လူအများစုသည် ယခုလက်ရှိပိုင်ဆိုင်ထားတဲ့ ဘဝထက် ပိုပြီး အဆင့်အတန်းမြင့် မားကာ Luxury ပိုဆန်တဲ့ ဘဝ ကို လိုလားတောင့်တကြတာဖြစ်ပါတယ်။ ဒီလိုမျိုး Luxury ဆန်တဲ့ ဘဝမှာ နေထိုင်ဖို့ဆိုတာ သင် ထင်ထားတာထက်ကို ပိုပြီး လွယ်ကူပါတယ်။
သို့သော် Luxury ဆန်တဲ့ ဘဝကို ရယူဖို့ မကြိုးစားခင်မှာ ထိုကဲ့သို့သောဘဝမျိုးကို သင် ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲဆိုတာကနေ အစပြုလိုက်ရအောင်။
လူအယောက်တစ်ရာကို မေးကြည့်ရင် အဖြေအခုတစ်ရာလောက်တော့ ထွက်မှာပါပဲ။ ဒါ့ကြောင့် အခြားသူတွေကို မေးနေမယ့်အစား ကိုယ့်ကိုယ်ကိုယ်သာ ပြန်မေးကြည့်လိုက်ပါ။ ကိုယ် လိုချင်တာက ဘယ်လို Luxury ဆန်တဲ့ ဘဝမျိုးလို။ ထိုဘဝမျိုး ရရှိဖိုရန်အတွက် ဘယ်အရာတွေက တားဆီးနေသလဲ စတာတွေကို အရင်ဆုံး အဖြေရှာကာ ဆန်းစစ်ကြည့်လိုက်ပါ။
ထို့နောက် အခုဖော်ပြပေးမယ့်အချက်များကို လိုက်နာကျင့်သုံးကြည့်လိုက်ပါ။ သင် လိုချင်တဲ့ အဆင့်အတန်းမြင့် ကာ Luxury ဆန်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ရန်အတွက် ကူညီပေးပါလိမ့်မယ်။
ကိုယ့်ဘဝကြီးမှာ ကြုံတွေ့ရတဲ့အရာအားလုံးအတွက် စိတ်ကျေနပ်ပျော်ရွှင်မှုရှိပါစေ
ကျေးဇူးသိတတ်ခြင်းသည် Luxury ဆန်သောဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဘဝမှာ ကြုံတွေ့ရတဲ့ ပျော်ရွှင်စရာတစ်ခုချင်းစီကို ခံစားနိုင်ခြင်းသည် Luxury ဆန်သော ဘဝရဲ့ အခြေခံအုတ်မြစ်တစ်ခုပဲဖြစ်ပါတယ်။
ကျွန်တော်တို့ လူသားတွေသည် တစ်ခါတစ်ရံမှာ ကိုယ့်ဆီမှာ မရှိတဲ့အရာတွေအတွက် စိတ်ညစ်နေကာ ငြီးတွားတတ်ကြပြီး ကိုယ့်မှာ ရှိတဲ့ အရာတွေအတွက် ပျော်ရွှင်ကာ ကျေးဇူးသိတတ်ဖို့ကိုတော့ မေ့နေတတ်ကြပါတယ်။ သင် မသိလိုက်တဲ့အချိန်မှာပဲ သင်သည် Luxury ဆန်သော ဘဝမှာ နေထိုင်နေတာဖြစ်နိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သင်သည် ကိုယ့်မှာရှိတာတွေကို မေ့လျော့နေတတ်လို့ပဲဖြစ်ပါတယ်။
Luxury ဆန်သော ဘဝဆိုတာ ကိုယ့်ရဲ့ဆိုဖာခုံလေးမှာ ထိုင်ပြီး သီချင်းလေး နားထောင်လိုက်၊ ဝိုင်လေးသောက်လိုက်နဲ့ ဘဝမှာ ပျော်ရွှင်ကြည်နူးမှုကို ခံစားနေရတာလည်း ဖြစ်နိုင်သလို၊ အားလပ်ရက်မှာ ဂေါက်ကွင်းသွားပြီး ဂေါက်ဖ်ရိုက်ခြင်း (သို့) Gym သွားကာ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း အစရှိတဲ့အချက်များသည်လည်း အဆင့်အတန်းမြင့် ကာ Luxury ဆန်သော ဘဝ မျိုး ပိုင်ဆိုင်ထားခြင်းရဲ့ သက်သေတစ်ခုပါပဲ။ ထိုအရာများအတွက် ကျေးဇူးတင်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။
Relationship တစ်ခုချင်းစီအလိုက် တိုးတက်အောင် ပြုလုပ်ပါ
မိဘနဲ့ သားသမီးကြား ဆက်ဆံရေး၊ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းကြား ဆက်ဆံရေး၊ ချစ်သူသမီးရည်းစားအကြား ဆက်ဆံရေး အစရှိသည်တို့ကိ တိုးတက်အောင် ဆောင်ရွက်ခြင်းသည်လည်း Luxury ဆန်သော ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
ကျွန်တော်တို့ နေ့စဉ်လူမှုဘဝသည် စားဝတ်နေရေးအတွက်နဲ့ နေ့စဉ်ရုန်းကန်နေရတဲ့အတွက်ကြောင့် ကိုယ် ချစ်ခင်ရတဲ့သူများကို အချိန်ပေးဖို့ မဆိုထားနဲ့ မိသားစုချင်း ထမင်းလက်ဆုံစားဖို့တောင် ခက်ခဲလွန်းလှပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ချစ်ခင်သူတွေအတွက် သီးသန့်အချိန်ပေးခြင်းသည်လည်း Luxury ဆန်တဲ့ ဘဝကို ပိုင်ဆိုင်ထားခြင်းတစ်မျိုးပဲဖြစ်ပါတယ်။
အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးပါ
ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးထဲမှာ အစစ်ကို တုပထားတဲ့ အတုအယောင်တွေ အများအပြားပဲရှိပါတယ်။ Luxury ဆန်တဲ့ဘဝမှာ နေထိုင်ဖို့ဆိုရင် အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးဖို့ လိုအပ်ပါလိမ့်မယ်။
ဥပမာ သင်သည် ဈေးသက်သာသော တီရှပ် (၅) ထည်လောက် ဝယ်ယူလိုက်တယ်။ သို့သော် တကယ့်တကယ် ပွဲတက်မယ့်အချိန်ကျတော့ ထိုတီရှပ်တွေက သင့်ကို ပွဲတိုးအောင် ကူညီပေးမှာမဟုတ်ပါဘူး။ သင့်မှာ အရည်အသွေးကောင်းတဲ့ တီရှပ်အကောင်းစားတစ်ထည် ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ လူပုံအလယ်မှာ ကြွကြွရွရွနဲ့ ဖက်ရှင်ကျကျ သွားလာနိုင်မှာဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှု အစပျိုးပါ
ပိုက်ဆံနဲ့ ရင်းနှီးမြှုပ်ခြင်းတို့သည် Luxury ဆန်တဲ့ ဘဝမှာ အရေးအကြီးဆုံးမဟုတ်ပေမယ့် အရေးပါတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာကိုတော့ ငြင်းဖွယ်ရာမရှိပါဘူး။ ဒါ့ကြောင့် သင့်ရဲ့ ဝင်ငွေကို တဖြည်းဖြည်းချင်းစီ တိုးလာအောင် ကြိုးစားယူရမှာဖြစ်ပါတယ်။
ဝင်ငွေများလာပြီဆိုရင်တော့ တဖြည်းဖြည်းစုဆောင်းပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ စီးပွားရေးလုပ်ငန်းတစ်ခုခုစီမှာ ရင်းနှီးမြှုပ်နှံပေးလိုက်ပါ။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ဝင်ငွေလမ်းကြောင်းသည် တဖြည်းဖြည်း ပွားများလာမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် အဆင့်အတန်းမြင့် ပြီး Luxury ဆန်တဲ့ ဘဝ မှာ နေထိုင်ခြင်းဆိုတာ အခြားအရာများအားလုံးကို ပြောင်းလဲခြင်းထက် ကိုယ့်ရဲ့အတွေးအမြင်တစ်ခုလုံးကို ပြောင်းလဲခြင်းဆိုရင် ပိုမှန်ပါလိမ့်မယ်။ အခုဖော်ပြသွားတဲ့ အချက်များကို သင် လိုက်နာမယ်ဆိုရင်တော့ သင့်ရဲ့ဘဝက တမဟုတ်ချင်းကို ပြောင်းလဲသွားပြီး Luxury ဆန်တဲ့ ခံစားချက်များကို ခံစားရမှာဖြစ်ပါတယ်။ ပိုက်ဆံအမြောက်အမြား ပိုင်ဆိုင်ထားခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းတို့သည် အဆင့်အတန်းမြင့် ပြီး Luxury ဆန်တဲ့ ဘဝ အတွက် မရှိမဖြစ်လိုအပ်တာတော့ မှန်ပေမယ့် တကယ့်စစ်မှန်တဲ့အရာကတော့ ကိစ္စအသေးအဖွဲလေးကအစ အကောင်းမြင်တတ်တဲ့စိတ်နဲ့ ကြည့်ရှုကာ ဘဝကို ပျော်ပျော်ကြီး ခံစားကုန်ဆုံးခြင်းပဲဖြစ်ပါတယ်။
Source: Lux-review
Featured Image: Birthdaywisheszone