YouTuber များသည် စွယ်စုံရသူများလားလို့တောင် အထင်မှားရလောက်အောင် သူတို့ဗွီဒီယိုတွေထဲမှာ မျိုးစုံလုပ်ပြနိုင်ပါတယ်။ အချို့ကလည်း ဗွီဒီယိုဂိမ်း ကစားပြီး Stream လေ့ရှိကြတယ်။ ကားချစ်သူကွီးတို့ကလည်း ကားရီဗျူးတွေလုပ်တဲ့ YouTuber များကို Follow လုပ်ထားလေ့ ရှိကြပါတယ်။

ဒါဆိုရင် အစားအစားများကို နှစ်သက်တဲ့ ကွီးတို့အတွက်ရော ဘယ်သူတွေကို Follow လုပ်ထားသင့်သလဲ။

အခုဖော်ပြပေးမယ့် သူတွေကတော့ YouTube ပေါ်မှာ နာမည်ကြီးတဲ့ အစားအစာ YouTuber တွေပဲ ဖြစ်ကြပါတယ်။

Rosanna Pansino

Top Food Bloggers You Should Follow on YouTube

Source: Forbes

သူမဆိုရင် Follower ပေါင်း ၁၃.၂ သန်းရှိပါတယ်။ သူမသည် ၂၀၁၀ ကတည်းက ဗွီဒီယိုများကို စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ယခုဆိုလျှင် နာမည်တော်တော်ရနေပြီ ဖြစ်ပါတယ်။

Binging With Babish

Top Food Bloggers You Should Follow on YouTube

Source: Bingingwithbabish

ဒီချန်နယ်ကတော့ ၂၀၀၆ ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဟင်းချက်နည်းများအပြင် ရံဖန်ရံခါမှာလည်း ဗွီဒီယိုဂိမ်းများ တင်လေ့ရှိကြပါတယ်။

Epic Meal Time

Source: Epic Meal Time

ဒီချန်နယ်ကတော့ ၂၀၁၀ တုန်းက စတင်ခဲ့တာဖြစ်ပြီး ကနေဒါလူမျိုး သူငယ်ချင်းတွေ စုပေါင်းကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ သူတို့ချန်နယ်ကတော့ ထူးဆန်းပါတယ်။ အစားအစာတွေက သာမန်အရွယ်အစားထက်ကြီးမားအောင် ပြုလုပ်ကာ စားသောက်ပြခြင်းပဲဖြစ်ပါတယ်။

Mark Wiens

Source: Mark Wiens

Mark Wien ကတော့ Street Food များနဲ့ ပတ်သက်ပြီး နာမည်ကြီးပါတယ်။ သူသည် နိုင်ငံစုံအောင် သွားရောက်လည်ပတ်ကာ နိုင်ငံတစ်ခုစီရှိ နာမည်ကြီးသော Street Food များကို စားသောက်ပြလေ့ရှိပါတယ်။

Maangchi

Source: Maangchi

ကိုရီးယား အစားအစာများကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက်တော့ ဒီချန်နယ်က လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ချန်နယ်ပဲဖြစ်ပါတယ်။ ကိုရီးယားအစားအစာများကို ဘယ်လိုအရသာရှိအောင် ချက်ပြုတ်ပြင်ဆင်ရမလဲဆိုတာကို အသေးစိတ် ချက်ပြုတ်ပြင်ဆင်ပြထားတာဖြစ်ပါတယ်။

Tipsy Bartender

Source: Tipsy Bartender

ကော့တေးဖျော်ရည်မျိုးစုံ၊ ဝီစကီမျိုးစုံ ဖော်စပ်ပြုလုပ်နည်းကို လေ့လာချင်တယ်ဆိုရင်တော့ ဒီချန်နယ်လေးကိုသာ Follow လုပ်ထားလိုက်ပါ။

Laura In The Kitchen

Source: Laura In The Kitchen

အနောက်တိုင်း အစားအစာများကို ချက်ပြုတ်ပြင်ဆင်ရတာ ဝါသနာပါတဲ့ ကွီးတို့အတွက်တော့ ဒီချန်နယ်ကနေ လေ့လာသင်ယူစရာအများအပြားရရှိမှာဖြစ်ပါတယ်။ ဒီ YouTuber ကတော့ Follower ပေါင်း ၃.၇ သန်းရှိပါတယ်။

Source: Insense.pro

Featured Image: Hourdetroit