ကွီးတို့ စကီလေးရဲ့ အကြိုက် ပေါ် လိုက်ပြီး ချစ်တင်းနှော နိုင်ဖို့ဆိုရင် ကွီးတို့သည် ကျန်းမာနေပြီး သက်လုံကောင်းကာ အမောခံနိုင်ဖို့ လိုအပ်ပါတယ်။ ကျန်းမာပြီး သက်လုံကောင်းကာ အမောခံနိုင်မှသာလျှင် ကွီးတို့ရဲ့ ပါဖောမန့်စ်ကလည်း မြင့်တက်လာမှာ မဟုတ်လား။

ဖဲမွေ့ရာထက်မှာ ရှော်တီလေးရဲ့ အကြိုက် လိုက်ပြီး ချစ်တင်းနှော နိုင်ဖို့အတွက် ဘာတွေ သိထားဖို့ လိုမလဲ။ ဘယ်လိုမျိုး ပြင်ဆင်ထားဖို့ လိုအပ်မလဲ။

(၁) အလုပ်က စိတ်ညစ်စရာများအား အိမ်ကို သယ်မလာပါနဲ့

couple on bed

ယနေ့ခေတ်မှာ လူတော်တော်များများဟာ နေ့စဉ်ဖြတ်သန်းနေရတဲ့ လူနေမှုဘဝကနေ စိတ်ဖိစီးမှုတွေ ရနေကြပါတယ်။ စိတ်ဖိစီးမှုက ကွီးတို့အတွက် ဘက်ပေါင်းစုံကနေ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုက Libido လို့ခေါ်တဲ့ လူတစ်ဦးရဲ့ အလုံးစုံ လိင်ပိုင်းဆိုင်ရာ တွန်းအား သို့မဟုတ် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအတွက် ဆန္ဒကိုလည်း ထိခိုက်စေပါတယ်။ ထို့အပြင် စိတ်ဖိစီးမှု (Stress) က ကွီးတို့ရဲ့နှလုံးခုန်နှုန်း (ကျန်းမာရေးနှင့် မညီညွတ်သောနည်းဖြင့်) နှင့် သွေးဖိအားကို တိုးစေပါတယ်။

ထိုနှစ်မျိုးလုံးက လိင်ဆန္ဒနှင့် စွမ်းဆောင်ရည်ကို ထိခိုက်စေပါသည်။စိတ်ဖိစိးမှုများက ခံစားမှု အထွတ်အထိပ် (Orgasm) ကို ရောက်ရှိရန်ဖို့ကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ကောင်းမွန်တဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် စိတ်ဖိစီးမှုကို လျှော့ချဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကလည်း စိတ်ဖိစီးမှုကို လျှော့ချပေးဖို့ ကူညီပေးနိုင်ပါတယ်။ နောက်တစ်နည်းကတော့ ကွီးတို့ရဲ့စိတ်ဖိစီးမှုတွေအကြောင်း လက်တွဲဖော်နဲ့ စကားပြောခြင်းက ကွီးတို့ရဲ့ ဆက်ဆံရေးကို အားကောင်းစေပြီး တစ်ချိန်တည်းမှာ စိတ်ကိုတည်ငြိမ်စေနိုင်ပါတယ်။

(၂) လေ့ကျင့်ခန်း များများ ပြုလုပ်ပါ

အကြိုက် ချစ်တင်းနှော

အမျိုးသားတစ်ယောက် အတွက် မိမိကိုယ်တိုင်အတွက်ရော မိမိရဲ့လက်တွဲဖော်အတွက်ပါ စိတ်ကျေနပ်မှု အပြည့်အဝရစေဖို့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တယ်လို့ ပြောလို့ရပါတယ်။ လေ့ကျင့်ခန်းလုပ်တာဟာ ကွီးတို့ရဲ့ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ထို့အတူ ကွီးတို့အတွက် ပိုမိုကောင်းမွန်တဲ့ လိင်မှုဘဝ ကိုရရှိပိုင်ဆိုင်နိုင်ဖို့ လေ့ကျင့်ခန်းတွေက ကူညီပေးနိုင်ပါတယ်။ “တစ်ပတ်လျှင် သုံးကြိမ်မှ လေးကြိမ်အထိ လေ့ကျင့်ခန်းလုပ်ခြင်းက ပိုမိုကောင်းမွန်သော လိင်ပိုင်းဆိုင်ရာ လိုက်လျောညီထွေမှုကို ဖြစ်စေပြီး ခံနိုင်ရည်ရှိရန် များစွာအထောက်အကူပြုနိုင်တယ်” လို့ ကျွမ်းကျင်သူများက ဆိုထားပါတယ်။

(၃) ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ၊ အထူးသဖြင့် ကွီးတို့ ညီလေးအတွက် အာဟာရဖြစ်စေမယ့် အစားအစာများကို များများ စားသုံးပါ

အကြိုက် ချစ်တင်းနှော

အချို့သော အစာအစာများက သွေးစီးဆင်းမှုကို အားကောင်းစေပြီး ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ကာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အတွက် များစွာ အထောက်အကူပြုပါတယ်။ ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်စေဖို့အတွက်လည်း အစားအစာတွေကလည်း ကူညီပေးနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအစာ အချို့မှာ ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ ဆယ်လ်မွန်၊ ကြက်ဥ၊ တူနာ စတာတွေပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့် ရှော်တီလေးရဲ့ အကြိုက် လိုက်နိုင်ပြီး ပျော်ရွှင် ကြည်နူးစွာ ချစ်တင်းနှော နိုင်ဖို့အတွက် ဘာတွေ လုပ်ဆောင်နေပါသလဲ။

Source: Healthline.com

Featured Image: Freepik