ကွီးတို့က စမတ်ဖုန်း အသစ် တစ်လုံး ဝယ်ချင်ပြီးတော့ အကြမ်း လည်း ခံတာမျိုး ဒီဇိုင်းလည်း လှ တာမျိုးမှ လိုချင်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် စမတ်ဖုန်း အမျိုးအစားများကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။
Samsung Galaxy S24

သူ့ရဲ့ ဒီဇိုင်းက မိမိုက်နေတဲ့အပြင် အကြမ်းလည်း ခံတာကြောင့် ပေးရတဲ့ ဈေးနဲ့ ပြန်ရတဲ့ ကွာလတီက တန်တယ်လို့တောင် ပြောလို့ ရပါတယ်။ Samsung ဖုန်းတွေက ကင်မရာပိုင်းမှာ ပြောစရာမလိုအောင်ကို ကောင်းတာကြောင့် ကွီးတို့အနေနဲ့ ဝယ်သုံးသင့်တဲ့အထဲမှာ ပါပါတယ်။
Google Pixel 7a
![]()
ကင်မရာမှ မဟုတ်ဘူး။ အကုန်လုံး အလုံးစုံကောင်းတဲ့ ဖုန်းမျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ Google Pixel 7a က ကွီးတို့အကြိုက်နဲ့ ကွက်တိကျနေပါလိမ့်မယ်။ ဒီဇိုင်းကလည်း မိမိုက်နေပြီး ကွာလတီကလည်း ကောင်းတဲ့အပြင် Magic Eraser လို့ခေါ်တဲ့ မှော်ခဲဖျက်လေးနဲ့လည်း ပုံတွေကို Edit လုပ်ကာ ပြင်နိုင်ပါသေးတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၉၉ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။
OnePlus Nord N30 5G

သူ့ရဲ့ စခရင်မ် အရွယ်အစားကတော့ ၆.၇၂ လက်မ အရွယ်အစား ရှိပါတယ်။ ဆင်းကဒ်အမျိုးအစားကတော့ Nano-Sim ဖြစ်ပြီး အလေးချိန်ကတော့ ၆.၈ အောင်စလောက် လေးပါတယ်။ ဒီမော်ဒယ် အမျိုးအစားကတော့ ဒေါ်လာ ၂၅၀ ဝန်းကျင်သာ ကုန်ကျမှာ ဖြစ်ပါတယ်။ 50W Wired Charging နဲ့ ထုတ်လုပ်ထားခြင်းကတော့ သူ့ရဲ့ အားသာချက် ဖြစ်ပါတယ်။ ဒါ့ကြောင့် ခဏလေး အားသွင်းထားတာနဲ့ အားပြည့်မြန်ပါတယ်။ အခုလို အချိန်မျိုးမှာ ဝယ်ယူထားသင့်တဲ့ ဖုန်းတစ်လုံးပါပဲ။
Realme C35

Realme ကလည်း စမတ်ဖုန်း ချစ်သူများအကြား နာမည်ကြီးတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဘက်ဂျက် ဖုန်းကိုမှ ကင်မရာ ကောင်းတာမျိုးကို ရှာတယ်နေတယ်ဆိုရင်တော့ Realme C35 ကိုလည်း ကွီးတို့ စာရင်းထဲမှာ ထည့်ထားသင့်ပါတယ်။ ဒီမော်ဒယ်အမျိုးအစားရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၈၉ ဒေါ်လာသာ ပေးချေရမှာ ဖြစ်ပါတယ်။ အကြမ်းလည်း ခံပြီး ဒီဇိုင်းကလည်း မိမိုက်နေတာကြောင့် အားလုံး နှစ်သက်ကြမယ့် အမျိုးအစားလေးပါ။
Samsung Galaxy S23 Ultra

သူ့ရဲ့ Display ကတော့ ၆.၈ လက်မရှိပြီး Super AMOLED ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ CPU ကတော့ Snapdragon 8 Gen 2 ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ကင်မရာကလည်း အလန်းစားဆိုတော့ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ ကွီးတို့အတွက်တော့ ကွက်တိပါပဲ။ သူ့ရဲ့ အလေးချိန်ကတော့ ၈.၃ အောင်စခန့်သာ လေးပါတယ်။ ဘက္ထရီကလည်း တစ်ခါ အားဖြည့်ထားတာနဲ့ အကြာကြီးခံတဲ့ စမတ်ဖုန်း အမျိုးအစားပဲဖြစ်ပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၈၉၂ ဒေါ်လာ ကုန်ကျမှာ ဖြစ်ပါတယ်။
အခုဖော်ပြသွားတဲ့ အမျိုးအစားများကတော့ အကြမ်း လည်း ခံပြီး ဒီဇိုင်းလည်း လှ တဲ့ ဖုန်းအမျိုးအစားများပဲဖြစ်ပါတယ်။ ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ အာမခံပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့အထဲက ဘယ်အမျိုးအစားလေးကို သွားရေကျနေပါသလဲ။
Source: Stuff
Featured Image: Zdnet.com
