ဘီယာချစ်သူများအတွက် ဒီတစ်ခါမှာတော့ အားလပ်ရက် ညနေခင်းလေးမှာ ကိုယ်တိုင်ကိုယ်ကျ ဖျော်သောက်နိုင်ဖို့အတွက် အနီရောင် ဘီယာ တစ်ခွက် ဖော်စပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ပြင်ဆင်ပြုလုပ်နည်းကလည်း လွယ်ကူပြီး ပါဝင်ပစ္စည်းကလည်း (၄) မျိုး (သို့မဟုတ်) (၃) မျိုးလောက် ရှိရုံနဲ့တင် အလွယ်တကူ ဖျော်စပ်နိုင်မှာပဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ

- ခရမ်းချဥ်သီး ဖျော်ရည် စားပွဲတင်ဇွန်း ၄ ဇွန်း (အရသာ လိုအပ်ပါက ထပ်ထည့်နိုင်ပါတယ်)
- မိမိကြိုက်နှစ်သက်ရာ ဘီယာ တစ်လုံး
- Kosher ဆား အနည်းငယ်
- သံပုရာသီး စိပ် ၁ စိပ် (သံပုရာသီး မကြိုက်ပါက မထည့်လည်းရပါတယ်)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပါဝင်ပစ္စည်းများအားလုံးကို အဆင်သင့်ဖြစ်အောင် ပြင်ထားလိုက်ပါ။

၂။ ခရမ်းချဥ်သီး ဖျော်ရည်များကို ဘီယာ မတ်ခွက်ထဲ အရင်ဦးဆုံး ထည့်ထားလိုက်ပါ။
၃။ ထို့နောက် ဘီယာများကို အမြှုပ်ထလာအောင်လို့ ဖြည်းဖြည်းချင်းစီ လောင်းထည့်လိုက်ပါ။

၄။ အရသာ မြည်းစမ်းဖို့ရန်အတွက် Kosher ဆားအနည်းငယ် ထည့်ပါ။ လိုအပ်ပါက ခရမ်းချဥ်သီး ဖျော်ရည် အနည်းငယ် ထပ်ထည့်နိုင်ပါသေးတယ်။
၅။ သံပုရာသီးစိပ်ကိုတော့ ဘီယာခွက်ရဲ့ နှုတ်ခမ်းဝမှာ ကပ်ထားကာ အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ဘီယာချစ်သူများအတွက် အမြင်တစ်မျိုး ဆန်းသစ်တဲ့ အနီရောင် ဘီယာ တစ်ခွက် ရရှိသွားပြီပဲ ဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ အနံ့အရသာကို ဒီ့ထက် ပိုကောင်းအောင် ဖန်တီးချင်တယ်ဆိုရင်တော့ အခြားသော ဟင်းခတ်အမွှေးအကြိုင်များလည်း ထပ်ပေါင်းထည့်နိုင်ပါသေးတယ်။ ကိုယ် ထည့်ရင် ထည့်သလောက်ကို အရသာ ကောင်းမွန်မယ့် အနီရောင် ဘီယာတစ်ခွက်ပဲဖြစ်ပါတယ်။

အနီရောင်ဆိုတော့ ခရစ္စမတ်အချိန်ရာသီနဲ့ လိုက်ဖက်တဲ့ Theme အရောင်လေးဖြစ်တာကြောင့် ခရစ္စမတ်ညမှာ ဘော်ဒါတွေနဲ့ အတူတူ ပျော်ပျော်ပါးပါး ကဲချင်သူများအတွက် အရသာ ကွက်တိကျသွားမယ့် ဘီယာတစ်ခွက်ဆိုလည်း မမှားပါဘူး။
ဖျော်သောက်ပြီးသွားတဲ့အခါ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ အတွေ့အကြုံလေးကို အခြားသော ဘီယာချစ်သူများအတွက် ပြန်လည် ဝေမျှပေးခဲ့ပါဦး။
Source: Thespruceeats
Featured Image: Thespruceeats
