မုတ်ဆိတ် ၊ နှုတ်ခမ်းမွှေး ရိတ်တဲ့အခါ ကွီးတို့ Razor (ဂျုတ်) တွေကိုပဲ သုံးနေတုန်းလား ? ဒါဆိုရင်တော့ Razor (ဂျုတ်) တွေအစား လွယ်ကူလျင်မြန် ၊ ဓားဒဏ်ရာ မကျန်တဲ့ Electric Shavers တွေ ပြောင်းသုံးသင့်ပါပြီ။ Shavers တွေက အသုံးပြုရတာ လွယ်ကူသလို အချိန်တိုအတွင်း အမွှေးအမျှင်တွေကို သေသေသပ်သပ် ဖယ်ရှားရှင်းလင်းပေးနိုင်ပြီး ဓားရှဒဏ်ရာ ၊ အရေပြား ပွန်းပဲ့ရာတွေလည်း မကျန်စေပါဘူး။ ဒီဆောင်းပါးလေးမှာ အထာကျကျ မုတ်ဆိတ်ရိတ် နိုင်ဖို့ ကွီးတို့ ဝယ်ထားသင့်တဲ့ အကောင်းဆုံး Electric Shavers တွေကို ပြောပြပေးပါမယ်။

(၁) Philips Norelco Electric Shaver 9700

Philips Norelco Electric Shaver 9700

Photo : Man Of Many

မုတ်ဆိတ်ရိတ် ဖို့အတွက် Electric Shavers တွေထဲမှာတော့ Philips အမှတ်တံဆိပ် Norelco Electric Shaver 9700 က နံပါတ်တစ် ရွေးချယ်စရာ တစ်ခုပါပဲ။ Speed အနှိမ့်အမြင့် ၃ ဆင့် ရွေးချယ်နိုင်ပြီး ဓားသွား ရွေးလျားမှု ၈ ခု ပါဝင်တဲ့အတွက် အမွှေးအမျှင်တွေကို သေချာထိထိရောက် ပြောင်စင်အောင် ရိတ်ပေးနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၅၀ ဝန်းကျင်ရှိပါတယ်။

(၂) Braun Series 9 9290CC Wet & Dry Electric Shaver

Braun Series 9 9290CC Wet & Dry Electric Shaver

Photo : Man Of Many

Braun ရဲ့ Series 9 9290CC မုတ်ဆိတ်ရိတ် စက်ကတော့ SyncroSonic နည်းပညာကို အသုံးပြုထားတဲ့အတွက် မျက်နှာအရေပြားပေါ်က အမွှေးအမျှင်တွေကို သေချာပြောင်စင်အောင် ရိတ်ပေးနိုင်စွမ်း ရှိပါတယ်။ ပေါ့ပါးကျစ်လစ်တဲ့ ကိုယ်ထည်ဒီဇိုင်းနဲ့လာပြီး Sensitive Skin အသားအရေ ပိုင်ရှင်တွေပါ သုံးဖို့ အထူးသင့်လျော်တဲ့ အမိုက်စား Electric Shaver တစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ ဝန်းကျင် ရှိပါတယ်။

(၃) Philips Norelco Electric Shaver 7500

Philips Norelco Electric Shaver 7500
Photo : Man Of Many

ထိလွယ်ရှလွယ် Sensitive အသားအရေ ပိုင်ရှင်တွေ သီးသန့်သုံးဖို့ဆို Philips Norelco Electric Shaver 7500 ဟာ အကောင်းဆုံးပါပဲ။ ဒီကောင်လေးက Sensitive Skin သမားတွေအတွက် ရည်ရွယ်ထုတ်ထားတာပါ။ သေးငယ်တဲ့ မိုက်ခရို ဓားသွားကွိုင်လေးတွေကို သုံးပေးထားတဲ့အတွက် မုတ်ဆိတ်ရိတ် တဲ့အခါ ချောမွေ့မှုအပြည့် ရှိနေမှာ ဖြစ်ပြီး အရေပြားနီမြန်းတာ ၊ ပွတ်တိုက်မှုကြောင့် ရောင်ရမ်းယားယံတာတွေ မဖြစ်တော့ပါဘူး။ ဈေးနှုန်းကတော့ ၂၁၅ ဒေါ်လာ ဝန်းကျင် ရှိပါတယ်။

(၄) Panasonic ES3831K Electric Travel Shaver

Panasonic ES3831K Electric Travel Shaver

Photo : Man Of Many

အရွယ်အစား ခပ်သေးသေးနဲ့ ဘယ်နေရာမဆို အလွယ်တကူ သယ်ဆောင်သွားလို့ရတဲ့ Travel ဆိုဒ် Shaver ရှာနေရင်တော့ Panasonic ES3831K Electric Travel Shaver ရှိပါတယ်။ Panasonic ရဲ့ ES3831K မုတ်ဆိတ်ရိတ် စက်က သေးသွယ်ကျစ်လစ်တဲ့ ဘော်ဒီကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ဓားသွားကို Stainless Steel Floating Blade သုံးပေးထားပါတယ်။ သွက်လက်မြန်ဆန်တဲ့ ဓားသွားရွေ့လျားမှုချက်တွေနဲ့ အရေပြားမျက်နှာပြင်ပေါ်က အမွှေးအမျှင်တွေကို ကုန်စင်အောင် အပြောင်ရိတ်ပေးနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၃၅ ဒေါ်လာ ဝန်းကျင်ပဲ ရှိပါတယ်။

Source : Man Of Many

Featured Photo : The Independent