အမျိုးသားတွေရဲ့ နေ့စဉ်ဘဝမှာ အမြဲတမ်း အသုံးပြုနေရတဲ့ အသုံးအဆောင်လို့ ပြောရင် အတွင်းခံတွေကတော့ မပါမဖြစ်ပါပဲ။ အတွင်းခံတွေဟာ အမျိုးသားတွေရဲ့ လိင်အင်္ဂါ ကျန်းမာရေး ၊ လိင်မှုဆိုင်ရာ ကျန်းမာရေးနဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှုတို့နဲ့ ပတ်သတ်ပြီး ကြီးမားစွာ သက်ရော က်မှု ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဖွားဖက်တော် ကျန်းမာရေး အတွက် အမျိုးသားတွေ သတိပြု ရှောင်ရှားသင့်တဲ့ အတွင်းခံတွေအကြောင်း ပြောပြပေးပါမယ်။

(၁) ချည်သား မဟုတ်တဲ့ အတွင်းခံတွေ ရှောင်ပါ

Underwear

Photo : Evening Standard

အတွင်းခံ အမျိုးအစား ရွေးချယ်တဲ့အခါ ချည်သား ဘောင်းဘီတွေကတော့ အကောင်းဆုံးပါပဲ။ ချည်သားနဲ့ ပြုလုပ်ထားတဲ့ အတွင်းခံတွေဟာ ချွေးစုပ်လွယ်ပြီး ကန့်သတ်ဧရိယာ အရေပြားတဝိုက်ကို ခြောက်သွေ့နေစေတာကြောင့် ရောဂါပိုး ကူးစက်နိုင်ခြေကို လျှော့ချပေးပါတယ်။ ဒါ့အပြင် လေဝင်လေထွက် ကောင်းသလို ဖွားဖက်တော် ဆီသို့ သွေးစီးဆင်းမှု ပိုကောင်းစေတဲ့အတွက် လိင်အင်္ဂါ ကျန်းမာသန်စွမ်းမှုအတွက် အထောက်အကူ ဖြစ်စေပါတယ်။ ဒါကြောင့် အတွင်းခံ ရွေးချယ်မယ်ဆိုရင် အခြား Material တွေနဲ့ ချုပ်လုပ်ထားတဲ့ အတွင်းခံတွေထက် ချည်သားဘောင်းဘီတွေကို ပိုရွေးချယ်သင့်ပါတယ်။

(၂) အနက်ရောင်အစား ခပ်လွင်လွင် အရောင်တွေ ရွေးဝတ်ပါ

Seam Apparel

Photo : Seam Apparel

အနက်ရောင် အဝတ်အစား / အတွင်းခံ တွေက အပူစုပ်လွယ်ပြီး ခန္ဓာကိုယ်ရဲ့ အပူချိန်ကို တိုးစေပါတယ်။ လိင်အင်္ဂါတဝိုက် အပူချိန်များနေခြင်းဟာ သုတ်ပိုး အရည်အသွေးကို ကျဆင်းစေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ ဒါ့အပြင် ကျားဟော်မုန်း တက်စတိုစတီရုန်း (Testosterone) ထုတ်လုပ်မှုကိုလည်း အဟန့်အတား ဖြစ်စေတာကြောင့် ဖွားဖက်တော် တဝိုက်ကို အပူချိန် မြင့်တက်စေမယ့် အနက်ရောင် အတွင်းခံတွေအစား ပေါ့ပေါ့ပါးပါးနဲ့ အရောင်ခပ်လွင်လွင် အတွင်းခံ အမျိုးအစားတွေကို ရွေးချယ်ဝတ် သင့်ပါတယ်။

(၃) ကြပ်လွန်းတဲ့ အတွင်းခံတွေကို ရှောင်ပါ

Underwear
Photo : Evening Standard

အတွင်းခံ ဝတ်ဆင်တဲ့အခါ ခပ်ကြပ်ကြပ် အတွင်းခံတွေကို ရှောင်သင့်ပါတယ်။ ကြပ်လွန်းတဲ့ အတွင်းခံတွေကို ဝတ်ဆင်ခြင်းဟာ ဖွားဖက်တော် အပေါ် ဖိအား သက်ရောက်စေပြီး နာကျင်မှုကို ဖြစ်စေနိုင်သလို လိင်တံကို မတော်တဆ ထိခိုက်ဒဏ်ရာရစေ နိုင်ပါတယ်။ ဒါ့အပြင် လိင်တံဆီ သွေးစီးဆင်းမှုကို အဟန့်အတား ဖြစ်စေတဲ့အတွက် လိင်တံ ထောင်မတ်နိုင်စွမ်း လျှော့ကျတဲ့ ပြဿနာ ဖြစ်နိုင်ခြေ များပါတယ်။ ဒါကြောင့် ဖွားဖက်တော် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေတဲ့ အရမ်းမကြပ်လွန်း ၊ မချောင်လွန်းတဲ့ အတွင်းခံတွေကိုပဲ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

Source : My Fit Brain

Featured Photo : VICE