ဒီနေ့ခေတ်မှာ နည်းပညာတွေ မြင့်မားလာမှုနဲ့အတူ စမတ်ဖုန်း တွေကလည်း ပိုမိုအဆင့်မြင့် ကောင်းမွန်လာပါတယ်။ စမတ်ဖုန်းတွေမှာ ပါဝင်လာတဲ့ အင်္ဂါရပ်တွေနဲ့ ကင်မရာတွေကလည်း ပိုမိုကောင်းမွန်လာကာ မြင့်မားသော စွမ်းဆောင်ရည်ကို ထည့်သွင်းထားပါတယ်။ ဒါ့ကြောင့် ဓာတ်ပုံတွေ ရိုက်ကူးဖို့ ကင်မရာတွေကို သီးသန့်မသုံးချင်တဲ့ သူတွေကတော့ အမှတ်တရ အခိုက်အတန့်တွေကို ဖုန်းနဲ့ပဲ ဘယ်ကိုသွားသွား ပေါ့ပေါ့ပါးပါး ရိုက်ကူးလို့ ရနိုင်ပါတယ်။ ဒီနေ့မှာတော့ ဓာတ်ပုံရိုက်ဖို့အတွက် အကောင်းဆုံးသော ဖုန်းတွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။

Samsung Galaxy S23 Ultra

အခိုက်အတန့်တွေကို ဖုန်းနဲ့ပဲ

Photo : Moi Trusong Do

ကွီးတို့က Android ထဲကလည်း လိုချင်တယ် ကင်မရာလည်းကောင်းတဲ့ စမတ်ဖုန်းတစ်လုံးကို လိုချင်ရင် Samsung ရဲ့  Galaxy S23 Ultra ရှိပါတယ်။ ဒီဖုန်းက ကောင်းမွန်တဲ့ Zoom ရိုက်ချက်များကို ဖန်တီးနိုင်တဲ့ Telephoto ကင်မရာတစ်စုံကြောင့် တော်တော်လေး မိုက်တယ်လို့ ဆိုနိုင်ပါတယ်။ သူ့ရဲ့ Rare Cameras အနေနဲ့ ကတော့ 108MP (wide) + 10MP (periscope, 10x optical) + 10MP (telephoto, 3x optical) + 12MP (ultrawide, 120-degree) ဖြစ်တဲ့အတွက် ရုပ်ထွက်အားကတော့ တကယ်ကို သာလွန်ကောင်းမွန်ပါတယ်။ Front Camera က 40MP ပါရှိပါတယ်။

iPhone 15 Pro Max

အခိုက်အတန့်တွေကို ဖုန်းနဲ့ပဲ

Photo : CNet

Apple ရဲ့ နောက်ဆုံးပေါ်ဖြစ်တဲ့ iPhone 15 Pro Max မှာ ပိုမိုကောင်းမွန်တဲ့ Telephoto Lens ပါရှိပြီး 5x zoom ကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ၎င်းမှာ ပါဝင်တဲ့ Smart HDR က ပုံတူနှင့် ညရိုက်ချက်များတွင် ပိုမိုကောင်းမွန်စွာ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ Rare Cameras အနေနဲ့ကတော့ 48MP (f/1.78) main with 2x optical zoom, 12MP (f/2.2) ultrawide, 12MP (f/2.8) telephoto with 5x optical zoom ဖြစ်ပြီး Front camera အနေနဲ့ကတော့ 12MP (f/1.9) ဖြစ်ပါတယ်။ နောက်ဆုံးပေါ်ကို ကြိုက်နှစ်သက်ပြီး iOS ကိုပဲ သုံးချင်တယ်ဆိုရင်တော့ iPhone 15 Pro Max က အကောင်းဆုံး ရွေးချယ်မှုပါ။

Google Pixel 8 Pro

Photo : Independent.ie

Apple နဲ့ Samsung တို့အပြင် နောက်ထပ် ရွေးချယ်စရာတစ်ခုကို ပြပါဆိုရင် Google Pixel 8 Pro ရှိပါတယ်။ ဒီဖုန်းက အကောင်းဆုံး Computational Photography ဖုန်းဖြစ်ပြီး ထူးခြားတဲ့ AI-assisted ပါဝင်ပါတယ်။ သူရဲ Rare Cameras ကတော့ 50MP (f/1.68) main, 48MP (f/1.95) ultrawide, 48MP (f/2.8) telephoto with 5x optical zoom ဖြစ်ပြီး Front camera ကတော့ 10.5MP (f/2.2) တပ်ဆင်ထားရှိပါတယ်။ ဒါ့အပြင် ၎င်းမှာ ပါဝင်တဲ့ Tensor G3 က Best Take၊ Magic Editor နှင့် Audio Magic Eraser ကဲ့သို့သော လုပ်ဆောင်ချက် အသစ်များကို အသုံးပြုနိုင်စေပါတယ်။

Google Pixel 7a

Photo : Engadget

ကွီးတို့ရဲ့ အလှပဆုံးသော အခိုက်အတန့်တွေကို ဖမ်းယူထားနိုင်ဖို့ နောက်ထပ်ဖော်ပြပေးချင်တဲ့ ဖုန်းတစ်လုံးကတော့ Google Pixel 7a ပဲ ဖြစ်ပါတယ်။ ဒီဖုန်းမှာ 64MP ပင်မကင်မရာကို အဆင့်မြှင့်တင်ထားပြီး Tensor G2 Chip က ကောင်းမွန်သော ဓာတ်ပုံအင်္ဂါရပ်များကို ရရှိနိုင်ဖို့ ထောက်ပံ့ပေးထားပါတယ်။ သူ့ရဲ့ Rear Cameras ကတော့ 64MP main (f/1.89), 13MP ultrawide (f/2.2) ဖြစ်ပြီး Front camera: 13MP (f/2.2) တပ်ဆင်ထားပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ဖုန်းနဲ့ပဲ ဓာတ်ပုံလေးတွေ ရိုက်ချင်တဲ့ သူများနဲ့ ဘယ်နေရာရောက်ရောက် ဖုန်းလေးနဲ့ မှတ်တမ်းတင်တတ်သူများအတွက် ကင်မရာအကောင်းဆုံး စမတ်ဖုန်း (၄) လုံးကို ဝေမျှပေးလိုက်တာပဲ ဖြစ်ပါတယ်။ ကင်မရာကောင်းတဲ့ စမတ်ဖုန်းဝယ်ဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် ဒီဆောင်းပါးလေးက အထောက်အကူ ပြုမယ်လို့ မျှော်လင့်ပါတယ်။

Source : Tom’s Guide

Featured Photo : Smartprix