အိပ်ရာပေါ်မှာ အချိန်ကြာကြာ အစွမ်းပြနိုင်ဖို့ဆို ကွီးတို့ရဲ့ တစ်နေ့တာ စားသောက်နေထိုင်မှု အလေ့အထတွေနဲ့ ပတ်သတ်ပြီး အများကြီး ဂရုစိုက်ဖို့ လိုပါမယ်။ စိတ်ပိုင်းဆိုင်ရာ / ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ အမျိုးသားတွေရဲ့ ဖွားဖက်တော်ကို လန်းဆန်းနိုးကြားနေစေဖို့ အဓိက သက်ရောက်မှု ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာတဲ့ လိင်မှုဘဝနဲ့အတူ ချစ်တင်းနှော တဲ့အခါမှာ ကြာကြာ အစွမ်းပြ နိုင်ဖို့ လိုက်နာရမယ့် ဆောင်ရန်ရှောင်ရန်လေးတွေကို မျှဝေပေးပါမယ်။

(၁) ကျန်းမာရေးနဲ့ အညီစားသောက်ပါ

man eating healthy
Photo : Tiege Hanley

ကျန်းမာတဲ့ လိင်မှုဘဝကို ရရှိဖို့အတွက် သင့်တင့်မျှတတဲ့ စားသောက်မှုပုံစံ ရှိရပါမယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ ပါတဲ့ အစားအသောက်တွေဟာ ဖွားဖက်တော်ဆီ သွေးစီးဆင်းမှုကို တိုးမြှင့်စေပြီး လိင်တံရဲ့ ကြီးထွားသန်မာမှုကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် သက်လုံစွမ်းအားကို တိုးတက်စေတာကြောင့် အိပ်ရာထက်မှာ အချိန်ကြာမြင့်စွာ အစွမ်းပြ နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

(၂) စိတ်ဖိစီးမှု နည်းအောင်နေပါ

Stress
Photo : Nashville General Hospital

စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်ခြင်းတွေဟာ ဖွားဖက်တော် သန်စွမ်းကျန်းမာမှုကို လျော့ကျစေတဲ့ အဓိက တရားခံတွေပါပဲ။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ များနေချိန်မှာ လိင်တံဟာ ကောင်းစွာအပြည့်အဝ ထောင်မတ်နိုင်ဖို့ ခဲယဉ်းပါတယ်။ ဒါတင်မက သေးပါဘူး။ ခန္ဓာကိုယ်ရဲ့ အလုံးစုံကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့အတွက် နေ့စဉ်ဘဝမှာ တက်နိုင်သမျှ စိတ်ဖိစီးမှု လျော့ချနေထိုင်ဖို့ အကြံပေးချင်ပါတယ်။

(၃) လူကြီးကားတွေ လျော့ကြည့်ပါ

Pornography Addiction
Photo : Focus on the Family

ညစ်ညမ်းရုပ်ရှင်တွေဟာ ပြင်ပလိင်မှုဘဝ အပေါ်အများကြီး ဆိုးကျိုး သက်ရောက်စေပါတယ်။ နေ့တိုင်းလိုလို ညစ်ညမ်းရုပ်ရှင်တွေ ကြည့်မယ် ၊ အလွန်အကျွံ တစ်ကိုယ်ရည် အာသာဖြေမယ်ဆိုရင် ကွီးတို့ ဖွားဖက်တော် ရဲ့ ကျန်းမာသန်စွမ်းမှုကို ထိခိုက်စေနိုင်ပြီး အတူနေချိန် အိပ်ရာထက်မှာ အချိန်ကြာကြာ အစွမ်းပြ နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။

(၄) ဆေးလိပ်ဖြတ်ပါ

Quit Smoking
Photo : SciTechDaily

ဆေးလိပ်သောက်တာဟာ ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောတွေကို ပိတ်ဆို့စေပြီး သွေးစီးဆင်းမှုကို လျော့ကျစေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေထက် လိင်အင်္ဂါချို့ယွင်းမှုပြဿနာ ခံစားရဖို့ ဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် လိင်တံထောင်မတ်နိုင်စွမ်း လျော့ကျတာ ၊ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် ကောင်းကောင်း မပြနိုင်တာ စတဲ့ ပြဿနာတွေ ကြုံရနိုင်ပါတယ်။

Source : University of Oxford

Featured Photo : UPGUYS