လိင်ဆက်ဆံချိန်မှာ အကာအကွယ်တော့ သုံးပါရဲ့။ နည်းမမှန်ရင် ထိရောက်မှု မရှိနိုင်ပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ ကွန်ဒုံး အကာအကွယ် သုံးတဲ့အခါ နည်းစနစ်မှန်ကန်စေဖို့ သိထားရမယ့် အချက်တွေကို ပြောပြပေးချင်ပါတယ်။

(၁) သက်တမ်း ကုန်ဆုံးရက်ကို စစ်ဆေးပါ

condom
Photo : MensXP

ကွန်ဒုံး မသုံးခင် အမြဲတမ်း စစ်ဆေးရမယ့် အချက်ကတော့ သက်တမ်း ကုန်ဆုံးရက်ပါ။ သက်တမ်းကုန်ဆုံးနေတဲ့ ကွန်ဒုံးတွေကို ကွီးတို့ သုံးမိရင် အန္တရာယ်ရှိနိုင်ပါတယ်။ ကွီးတို့ သုံးမယ့် ကွန်ဒုံးဟာ သက်တမ်းကုန်နေပြီဆိုရင် ဆက်မသုံးသင့်ပါဘူး။ ဒိတ်လွန်နေတဲ့ ကွန်ဒုံးတွေဟာ အာနိသင်လျော့ကျနေပြီး ကောင်းကောင်း ကာကွယ်မှု မပေးနိုင်တာကြောင့် လိင်ဆက်ဆံစဉ်မှာ အကာအကွယ် ဝတ်ထားရင်တောင် ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်နဲ့ လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ ဖြစ်နိုင်ခြေ များပါတယ်။

(၂) ကွန်ဒုံးအိတ်ကို မဖောက်ခင် လက်ဆေးပါ

condom
Photo : MensXP

သန့်ရှင်းမှုဟာ အရေးကြီးပါတယ်။ ကွန်ဒုံးအိတ်ကို ဖောက်ပြီး လက်နဲ့တိုက်ရိုက် ထိတွေ့ကိုင်တွယ်မှု မပြုခင်မှာ ကွီးတို့ရဲ့ လက်တွေဟာ သန့်ရှင်းနေဖို့ သေချာပါစေ။ လိင်အင်္ဂါနဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေဟာ ကွီးတို့ရဲ့ လက်မှာ စွန်းပေနေနိုင်တဲ့အတွက် ရောဂါပိုးမွှားတွေ အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် အကာအကွယ် မသုံးခင် အရင်ဆုံး လက်ကို ဆေးကြောသန့်စင်ပေးရမှာ ဖြစ်ပါတယ်။

(၃) လေဖောင်းမဖောင်း စမ်းပါ

condom
Photo : MensXP

ကွန်ဒုံးတွေ ပျက်စီးခြင်းကနေ ကာကွယ်ဖို့ ထုတ်လုပ်ချိန်မှာ အိတ်အတွင်း လေအနည်းငယ် ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် ကွန်ဒုံးအိတ်ကို မဖောက်ခင် အိတ်အတွင်းမှာ လေဖောင်းမဖောင်းကို စစ်ဆေးကြည့်သင့်ပါတယ်။ လေပူဖောင်းကို မခံစားမိဘူးဆိုရင်တော့ ပျက်စီးနေတာ ဒါမှမဟုတ် ကွီးတို့ မမြင်နိုင်တဲ့ အပေါက်တစ်ခုခု ရှိနေတာ ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ အဲ့ဒီကွန်ဒုံးကို မသုံးသင့်တော့ပါဘူး။

(၄) လိင်တံမှာ မဝတ်ခင် ဘက်မှန်မမှန် အရင်ကြည့်ပါ

condom
Photo : MensXP

ကွန်ဒုံးကို လိင်တံပေါ် ဝတ်ဆင်ပြီး လိပ်ထားတဲ့ အပိုင်းကို အောက်သို့ ဖြည်မချခင်မှာ ဘက်မှန်မမှန် ကြည့်ရပါမယ်။ အရင်ဆုံး လက်ချောင်းထိပ်မှာ စွပ်ပြီး ကွန်ဒုံး ဘက်မှန်မမှန်ကို စစ်ပါ။ အကယ်၍ လိင်တံပေါ်မှာ ဝတ်ဆင်ပြီးမှ ဘက်မှားနေတယ် ၊ အောက်ကို ဆက်ဖြည်ချလို့ မရဘူးဆိုရင် ပြောင်းပြန်လှန်ပြီး ဆက်သုံးတာမျိုး မလုပ်ပါနဲ့။ အသစ်တစ်ခု ပြောင်းသုံးသင့်ပါတယ်။

Source : MensXP

Featured Photo : Dr. Snug