ချစ်မှုရေးရာ အတိုင်ပင်ခံကျွမ်းကျင်သူတို့ရဲ့ အဆိုအရ ကွီးတို့ရဲ့ အချစ်ရေးမှာ အသုံးချနေတဲ့ အချစ် ဘာသာစကားဟာ အချစ်ရေးမှာ အရေးကြီးဆုံး အရာတစ်ခုလို့ ဆိုပါတယ်။ အချစ် ဘာသာစကားဆိုတာ Relationship တစ်ခုမှာ ဆက်သွယ်ရေးကို ပိုပြီး ခိုင်မြဲစွာ လက်တွဲပေါင်းဖက်နိုင်ဖို့အတွက် သုံးတဲ့ Language တစ်ခုပဲ ဖြစ်ပါတယ်။ ချစ်သူတွေအကြားမှာ အရေးကြီးလှတဲ့ အချစ် ဘာသာစကားတွေထဲက The 5 Love Languages: The Secret To Love That Lasts စာအုပ်ရေးတဲ့ ဒေါက်တာဂယ်ရီ ချက်ပ်မင်းရဲ့ အဆိုကို ဖော်ပြလိုက်ပါတယ်။
(၁) ချီးကျူးစကား
Photo: Pexels
ချီးကျူးတဲ့ စကားလေးတွေက ဂရုစိုက်မှုနဲ့ မြတ်နိုးမှုကို နှုတ်အားဖြင့် ဖော်ပြတာပဲ ဖြစ်ပါတယ်။ “ကျေးဇူးတင်ပါတယ် အချစ်ရယ်” ဆိုတဲ့ စကားလေးက နှစ်ယောက်စလုံးအတွက် ပိုပြီး အချစ်တိုး မြတ်နိုးစေတဲ့ ဂါထာလေးတစ်ခုပါပဲ။
(၂) လက်ဆောင်များ
Photo: Pexels
လက်ဆောင်ဆိုရာမှာ ကိုင်ပြလို့ရတဲ့ ပစ္စည်းရော လက်ဆုပ်လက်ကိုင် ပြလို့မရတဲ့ ပစ္စည်းရော နှစ်မျိုးလုံး ပါဝင်နေပါတယ်။ ပန်းတစ်ပွင့်ကနေ စိတ်အာဟာရတစ်ခုအထိ လက်ဆောင်ကောင်းတွေဟာ နှစ်ကိုယ်ကြား ဆက်ဆံရေးကို ပိုပြီး ခိုင်မြဲစေနိုင်စွမ်းရှိပါတယ်။
(၃) ပံ့ပိုးမှု
Photo: Pexels
အလိုက်တသိနဲ့ ပြောစရာမလိုဘဲ လုပ်ပေးလိုက်တဲ့ ကိစ္စလေးတွေကြောင့်လည်း တစ်ယောက်ကိုတစ်ယောက် တွယ်တာမှုတွေ နှစ်မာမြဲမြံ ဆက်ဆံပေါင်းသင်းနိုင်ပါတယ်။ မီးဖိုချောင် အတူတူ ဝင်တာကနေ ကိုယ့်ချစ်သူအတွက် ဘဝတိုးတက်ရေးအတွက် ကူညီပေးတာတွေအထိ အရာအားလုံးက တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ပေးနေတာပဲ ဖြစ်ပါတယ်။
(၄) ကြည်နူးဖွယ် အချိန်လေးများ
Photo: Pexels
အတူတူ အမှတ်ရစရာကောင်းလောက်အောင် ကြည်နူးခဲ့ရတဲ့ ကာလများကလည်း အချစ် ဘာသာစကားထဲက အသံမဲ့ဝါကျများပဲ ဖြစ်ပါတယ်။ နာကျင်စရာတွေ ကြုံချိန်မှာတောင် ရင်ခုန်လှိုက်မောဖွယ်ရာ အမှတ်တရကာလလေးတွေ ရှိခြင်းက တစ်ယောက်ကိုတစ်ယောက် နောက်မဆုတ် ၊ လက်မဖြုတ်ဖို့ ချည်ထားတဲ့ ကြိုးမျှင်လေးတွေနဲ့ တူပါတယ်။
(၅) ရုပ်ပိုင်း အထိအတွေ့လေးတွေ
Photo: Pexels
စကားလေးတစ်ခွန်းကို လူတွေက နှစ်ပေါင်းများစွာ အမှတ်ရနိုင်ပါတယ်။ အနမ်းတစ်ခုကိုတော့ သေသည်အထိ စွဲလမ်းသွားနိုင်ပါတယ်။ ကိုယ့်ချစ်သူ နဲ့ လိင်စိတ်အရရော ဘာစိတ်မှ မပါတဲ့ အဖြူထည်သက်သက် ခံစားချက်နဲ့ရော အချစ်ကို ဖော်ပြတဲ့ ဘာသာစကားတစ်ခုက ရုပ်ပိုင်းထိတွေ့မှုလေးတွေပါပဲ။ လက်ချင်းဆုပ်ပြီး လမ်းအတူလျှောက်ခဲ့ခြင်းကနေ အတူတူ အိပ်ရာပေါ် ပျော်မြူးခဲ့သည်အထိ ချစ်ခြင်းခရီးရှည်မှာ Physical Touch လေးတွေက စကားလုံးလေးတွေအဖြစ် စာစီသွားတာပဲ ဖြစ်ပါတယ်။
Featured Photo: Pexels