တစ်ခါတစ်လေ တစ်ယောက်ယောက်ကို စောင့်ဆိုင်းရချိန်တွေ ၊ ပျင်းရိနေချိန်တွေမှာ အချိန် မြန်မြန်ကုန်သွားချင်တယ်ဆိုရင်တော့ မိုလ်ဘိုင်း ဂိမ်း တွေက အများကြီး အကူညီဖြစ်စေပါလိမ့်မယ်။ ကွီးတို့အနေနဲ့ အချိန်တွေ ကုန်လို့ကုန်မှန်းမသိ ဂိမ်းထဲမှာ စီးမြောနိုင်မယ့် စိတ်ဝင်စားစရာ မိုလ်ဘိုင်းဂိမ်းတွေကို ရှာနေတယ်ဆိုရင် အခုပြောပြမယ့် ဂိမ်းတွေကိုသာ ဆော့ကြည့်လိုက်ပါ။

(၁) Angry Birds 2

 

 

Source : Angry Birds

Angry Birds ဂိမ်းလေးကတော့ ကလေးဘဝအမှတ်တရတွေကို ပြန်ပြောင်းသတိရစေမယ့် အမိုက်စား မိုလ်ဘိုင်းဂိမ်းလေးတစ်ခုပါ။ ပေါ့ပေါ့ပါးပါးနဲ့ အချိန်ကုန်မြန်မယ့် ဂိမ်းမျိုးကစားချင်တယ်ဆိုရင် Angry Birds 2 ဂိမ်းလေးက ကွီးတို့ကို အကြိုက်တွေ့စေမှာပါ။ ဒီဂိမ်းလေးက ၂၀၁၅ ခုနှစ်မှာ Angry Birds စီးရီးရဲ့ ၁၀ ခုမြောက်ဂိမ်းအဖြစ် ထွက်ခဲ့တာဖြစ်ပြီး Play To Play ကစားနိုင်မှာ ဖြစ်ပါတယ်။

(၂) Brawl Stars

 

 

Source : Brawl Stars

Brawl Stars ကတော့ ချစ်စရာကောင်းတဲ့ ဂိမ်းဇာတ်ကောင်လေးတွေပါဝင်တဲ့ အွန်လိုင်းတိုက်ခိုက်ရေး ဂိမ်းတစ်ခု ဖြစ်ပါတယ်။ မတူညီတဲ့ ဇာတ်ကောင်အမျိုးမျိုးကို လော့ခ်ဖွင့်ပြီး အဆင့်မြှင့်တင်တာ ၊ Items တွေ စုဆောင်းပြီး ဂိမ်းဇာတ်ကောင်တွေကို Power မြှင့်ပေးရတာ ၊ Skins အသစ်နဲ့ နေရာအသစ်တွေ ရှာဖွေရတာ စသည်ဖြင့် စိတ်ဝင်စားဖို့ကောင်းတဲ့ လုပ်ဆောင်မှုတွေ အများကြီးပါဝင်ပါတယ်။ ဒီဂိမ်းလေးက Play To Play ကစားနိုင်မှာဖြစ်ပြီး Android ရော IOS မှာပါ ကစားလို့ရပါတယ်။

(၃) Empires & Puzzles: Epic Match 3

Photo : Small Giant Games

Empires & Puzzles: Epic Match 3 ဂိမ်း က ခက်ခဲနက်နဲပြီး နည်းဗျူဟာကျကျ ဆော့ကစားရတဲ့ Gaming Experience ကို ခံစားချင်သူတွေအကြိုက် ဂိမ်းတစ်ခုဖြစ်ပါတယ်။ RPG Combat ၊ Card Collecting ၊ Base-Building နဲ့ Match-3 Gameplay ပုံစံတွေကို ပေါင်းစပ်ထားတာပါ။ Heroes တွေကို Level Up လုပ်တာ ၊ Weapons တွေ ဖန်တီးတာနဲ့ တခြားစိတ်ဝင်စားဖို့ကောင်းတဲ့ Features တွေ အများကြီးပါပါတယ်။ Players တွေအနေနဲ့ အွန်လိုင်း Battles တွေအပြင် PvP Duels ပွဲတွေမှာ တခြား Players တွေကို Challenge ခေါ်ပြီး ကစားနိုင်မှာ ဖြစ်ပါတယ်။

(၄) Wordscapes

Source : Peoplefun Games

Wordscapes ကတော့ Word Puzzle ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် ၊ တစ်ယောက်တည်း ဖြစ်ဖြစ် အေးအေး ဆေးဆေး ဆော့ကစားလို့ရပါတယ်။ စကားလုံးဝေါဟာရ ကြွယ်ဝလာစေရုံမက စဉ်းစားတွေးခေါ်နိုင်စွမ်းတွေပါ တိုးတက်လာစေမယ့် အမိုက်စားဂိမ်းလေးပါ။ ရိုးရှင်းပေမယ့် အချိန်ကုန်လို့ကုန်မှန်းမသိအောင် စွဲလန်းစေတဲ့ ဂိမ်းတစ်ခုလို့ပြောရင်လည်း မမှားပါဘူး။ Android ရော IOS မှာ ဆော့လို့ရပါတယ်။

(၅) Toon Blast

Source : John Gutierrez

Candy Crush လို ဂိမ်း မျိုးကြိုက်တယ်ဆိုရင်တော့ Toon Blast ကိုလည်း ဆော့ကြည့်သင့်ပါတယ်။ Gameplay ပုံစံကတော့ Candy Crush နဲ့ သိပ်မကွာပါဘူး။ Level တွေတဆင့်ပြီးတဆင့် တက်အောင်ကစားသွားရမှာ ဖြစ်ပါတယ်။ အားလပ်ချိန်တွေမှာ ပေါ့ပေါ့ပါးပါးနဲ့ Fun ဖြစ်ချင်တယ်ဆိုရင် ဒီဂိမ်းလေးက လုံးဝကွက်တိကျစေမှာ သေချာပါတယ်။

ဂိမ်းချစ်သူ ကွီးတို့ရော အားလပ်ချိန်တွေမှာ ဘယ်လိုဂိမ်းတွေ ဆော့ဖြစ်နေလဲဆိုတာ ကွန်းမန့်မှာ မျှဝေပေးခဲ့ပါဦး။

Featured Photo : MEmu