ယခုနှစ် ဘောလုံးရာသီအတွင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနေတဲ့ လူငယ်ခြေတက် ကစားသမားတွေ များစွာ ထွက်ပေါ် လာနေပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အသင်းကြီးတွေမှာ အားထားရတဲ့ ကစားသမား တွေအဖြစ် ရပ်တည်နေကြပြီး ဘောလုံးပရိသတ်တွေအကြိုက် ခြေစွမ်းကောင်းတွေကို ပြသထားနိုင်သူတွေလို့ ပြောရင် မမှားနိုင်ပါဘူး။ ဒီထဲကမှ ကမ္ဘာ့အကောင်းဆုံးလို့ သတ်မှတ်ခံထားတဲ့ လူငယ်ကစားသမား ၄ ဦးကို ရွေးချယ်တက်ဆက် ပေးချင်ပါတယ်။

(၁) Jude Bellingham (Real Madrid)

Jude Bellingham

Photo : Radio Times

နံပါတ် ၁ နေရာမှာ ရပ်နေတည်နေတာကတော့ Real Madrid အသင်းမှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန်ကွင်းလယ် ကစားသမား Bellingham ပါ။ အသက် ၂၁ နှစ်သာ ရှိသေးတဲ့ ကွင်းလယ် ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွေ့ကာလမှာ Real Madrid အသင်းထံကို ယူရို (၁၀၃) သန်းနဲ့ ရောက်ရှိလာခဲ့ပြီး အကောင်းဆုံး ခြေစွမ်းတွေကို ပြသနေခဲ့တာ ဖြစ်ပါတယ်။ Real Madrid  နည်းပြ Carlo Ancelotti ရဲ့ အားထားရတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး စပိန်လက်ရွေးစင်အသင်းနဲ့လည်း မကြာခင် ဆုဖလားတွေ ကိုင်မြှောက်နိုင်ဖွယ် ရှိနေပါတယ်။

(၂) Pedri (Barcelona)

Pedri

Photo : Radio Times

အကောင်းဆုံး လူငယ်ကစားသမား စာရင်းမှာ ဒုတိယမြောက်နေရာကနေ ရပ်တည်နေသူကတော့ Barcelona အသင်း ကြယ်ပွင့်ကစားသမား Pedri ပါပဲ။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ Las Palmas ကနေ Barcelona အသင်းထံ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိက အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့သူပါ။ ကွင်းလယ်မှာ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနေတဲ့ အသက် ၂၁ နှစ်အရွယ် ကစားသမားလေးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းကလည်း Golden Boy နဲ့ Kopa Trophy ဆုတွေကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

(၃) Bukayo Saka (Arsenal)

Bukayo Saka

Photo : Radio Times

လက်ရှိ အကောင်းဆုံး လူငယ် ကစားသမားတွေ အကြောင်းပြောတဲ့အခါ Arsenal အသင်း တိုက်စစ် ကစားသမား Bukayo Saka ကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ Arsenal အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ အတောက်ပဆုံး ခြေစွမ်းကောင်းတွေကို ပြနေပြီး ပြီးခဲ့တဲ့ နှစ်ရာသီမှာလည်း အင်္ဂလန်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိထားပါတယ်။

(၄) Gavi (Barcelona)

Gavi
Photo : Radio Times

အသက် ၁၉ နှစ်အရွယ် Barcelona ကွင်းလယ် ကစားသမား Gavi ကတော့ Barcelona အသင်းဂန္ထဝင် ကစားသမားတွေ ဖြစ်တဲ့ Andrés Iniesta နဲ့ Xavi တို့နဲ့ နှိုင်းယှဉ်ခံထား ရလောက်တဲ့အထိ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ လူငယ်ခြေတက် ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ Golden Boy ဆုနဲ့ Kopa ဆုဖလားတွေကို ရရှိထားပြီး Barcelona အသင်းမှာ အားထားရတဲ့ ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပါတယ်။

Source : Radio Times

Featured Photo : GiveMeSport