ရုပ်ရှင်ဇာတ်ကား အမျိုးအစားအများကြီး ရှိတဲ့အထဲကမှ စွန့်စားခန်း၊ တိုက်ခိုက်ခန်းတွေနဲ့ စိတ်လှုပ်ရှားပြီး တက်ကြွစွာ ကြည့်ရှုရတဲ့ အက်ရှင်ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ကွီးတို့ရှိပါသလား။ အက်ရှင်ဇာတ်ကားတွေကို မလွတ်တန်းကြည့်တဲ့ ကွီးတို့အတွက် ဒီနှစ်ပိုင်းမှာတင် ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် အက်ရှင်မှ အက်ရှင် ဆိုတဲ့ ကွီးတို့အတွက် ဒီပိတ်ရက်မှာ အနားယူရင်းကြည့်ဖို့ ဇာတ်ကားကောင်းတွေကို ဝေမျှပေးလိုက်ပါတယ်ဗျာ။
Ant-Man and the Wasp: Quantumania
Source : Marvel Entertainment
ကွီးတို့အတွက် ပထမဆုံး ဖော်ပြပေးချင်တဲ့ အက်ရှင်ဇာတ်ကားကောင်းကတော့ Marvel ပရိသတ်တွေအတွက် ‘Ant-Man and the Wasp: Quantumania’ ဆိုတဲ့ Ant Man ရဲ့ တတိယမြောက် ဇာတ်ကားပဲ ဖြစ်ပါတယ်။ စွန့်စားခန်းများနဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပြီး အက်ရှင်ဇာတ်ကား ကြိုက်နှစ်သက်တဲ့ ကွီးတို့ အကြိုက်တွေ့စေမှာပဲ ဖြစ်ပါတယ်။ ဒီကားက ၂၀၂၃၊ ဖေဖော်ဝါရီလ ၁၇ ကမှ ထွက်ရှိထားတာ ဖြစ်ပြီး မကြည့်ရသေးတဲ့ ကွီးတို့အတွက်ကြည့်ဖို့ ရွေးချယ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
John Wick: Chapter 4
Source : Rotten Tomatoes
John Wick ကားတွေ မကြည့်ဖူးသေးရင် အက်ရှင်ဝါသနာအိုးလို့ ပြောလို့မရသေးပါဘူး။ အက်ရှင်ဇာတ်ကားများ ကြိုက်နှစ်သက်တဲ့ ကွီးတို့နဲ့ John Wick ပရိသတ်များအတွက် လေးကားမြောက်ဖြစ်တဲ့ John Wick: Chapter 4 က ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ကပဲ လောလောလတ်လတ် ထွက်ရှိထားပါတယ်။ မင်းသားကြီး Keanu Reeves ရဲ့ အမိုက်စား သရုပ်ဆောင်ချက်တွေရယ် ဘယ်လို စိတ်ဝင်စားဖွယ် အက်ရှင်နဲ့ စွန့်စားခန်းတွေကို ရှုစားရမလဲဆိုတာ ကြည့်လိုက်ရအောင်ဗျာ။
Plane
Source : Liogate Movies
ဒီဇာတ်ကားကတော့ နှစ်ဆန်းပိုင်း ဇွန်နဝါရီလ ၁၃ ကမှ ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကား အစပိုင်းမှာ လေယာဉ်ပျက်ကျသွားပြီး ဘယ်လိုတွေ ဆက်ဖြစ်မှာလဲ၊ ပျက်ကျတဲ့နေရာမှာရော ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်တမမနဲ့ စိတ်လှုပ်ရှားဖွယ် ရှုစားရမယ့် ဇာတ်ကားဖြစ်ပါတယ်။ အက်ရှင်မှ အက်ရှင် ဆိုတဲ့ ကွီးတို့အတွက် ရွေးချယ်သင့်တဲ့ ဇာတ်ကားပါပဲ။
Shotgun Wedding
Source : Rotten Tomatoes
ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောရင်း အက်ရှင်ဇာတ်ကားကောင်းလေးတွေ ကြည့်ချင်ရင် Shotgun Wedding ဆိုတဲ့ ကားလေးရှိပါတယ်။ ဒီကားလေးရဲ့ နာမည်လေးအတိုင်း ပျော်ရွှင်စရာ မင်္ဂလာပွဲကနေ ဘယ်လို စိတ်လှုပ်ရှားစရာ၊ ရယ်မောစရာတွေ ဖြစ်လာလဲဆိုတာတော့ ရှုစားရမှာပါ။ ဒီကားထဲမှာ ပရိသတ်တွေ အချစ်တော် Jennifer Lopez နဲ့ Josh Duhamel တို့ပါဝင်ထားတဲ့အတွက် စိတ်ကျေနပ်စေမှာတော့ အသေအချာပါပဲ။
65
Source : Sony Picture Entertainment
ဒီဇာတ်ကားကတော့ စိတ်ကူးယဉ်ပ္ပံဇာတ်လမ်း ဖြစ်ပြီး အာကာသယာဉ်မှူး Mills က ကမ္ဘာမြေပေါ်ရဲ့ လွန်ခဲ့သော နှစ်ပေါင်း ၆၅ သန်းခန့်မှာ လေယာဉ်ပျက်ကျပြီး သောင်တင်နေပါတော့တယ်။ ဒီလွန်ခဲ့တဲ့နှစ်ပေါင်း ၆၅ သန်းခန့်မှာ သူနဲ့အတူ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ကောင်မလေးတစ်ယောက်နဲ့ နှစ်ယောက်သား ဘာတွေ ကြုံတွေ့ရမလဲ၊ ဘာတွေကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရမလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုလိုက်ရအောင်။
ကဲ ကွီးတို့ရေ Weekend မှာ အက်ရှင်ဇာတ်ကားကောင်းတွေနဲ့ ဇိမ်ကျကျ အပန်းဖြေလိုက်ရအောင်ဗျာ။
Source : Marie Claire
Featured Photo : Trailer Addict