Tequila လို့ပြောလိုက်တာနဲ့ တစ်ခါမော့ Shots ခွက်လေးနဲ့ Neat သောက်ရတဲ့ အရက်အပြင်းတစ်မျိုးလို့ လူသိများပါတယ်။ အများစုက သံပုရာသီး ၊ ဆားမှုန့်အနည်းငယ်နဲ့ ရောစပ်ပြီး သောက်လေ့ရှိပါတယ်။ တကယ်တော့ Tequila ကို သူ့ချည်းသက်သက် Neat သောက်တာမျိုး မဟုတ်ဘဲ Mixers လေးတွေနဲ့ ရောစပ်ပြီးလည်း အရသာရှိရှိ သုံးဆောင်လို့ ရပါတယ်။ ဒီတစ်ခေါက်တော့ Tequila ကို သမားရိုးကျနည်းအတိုင်း သောက်ရတာ ငြီးငွေ့လာပြီဆိုသူတွေအတွက် အထာကျကျ Tequila သောက်နိုင်မယ့် နည်းလမ်း ၅ ခုကို မျှဝေပေးချင်ပါတယ်။

(၁) Over Ice

Photo : Spoon University

Tequilaကို လွယ်ကူရိုးရှင်းပြီး ဘတ်ဂျက်နည်းနည်းနဲ့ သောက်ချင်တယ်ဆိုရင်တော့ ရေခဲတုံးလေးတွေနဲ့ စိမ်ပြီး သောက်နိုင်ပါတယ်။ တခြား ဆိုဒါ ၊ Mixers ဘာတစ်ခုမှ ရောစပ်စရာမလိုဘဲ Tequila သီးသန့် ရေခဲနဲ့ သောက်ရုံပါပဲ။ ကယ်လိုရီပါတယ် အချိုရည်တွေ ထပ်ရောစရာမလိုတော့ ဝိတ်ချနေသူတွေအတွက်လည်း သင့်တော်တဲ့ Tequila သောက်နည်းတစ်မျိုး ဖြစ်ပါတယ်။

(၂) Cider & Tequila

Photo : Spoon University

Cider နဲ့ Tequilaအရောအစပ်က သောက်လို့အဆင်ပြေပါ့မလားလို့ သံသယဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် မယုံမရှိပါနဲ့။ လတ် ဆတ်တဲ့ Cider နဲ့ ကွီးတို့အကြိုက်ဆုံး Tequilaအမျိုးအစားကို ရောစပ်ပြီး ထူးကဲတဲ့ အရသာအသစ်ကို မြည်းစမ်းကြည့်ပါ။ ပန်းသီးစိပ်လေးအနည်းငယ်ကို အလှဆင်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်။

(၃) Margarita Popsicles

Photo : Spoon University

Tequilaကို သောက်နေကျပုံစံအတိုင်း မဟုတ်ဘဲ ထူးထူးခြားခြားလေး ဖြစ်သွားအောင် ရေခဲချောင်း Popsicles ပုံစံမျိုးလေး ဆန်းသစ်ပြီး မြည်းစမ်းကြည့်နိုင်ပါတယ်။ Margarita ကော့လ်တေး ဖျော်စပ်နည်းအတိုင်းTequila ၊ Orange Liqueur ၊ Lime Juice နဲ့ ဆားအနည်းငယ်ကို ရောစပ်ဖျော်ပြီး ရေခဲချောင်း ပုံစံခွက်လေးတွေထဲထည့်ကာ အေးခဲလိုက်ပါ။  လန်းဆန်းတဲ့ အရသာနဲ့ ရီဝေဝေ အရှိန်တက်စေမယ့် Margarita ရေခဲချောင်းလေးက နွေရာသီလို ပူအိုက်အိုက်ကာလတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။

(၄) Watermelon Slush

Photo : Spoon University

Sunday အားလပ်ရက်တွေအတွက် လွယ်ကူရိုးရှင်းပြီး အရသာရှိတဲ့ Tequilaကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ Tequila၊ ဖရဲသီး ၊ Lime Juice နဲ့ ရေခဲအနည်းငယ်တို့ကို Smooth ဖြစ်သွားတဲ့အထိ Blender ထဲမှာ ကြိတ်ပေးရပါမယ်။ ဖန်ခွက်နှုတ်ခမ်းမှာ သကြားမှုန့်လေးတွေ ဖြူးပြီး သံပုရာသီးစိပ်လေးနဲ့ အလှဆင်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။ ချိုပြင်းရှ အရသာနဲ့ လန်းဆန်းသွားစေမယ့် Tequilaကော့လ်တေး တစ်ခွက်ဖြစ်ပါတယ်။

(၅) Horny Bull

Photo : Spoon University

Tequilaကော့လ်တေးတွေထဲမှာ Horny Bull က ပြင်ဆင်ရ အရမ်းလွယ်ပြီး အရသာရှိတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ Orange Juice ၊ Tequilaစတဲ့ ပါဝင်ပစ္စည်းနှစ်မျိုးတည်းနဲ့ အလွယ်ကူအရိုးရှင်းဆုံး ဖျော်စပ်ရတာ ဖြစ်ပါတယ်။ Tequila၁၀ အောင်စ ၊ Orange Juice ၁၇ အောင်စ တို့ကို ဖန်ခွက်ထဲမှာ ရောစပ်ပြီး သံပုရာသီးစိပ်လေးတွေနဲ့ အရသာရှိရှိ သုံးဆောင်လို့ ရပြီဖြစ်ပါတယ်။

Featured Photo : Spoon University