အချစ်ရေး နှင့် အိမ်ထောင်ရေး တို့တွင် အကြီးမားဆုံး ရန်သူကတော့ မာနတရား ပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား မာနတွေ ထားနေပြီး နှစ်ဖက်စလုံးက တင်းမာနေမယ်ဆိုရင်တော့ ထိုအချစ်ရေး၊ အိမ်ထောင်ရေးသည် အလွယ်တကူ ပြိုကွဲသွားမှာပဲ ဖြစ်ပါတယ်။

သာယာခိုင်မြဲတဲ့ အချစ်ရေး ၊ အိမ်ထောင်ရေး တစ်ခု ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ မာနတရား ကို ဖယ်ရှားထားဖို့ လိုပါလိမ့်မယ်။

အချို့ကလည်း မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းနှင့် မာနတရားတို့ကို အထင်မှားတတ်ကြပါတယ်။ တကယ်တော့ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းနှင့် မာနတရား ထားရှိခြင်းတို့သည် လုံးဝကို မတူညီကြပါဘူး။ မာနထားရှိခြင်းကတော့ ကိုယ့်ရဲ့ အားနည်းချက်များ၊ မပြည့်စုံမှုများကြောင့် သိမ်ငယ်စိတ်ဝင်ကာ မိမိသည် အခြားသူများထက် သာလွန်ကောင်းမွန်ကြောင့် ဟန်ဆောင်နေတာပဲဖြစ်ပါတယ်။ သို့သော် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေကတော့ ကိုယ့်ရဲ့ မာနကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိနားလည်ကြပါတယ်။

သင်တို့ရဲ့ အချစ်ရေး ၊ အိမ်ထောင်ရေး မှာ မာနတရား က ဘယ်လောက်ထိ နေရာယူထားသလဲဆိုတာကို ဘယ်လိုသိနိုင်မလဲ။

ငါသည်သာ အမြဲတမ်း မှန်ကန်နေတယ်လို့ ခံယူနေခြင်း

အချစ်ရေး အိမ်ထောင်ရေး မာနတရား

စုံတွဲ နှစ်ယောက်ထဲက တစ်ယောက်ယောက်မှာပဲဖြစ်ဖြစ်၊ နှစ်ယောက်စလုံးမှာပဲဖြစ်ဖြစ် ဒီလို စိတ်ထားမျိုး တွေ့မြင်နေရပြီဆိုရင်တော့ သေချာပါတယ်။ ထိုအချစ်ရေးမှာ မာနတရားများ ဖုံးလွှမ်းနေပြီပဲ ဖြစ်ပါတယ်။ ထိုစိတ်နေစိတ်ထားကို အမြန်ဆုံး ဖယ်ရှားနိုင်မှသာ သင်တို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းက သာယာကြည်နူးပြီး ထာဝစဉ် တည်တံ့ခိုင်မြဲမှာပဲ ဖြစ်ပါတယ်။

ဒီလိုလက္ခဏာမျိုး မြင်တွေ့ရတဲ့အခါ ဘယ်လိုလုပ်ရမလဲ။

လောကမှာ ပြီးပြည့်စုံတဲ့ လူသား၊ အမြဲတမ်း မှန်ကန်တဲ့လူသားဆိုတာ မရှိပါဘူး။ ကိုယ့်ဘက်ကချည်းပဲ မှန်ကန်နေတယ်ဆိုပြီး သတ်မှတ်လို့မရပါဘူး။ နားလည်မှုရှိတဲ့ အချစ်ရေးတစ်ခု တည်ဆောက်တဲ့အခါ နှစ်ယောက်စလုံးရဲ့ အမြင်ကို လေးစားဖို့လိုအပ်ပါတယ်။ တစ်ယောက်တည်းကသာ ငါ မှန်တယ်၊ ငါ ပြောတာကိုပဲ လက်ခံရမယ် ဆိုတဲ့ စိတ်ကို ဖယ်ရှားရမှာပဲဖြစ်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက်ကြား Communication ကျဆင်းသွားခြင်း

အချစ်ရေး အိမ်ထောင်ရေး မာနတရား

စုံတွဲများ အနေနဲ့ မနက်နိုးလာရင် မောနင်း မက်ဆေ့ချ်လေးတွေ ပေးပို့ရာကနေ တဖြည်းဖြည်း မပေးပို့ကြတော့တဲ့ အခြေအနေမျိုး၊ အိမ်ထောင်ဖက်များ အနေနဲ့လည်း တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးဖို့ နည်းပါးသွားခြင်းမျိုး စတဲ့ အခြေအနေတွေကို ကြုံတွေ့နေရပါသလား။ ဒါသည်လည်း မာနကို အခြေတည်ကာ ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။

တဖြည်းဖြည်းနဲ့ ပေါင်းသင်းဆက်ဆံရေးသည် နည်းပါးသွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် သွေးအေးသွားမှာဖြစ်ပြီး နောက်ဆုံးမှာတော့ ကိုယ့်လမ်းကိုယ်လျှောက်ကာ လမ်းခွဲသွားကြမှာပဲ ဖြစ်ပါတယ်။

တစ်ယောက်ကို တစ်ယောက် အမှန်တကယ်ချစ်တယ်ဆိုရင် အချိန်မနှောင်းခင်ကတည်းက ပြတ်စဲလုနီးပါး ဆက်ဆံရေးကို ပြန်လည်တည့်မတ်ရမှာပဲဖြစ်ပါတယ်။ သူ အရင် စခေါ်မှ၊ ငါ အရင် စခေါ်မှ စတာတွေကို ထည့်မတွက်ပါနဲ့။ ပိုချစ်တဲ့လူကသာ အရင် စခေါ်လိုက်ပါ။ တစ်ဖက်လူကလည်း သင့်ရဲ့စတင်မှုကို စောင့်ဆိုင်းနေတာလည်းဖြစ်နိုင်ပါတယ်။

သင်ကချည်းပဲ နစ်နာသူအဖြစ် ခံစားနေရပါသလား

အချစ်ရေး အိမ်ထောင်ရေး မာနတရား

ကိုယ်ကချည်းပဲ ခံနေရတယ်။ ကိုယ်ကချည်းပဲ နစ်နာသူ ဖြစ်နေရတယ်လို့ ခံစားရခြင်းသည်လည်း သင့်ရဲ့ မာနကြောင့်ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ မာနကြောင့် ကိုယ့်ကိုယ်ကိုယ် သနားစိတ်ဝင်လာတာဖြစ်ပါတယ်။ ကြာလာတဲ့အခါ သင့်ရဲ့ လက်တွဲဖော်အပေါ်မှာ အမြင်စောင်းလာပြီး သင်တို့ရဲ့ အချစ်ခရီးလမ်းမှာ အဖုအထစ်သဖွယ် ဖြစ်လာပါလိမ့်မယ်။ ဒါဆိုရင် ဘယ်လိုဖြေရှင်းရမလဲ။

သင် ခံစားနေရတဲ့ ခံစားချက်များကို သင့် လက်တွဲဖော်အား ပြောပြလိုက်ပါ။ ရိုးရိုးသားသားနှင့် ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလိုက်ပါ။ မဖွင့်ပြောဘဲ ဒီအတိုင်း ဆက်ခရီးသွားနေမယ်ဆိုရင် သင်တို့နှစ်ယောက်သည် တစ်ယောက်အပေါ်တစ်ယောက် မကောင်းမြင်လာပြီး သင်တို့ရဲ့ ဆက်ဆံရေးသည်လည်း တဖြည်းဖြည်း ဆိုးဝါးလာပါလိမ့်မယ်။ သူ့ဘက် ကိုယ့်ဘက် နားလည်ပြီး အပေးအယူမျှတဲ့ အချစ်ရေးတစ်ခု တည်ဆောက်ချင်တယ်ဆိုရင် ကိုယ်ကချည်းပဲ ပေးဆပ်သူဖြစ်နေရတယ်ဆိုတဲ့ စိတ်ကိုလည်း ဖယ်ရှားဖို့လိုအပ်ပါလိမ့်မယ်။

ကိုယ် မှားတဲ့အချိန်မှာတောင် တောင်းပန်ဖို့ ဝန်လေးနေခြင်း

ကိုယ် မှားတဲ့အချိန်မှာတောင် တောင်းပန်ဖို့ ဝန်လေးနေခြင်း

နောက်ထပ် အန္တရာယ်ရှိတဲ့ မာနတရားကတော့ ကိုယ် မှားတဲ့အချိန်မှာတောင် အမှားဝန်ခံဖို့ ဝန်လေးနေခြင်း၊ တောင်းပန်ဖို့ ဝန်လေးနေခြင်းပဲဖြစ်ပါတယ်။ ကြိမ်ဖန်ရေများလာတဲ့အခါ ကိုယ့်ရဲ့ လက်တွဲဖော်ကို စိတ်ဒဏ်ရာတွေပဲ ပေးနေမိမှာပါ။

ဒါဆိုရင် ကိုယ့်ရဲ့ အမှားကို ဘယ်လို ဝန်ခံရမလဲ။

ငါ့ချစ်သူက နားလည်ပေးမှာပဲလို့ တစ်ဖက်တည်း ကောက်ချက်မချလိုက်ပါနဲ့။ ကိုယ် လုပ်လိုက်တဲ့အရာက မှားသွားတယ်ဆိုရင် မှားသွားကြောင်း ဝန်ခံလိုက်ပါ။ အချိန်ဆွဲထားပြီး ကိုယ့်ရဲ့ မာနတရားကို ရှေ့တန်း မတင်လိုက်ပါနဲ့။

သင့်ရဲ့ လက်တွဲဖော်သည် သင့်ရဲ့ စံချိန်စံညွှန်းနှင့် မကိုက်ညီဘူး

သင့်ရဲ့ လက်တွဲဖော်သည် သင့်ရဲ့ စံချိန်စံညွှန်းနှင့် မကိုက်ညီဘူး

ကိုယ်က အရမ်းကို ပြီးပြည့်စုံလွန်းနေပြီး ကိုယ့်လက်တွဲဖော်က ကိုယ်နဲ့ မထိုက်တန်ဘူး။ သူသည် ကိုယ်နဲ့ ရည်းစားဖြစ်ရတာ၊ အိမ်ထောင်ကျသွားတာ ကံကောင်းတဲ့သူတစ်ယောက်လို့ ခံစားသင့်တယ် ဆိုတဲ့ စိတ်ကြီး ဝင်နေပါသလား။ ဒါဆိုရင်တော့ သေချာပါတယ်။ သင်သည် မာနကြီးတဲ့အပြင် အတ္တကြီးတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ကိုယ့် ကောင်မလေး၊ အိမ်ထောင်ဖက်က ဝတ်စားဆင်ယင်မှုကလည်း ပုံတုံးတုံးကြီးဖြစ်နေတယ်။ ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့လည်း လိုက်လျောညီထွေစွာ မပေါင်းသင်းတတ်ဘူး စသည်ဖြင့် မပြည့်စုံမှု များစွာကို ခေါင်းထဲ ထည့်နေပါသလား။

လူသားတိုင်းသည် မပြည့်စုံကြပါဘူး။ သင့်မှာလည်း အားနည်းချက်များ၊ မပြည့်စုံမှုများ ရှိနေတတ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် ချစ်ကြတဲ့အခါ သူ့ရဲ့အားနည်းချက်တွေကို မေ့ထားပြီး အားသာချက်တွေကို အာရုံစိုက်ကာ ချစ်ကြရတာမဟုတ်လား။ သူ့ အားနည်းချက်တွေကိုလည်း အပြစ်မပြင်ဘဲ ကိုယ့်ဘက်က တတ်နိုင်သလောက် ပံ့ပိုးပေးမှသာလျှင် လက်တွဲဖော်ကောင်းတစ်ယောက် ပီသတာဖြစ်ပါတယ်။

Source: Marriage

Featured Image: Marriage