးကိုပါ ထိခိုက်နိုင်တာ ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် ကုသလို့မရနိုင်တဲ့ လိင်မှတစ်ဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေကြောင့် သားအိမ်ပြင်ပ သန္ဒေတည်ခြင်း ပြဿနာ ဖြစ်နိုင်သလို အမျိုးသားတွေမှာဆိုရင် သုက်ပိုးအရည်အသွေး ကျဆင်းပြီး မျိုးအောင်နိုင်ခြေနည်းပါးတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၄) ပြင်းထန်တဲ့ စိတ်ဖိစီးမှု ပြဿနာ ခံစားရနိုင်တယ်
Photo : Calm
အကာအကွယ် မပါပဲ ချစ်တင်းနှောပြီးနောက်မှာ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန် သို့မဟုတ် လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေလို ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ဆက်စပ်ပြီး ကြောက်ရွံ့မှု ၊ စိုးရိမ်ပူပန်မှုနဲ့ ပြင်းထန်တဲ့ စိတ်ဖိစီးမှုဒဏ်တွေကို ခံစားရနိုင်ပါတယ်။ အဆိုပါ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ နေ့စဉ်ဘဝထဲက လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်ရုံသာမက မိမိကိုယ်ကို လေးစားမှုတို့ကို ထိခိုက်စေပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားရခြင်း ၊ ရှက်ရွံ့ခြင်း သို့မဟုတ် နောင်တရခြင်းစတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။
Source : My Fit Brain
Featured Photo : South China Morning Post