vivo ကနေ Screen အကိတ် ၊ ဘက်ထရီ အကိတ်နဲ့ ဈေးသက်သက်တဲ့ Y78+ ဖုန်းအသစ်ကို မိတ်ဆက်လိုက်ပါတယ်။ vivo Y78+ဖုန်းရဲ့ 8/128GB မော်ဒယ်အတွက် အခြေခံစျေးနှုန်းမှာ ယွမ် ၁,၆၀၀ (ဒေါ်လာ ၂၃၀ / ယူရို ၂၁၀ / ရူပီး ၁၉,၀၀၀ ) ခန့် သတ်မှတ်ထားပြီး တရုတ်မှာ ယအခုအပတ် ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၆ ရက်) ကစတင်ပြီးရောင်းချသွားမှာ ဖြစ်ပါတယ်။ 8/256GB နဲ့ 12/256GB မော်ဒယ်တွေကတော့ ယွမ် ၁,၈၀၀ နဲ့ ယွမ် ၂,၀၀၀ ခန့် အသီးသီးကျသင့်မှာ ဖြစ်ပါတယ်။

vivo Y78+

Photo : GSMArena.com

vivo Y78+ ဖုန်းရဲ့ အဓိက ဆွဲဆောင်မှုမှာ ၎င်းရဲ့ အကိတ် Screen လို့ ပြောရမှာဖြစ်ပြီး ၆.၇၈ လက်မ AMOLED Panel နဲ့အတူ FHD+ Resolution (20:9) မှာ 120Hz Refresh Rate နဲ့ 100% DCI-P3 Coverage (105% NTSC) တို့ပါဝင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမြင့်ဆုံး Brightness မှာ ၁,၃၀၀ Nits အထိ ရှိပါတယ်။

ပြီးတော့ မျက်နှာပြင်က ကွေးညွှတ်တဲ့ Curved Display ကို သုံးပေးထားပြီး ပရီမီယံဆန်တဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်မယ့် Under-Display Fingerprint Sensor ကိုလည်း ထည့်သွင်းပေးထားပါတယ်။ နောက်ထပ် vivo Y78+ ဖုန်းရဲ့ ထူးခြားချက်တစ်ခုကတော့ 44W နဲ့ အားသွင်းနိုင်မယ့် 5,000mAh ပါဝါဆဲလ် ဘက်ထရီ အကိတ်ကို တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

vivo Y78+

Photo : GSMArena.com

ဒါ့အပြင် 3.5 mm နားကြပ်ပေါက်ရော USB-C Port ကနေပါ Headphone တပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပြီး Wireless အတွက်ကတော့ Bluetooth 5.1 ထောက်ပံ့ပေးထားပြီး aptX HD/Adaptive နဲ့ LDAC ကို သုံးနိုင်မှာ ဖြစ်ပါတယ်။

ဒီဈေးတန်းမှာ Screen အကိတ် ၊ ဘက်ထရီ အကိတ်သုံးပေးထားပြီး Chipset ကိုတော့ Snapdragon 695 မောင်းနှင်ထားတာဟာ သိပ်တော့လည်း အပြစ်ပြောလို့မရဘူးလို့ ပြောရမှာပါ။ vivo အနေနဲ့ Memory ပိုင်းကိုတော့ ဝိတ်လျော့မထားပဲ 8 သို့မဟုတ် 12GB LPDDR4X RAM နဲ့ 128 သို့မဟုတ် 256GB UFS 2.2 Storage (microSD slot မပါ) ကို ပေးထားပါတယ်။

vivo Y78+

Photo : GSMArena.com

ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ 50MP Main ကင်မရာ (f/1.8 Lens နဲ့ OIS) ကို 2MP Depth Sensor နဲ့ တွဲဖက်တင်ဆက်ထားတဲ့ အခြေခံကင်မရာ Setup သုံးပေးထားပေမယ့် Chipset ကြောင့် 1080p ဗီဒီယိုတွေကိုတော့ ရိုက်ကူးနိုင်မှာ မဟုတ်ပါဘူး။ အရှေ့ဘက်မှာတော့ Notch ထဲမှာ ထည့်သွင်းမြုပ်နှံထားတဲ့ 8MP ဆယ်လ်ဖီကင်မရာ (f/2.0) ပါရှိပါတယ်။

vivo Y78+ ဖုန်းကို အရောင်တွေအနေနဲ့ အပြာ၊ အဝါနဲ့ အနက်ရောင်ဆိုပြီး ၃ မျိုးရွေးချယ်စရာပေးထားပြီး အရောင် ၃ ခုလုံးမှာ အနည်းငယ်ရောင်ပြန်တဲ့ Gradient Effect ပါရှိမှာ ဖြစ်ပါတယ်။

Featured Photo : GSMArena.com