ကွီးတို့ရဲ့ လက်ရှိ သမီးရည်းစား ဆက်ဆံရေးဟာ ချစ်စကြိုက်စ တုန်းကလို ရင်ခုန်သက်ဝင် ချစ်ကျွမ်းဝင်တဲ့ ခံစားမှုလေးတွေ လျော့ကျလာနေတယ်လို့ ခံစားနေရပြီလား။ ဒါဟာ ကွီးတို့ တစ်ယောက်တည်း မဟုတ်ပါဘူး။ Relationship တစ်ခု အချိန်ကြာလာတာနဲ့အမျှ ကြုံရတက်တဲ့ ပုံမှန် ပြဿနာ တစ်ခုပါပဲ။ ကွီးတို့အနေနဲ့ ချစ်သူကောင်မလေးနဲ့ ဆက်ဆံရေးကို ပျင်းရိ ငြီးငွေ့ ဖွယ် မဖြစ်စေချင်ဘူး ၊ အခုလက်ရှိထက်ပိုပြီး ရင်နှီးမှု တည်ဆောက်ချင်တယ် ၊ ရင်ခုန်ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေး တစ်ခု ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ အခုပြောပြမယ့် အရာလေးတွေ လုပ်ကြည့်လိုက်ပါ။
(၁) ရယ်စရာလေးတွေ ပြောတက်ပါစေ
Photo : Allergy & Asthma Care
ဟာသဉာဏ်မရှိတဲ့ မောင်လူအေးကြီးတွေကို ဘယ်မိန်းကလေးကမှ ဒိတ်လုပ်ချင်မှာ မဟုတ်ပါဘူး။ ချစ်သူနှစ်ဦးသား တွေ့ဆုံချိန်မှာ ရယ်စရာကောင်းတဲ့ ဟာသလေးတွေ ပြောတက်ဖို့ကလည်း အရေးကြီးပါတယ်။ အတူတူ ရယ်မောပျော်ရွှင်ချိန်လေးတွေ ဖန်တီးတာက ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကို ပိုပြီးရင်းနှီးမှု ရစေမှာဖြစ်သလို အချစ်တွေလည်း ခိုင်မြဲလာစေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။
(၂) အသစ်အဆန်းတစ်ခုခု လုပ်ကြည့်ပါ
Photo : Freepik
အမြဲတမ်း ထပ်တလဲလဲဖြစ်နေတဲ့ ပုံစံခွက်ထဲက ရုန်းထွက်ပြီး စိတ်လှုပ်စရာကောင်းတဲ့ အသစ်အဆန်းလေးတွေ ဖန်တီးဖို့ လိုပါတယ်။ ဒိတ်လုပ်တဲ့အခါ နှစ်ယောက်စလုံး မသွားဖူးသေးတဲ့ နေရာအသစ်တစ်ခုခုကို သွားတာ ၊ အစားအသောက် အသစ်အဆန်းလေးတွေ မြည်းစမ်းကြည့်တာ ၊ စိတ်ဝင်စားတဲ့ သင်တန်းတစ်ခု အတူတူတက်တာ စသည်ဖြင့် လုပ်လို့ ရပါတယ်။ ပုံမှန် လုပ်နေကျအရာတွေထဲက ခွဲထွက်ပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အသစ်အဆန်းတစ်ခုခု လုပ်ကြည့်ပါ။
(၃) ခရီးတိုလေးတစ်ခု သွားပါ
Photo : CuddlyNest
ခရီးသွားရတာ ဝါသနာပါတဲ့ ချစ်သူနှစ်ဦးဆိုရင်တော့ ၃ လ တစ်ကြိမ်လောက်တော့ အနည်းဆုံး ခရီးတိုလေးတစ်ခု ထွက်သင့်ပါတယ်။ ခရီးသွားတယ်ဆိုတာ ချစ်သူနှစ်ဦးကြား ရင်းနှီးမှု ပိုတိုးလာစေမှာဖြစ်သလို တစ်ယောက်အပေါ် တစ်ယောက်လည်း ပိုမိုသိကျွမ်းနားလည်လာစေမှာ ဖြစ်ပါတယ်။
(၄) ရူးရူးမိုက်မိုက် အရာလေးတွေ လုပ်ကြည့်ပါ
ဒီလိုပြောလို့ The Notebook ရုပ်ရှင်ဇာတ်ကားထဲကလိုတော့ ကားလမ်းမပေါ်သွား မအိပ်နဲ့နော်။ ရင်ခုန်ပျော်ရွင်စရာကောင်းပြီး ချစ်သူနှစ်ဦးအတွက် အတွေ့အကြုံ အသစ်အဆန်းလေးတွေ ရစေမယ့် ရူးရူးမိုက်မိုက် အရာလေးတွေ လုပ်ကြည့်ရင်ပဲ ရပါပြီ။ ဥပမာ မိုးရေထဲမှာ ထီးမပါပဲ လမ်းလျောက်တာ ၊ ရင်ခုန်စရာ အနမ်းလေးတွေ ခြွေတာ ၊ စွန်းစားခန်းဖွင့်ရမယ့် အရာလေးတွေ လုပ်ဆောင်တာ စသည်ဖြင့် စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အရာလေးတွေ လုပ်ကြည့်သင့်ပါတယ်။
Featured Photo : GQ España