ချိုတဲ့အစားအစာတွေ လူအများစု ကြိုက်နှစ်သက်ကြတာ ငြင်းလို့မရနိုင်ပါဘူး။ ဒါပေမယ့်လည်း သကြားဓာတ်ပါဝင်မှုနှုန်းများတဲ့ အစားအစာတွေဟာ ရေရှည်မှာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဆိုးဆိုးရွှားရွှားထိခိုက်စေတဲ့ တရားခံဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အချိုကြိုက်တဲ့ ကွီးတို့ သတိထားသင့်တဲ့ သကြားစားသုံးမှုများခြင်းရဲ့ အန္တရာယ်များအကြောင်းကို မျှဝေပေးချင်ပါတယ်။
(၁) နှလုံးကျန်းမာရေးကို ထိခိုက်စေတယ်
Photo : Medical News Today
သကြားဓာတ် အလွန်အကျွံ စားသုံးခြင်းက နှလုံးကျန်းမာရေးကို ဆိုးရွှားစွာ ထိခိုက်စေနိုင်ပါတယ်။ သက်သေအထောက်အထားများအရ သကြားဓာတ်များများ စားသုံးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အဝလွန်ခြင်း ၊ ကိုယ်လက်အင်္ဂါများ ရောင်ရမ်းနာကျင်ခြင်း ၊ သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်း ၊ သွေးပေါင်ချိန်တက်ခြင်း စတာတွေဟာ နှလုံးရောဂါနဲ့ ဆက်စပ်နေတဲ့ လက္ခဏာရပ်တွေ ဖြစ်ပါတယ်။
(၂) အဝလွန်ခြင်း ဖြစ်စေတယ်
Photo : Sky News
ကမ္ဘာတဝှမ်း အဝလွန်နှုန်းမြင့်တက်လာခြင်းရဲ့ အဓိကတရားကို ပြောပါဆိုရင် သကြားဓာတ် ပါဝင်မှုနှုန်းများတဲ့ အစားအစားတွေနဲ့ အဖျော်ယမကာတွေက ထိပ်ဆုံးကပါဝင်နေပါတယ်။ အချိုရည် ဆိုဒါနှင့် သကြားဓာတ်များတဲ့အစားအစာတွေဟာ ကွီးတို့ ရဲ့ ကိုယ်အလေးချိန်ကို တိုးစေတဲ့အပြင် နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ ဆီးချို ၊ နှလုံးနှင့် အသည်းအဆီဖုံးခြင်း ကဲ့သို့သော ကြောက်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
(၃) အိုမင်းရင့်ရော်ခြင်းကို မြန်စေတယ်
Photo : MensLine Australia
သကြားဓာတ်နဲ့ ခန္ဓာကိုယ်တွင်းရှိ ပရိုတင်းဓာတ်တွေ ပေါင်းစပ်ခြင်းကနေ ဖြစ်ပေါ်လာတဲ့ AGE လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေဟာ အသားအရေ အိုမင်းရင့်ရော်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ၎င်းက အသားအရေ ကျန်းမာရေးနဲ့ နုပျိုခြင်းတွေကို ထိန်းသိမ်းထားပေးတဲ့ ကော်လဂျင်နဲ့ အီလက်စ်နင်တို့ကို ပျက်စီးစေပါတယ်။ ဒါကြောင့် ကွီးတို့ သကြားများများ စားတဲ့အခါ အရွှယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း ၊ ရုပ်ရည်ရင့်ခြင်းတို့ကို ဖြစ်စေတာ ဖြစ်ပါတယ်။
(၄) စိတ်ကျရောဂါ ဖြစ်နိုင်ခြေများတယ်
Photo : Vitalitas Denver
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေဟာ ကွီးတို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ဒါပေမယ့် ဒီလိုအစားအစာတွေထဲမှာတော့ သကြားပါဝင်မနေတာကို သတိပြုရပါမယ်။ သကြားဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေဟာ စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် သကြားဓာတ်ပါဝင်များတဲ့ အစားအစာတွေနဲ့ သောက်စရာဖျော်ရည်တွေကို အတက်နိုင်ဆုံးရှောင်သင့်ပါတယ်။
Source : Healthline
Featured Photo : Vecteezy