ကိုယ့်ထက် အသက်ကြီးတဲ့ မမတွေကိုမှ သဘောကျတဲ့ ကွီးတို့ ရှိပါသလား ? မမတွေက ရင့်ကျက်ပြီး အရာရာမှာ ရှေ့ဆောင်လမ်းပြ လုပ်ပေးနိုင်တဲ့ ကောင်းတဲ့ အချက်တွေရှိသလို အသက်ငယ်ရွယ်တဲ့ မိန်းကလေးတွေလောက် မရင့်ကျက်တဲ့ အပြူအမူတွေ ၊ စိတ်ဆိုးစိတ်ကောက် ရစ်တာတွေ မရှိတာကြောင့်လည်း မမမှ မမဖန်တွေဆိုတဲ့ ယောကျာ်းလေးတွေက သီးသန့်ကို ရှိနေတာပါ။ အလားတူပါပဲ လိင်မှုရေးရာမှာလည်း မမတွေက အတွေ့အကြုံရှိပြီး ဦးဆောင်နိုင်တဲ့အတွက် ပိုမိုကောင်းမွန်တဲ့ ခံစားမှုအတွေ့အကြုံတွေကို ရရှိနိုင်တယ်လို့ ပြောကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အတွေ့အကြုံ ရှိတဲ့ မမ တွေနဲ့ ချစ်တင်းနှောတာက ဘယ်လိုကောင်းကျိုးတွေ ရှိနိုင်လဲဆိုတာနဲ့ ပတ်သတ်ပြီး ပြောပြပေးချင်ပါတယ်။

(၁) အတွေ့အကြုံနဲ့ နှစ်သက်မှု

Couple
Photo : Verywell Health

ကိုယ့်ထက် အသက်ကြီးတဲ့ မမတွေနဲ့ ချစ်တင်းနှောတဲ့အခါ အဓိကကောင်းတဲ့ အချက်က သူတို့မှာ အတွေ့အကြုံ ရှိပြီးသား ဖြစ်တာရယ် ၊ သူတို့ရဲ့ နှစ်သက်မှုတွေကို သိနေတာ ရယ်ပါ။ အသက်ကြီးတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်း စူးစမ်းလေ့လာထားကြပြီး သူတို့နှစ်သက်တဲ့ အရာတွေကို နားလည်ဖို့ အချိန်ယူကြိုးစားကြတဲ့အတွက် လိင်မှုဆိုင်ရာ အတွေ့အကြုံပိုင်းမှာ ပိုမိုပြီးပြည့်စုံတဲ့ ခံစားချက်ကို ရရှိကြပါတယ်။ မမတွေက သူတို့ဘာကြိုက်တက်လဲ ၊ ဘာလိုချင်လဲဆိုတာနဲ့ ပတ်သတ်ပြီး သူတို့ရဲ့ စိတ်ဆန္ဒတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောပြဖို့လည်း ဝန်မလေးကြတဲ့အတွက် ပွင့်လင်းမှုရှိတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ ပိုလွယ်ပြီး ကောင်းမွန်တဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်စေဖို့ အထောက်အကူ ဖြစ်ပါတယ်။

(၂) စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု

Couple

Photo : New York Post

အသက်ကြီးတဲ့ မမတွေက ငယ်ရွယ်တဲ့ အမျိုးသမီးငယ်တွေထက် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုပိုရှိတာကြောင့် ချစ်သူရည်းစားဆက်ဆံရေးမှာရော လိင်မှုဘဝအတွက်ပါ သိသာထင်ရှားတဲ့အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ အဓိကအားဖြင့် မမတွေက သူတို့ရဲ့ စိတ်ခံစားချက်တွေကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ကြပြီး သူတို့ရဲ့ စိတ်ခံစားချက် ၊ လိုအင်တွေကို ထုတ်ဖော်ပြသ ဆက်သွယ်ပြောဆိုရာမှာ ပိုတော်ကြတယ်လို့ ပြောရမှာ ဖြစ်တဲ့အတွက် ပါတနာနဲ့ ပိုမိုနက်ရှိုင်းတဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုကို ရရှိပြီး လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့အခါမှာ အပေးအယူမျှမျှနဲ့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ လိင်မှုဆိုင်ရာ အတွေ့အကြုံတွေကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၃) သက်တောင့်သက်သာရှိမှု

Couple
Photo : FirstCry Parenting

အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ တွေ့ရတဲ့ ကောင်းတဲ့အချက်တစ်ခုကတော့ ပါတနာအပေါ် စိတ်လုံခြုံမှု ၊ စိတ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာရှိမှု အပြည့်အဝပေးနိုင်တာပါ။ မမတွေကိုယ်တိုင်ကလည်း ပေါ့ပေါ့ပါးပါးရှိတဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ဆောက်လိုကြတဲ့အတွက် ဖိအားနည်းပြီး သက်တောင့်သက်သာနဲ့ ပျော်ရွှင်ဖွယ်လိင်ဆက်ဆံမှုဘဝကို ရရှိပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာနဲ့ ဖိအားကင်းကင်း ချစ်တင်းနှောနိုင်တဲ့အချက်က မမ တွေမှာရနိုင်တဲ့ အကျိုးကျေးဇူးတစ်ခုလို့ ပြောရင် မမှားနိုင်ပါဘူး။

(၄) ကျန်းမာရေး အသိကြွယ်ဝမှု

Couple
Photo : Business Insider

မမ တွေက အတွေ့အကြုံရှိတယ် ၊ ကိုယ့်ထက်အသက်ကြီးတယ် ဆိုကတည်းက လိင်မှုဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး သိထားတဲ့ အသိတွေ ၊ ကျန်းမာရေး အမြင်တွေဟာ ပိုမိုကျယ်ပြန့်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့ အမျိုးသမီးတွေဟာ ယေဘူယျအားဖြင့်တော့ လိင်မှုဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခြေခံအသိပညာဗဟုသုတ ပိုရှိကြပြီး မလိုလားအပ်တဲ့ ကိုယ်ဝန်ရနိုင်ခြေ သို့မဟုတ် လိင်ကတဆင့် ကူးစက်တက်တဲ့ ရောဂါ (STIs) တွေကို ဘယ်လိုဘယ်ပုံ ကြိုတင်ကာကွယ် ရမလဲဆိုတာကို ကောင်းကောင်းသိထားကြပါတယ်။ ကျန်းမာပြီး ဘေးကင်းလုံခြုံမှုရှိမှလည်း သာယာပျော်ရွှင်မှုအပြည့်ရှိတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။

အတွေ့အကြုံရှိတဲ့ မမတွေနဲ့ အတွေ့အကြုံမရှိတဲ့ ညီမလေးတွေမှာ ကွီးတို့ ဘယ်သူ့ကို ရွေးချယ်မလဲ ???

Source : My Fit Brain 

Featured Photo : The Independent