နာမည်ကြီး အနုပညာရှင် များတွင်လည်း သူတို့ အချစ်ရဆုံး မိခင် များရှိကြပြီး အတူတူ ပွဲတက် လာကြတဲ့အခါမှာတော့ ကြည်နူးစရာမြင်ကွင်းတစ်ခုဖြစ်သွားပါတယ်။
ဘယ် အနုပညာရှင် တွေက သူတို့ရဲ့ မိခင် နဲ့အတူတူ ပွဲတက်လာကြသလဲဆိုတော့…
Rami Malek

Rami အမေရဲ့ အနှစ်သက်ဆုံး အနုပညာရှင်ကတော့ Jon Hamm ဖြစ်ပြီး Rami နဲ့ သူ့မိခင် အတူတူပွဲတက်လာတဲ့အခါ သူ(မ)သည် သူ(မ)အနှစ်သက်ဆုံး ဆယ်လီနဲ့အတူတူ ဓာတ်ပုံတွဲရိုက်ခွင့်ရသွားပါတယ်။
Ansel Elgort

၂၀၁၅ အော်စကာဆုပေးပွဲတွင် Ansel Elgort သည် မိခင်ဖြစ်သူ Grethe Barrett Holby နဲ့ အတူတူ ပွဲတက်လာခဲ့တာဖြစ်ပါတယ်။ ထိုပွဲသည် Ansel အတွက် ပထမဦးဆုံး ပွဲတက်ခြင်းဖြစ်ပါတယ်။ သူ့မိခင်ကလည်း အနုပညာလောကထဲကပဲဖြစ်ပြီး ပရိုဂျူဆာတစ်ယောက်ဖြစ်ပါတယ်။
Leonardo Dicarprio

၂၀၁၄ ခုနှစ်မှာ ကျင်းပတဲ့ Golden Globes ပွဲတွင်တော့ ကမ္ဘာကျော် အနုပညာရှင် လီယိုနာဒိုသည် သူ့ မိခင် ဖြစ်သူ Irmelin Indenbirken နဲ့အတူတူ ပွဲတက် ခဲ့တာဖြစ်ပါတယ်။
Taylor Kinney

Taylor Kinney ရဲ့ မိခင်ဖြစ်သူ Pamela Heisler ကတော့ ငယ်ရွယ်နုပျိုနေဆဲဆိုတာကို ဓာတ်ပုံထဲကနေ မြင်တွေ့နိုင်ပါတယ်။
Jonah Hill

၂၀၁၄ အကယ်ဒမီပေးပွဲတုန်းက Jonah Hill သည် အော်စကာ စကာတင်မင်းသားအဖြစ် ပထမဦးဆုံး ရွေးချယ်ခံရတာဖြစ်ပါတယ်။ မိခင်ဖြစ်သူ Sharon Lyn Chalkin နဲ့အတူတူ ပွဲတက်လာတာကိုလည်း မြင်တွေ့ရမှာပါ။
Jared Leto

Jared ကတော့ သူ့ရဲ့ဆံကေသာအလှကို သူ့အမေဆီက အမွေရခဲ့ပုံပါပဲ။ ဒီပုံလေးကတော့ ၂၀၁၄ အကယ်ဒမီပေးပွဲတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။
Bradley Cooper

Bradley Cooper နဲ့ သူ့မိခင်ဖြစ်သူ Gloria Campano တို့ကို ၂၀၁၃ အကယ်ဒမီပေးပွဲတွင် အတူတူတွေ့ရခဲ့စဉ်အခိုက်အတန့် ဖြစ်ပါတယ်။
Chris Evans

ကမ္ဘာကျော် အနုပညာရှင် တစ်ဦးဖြစ်တဲ့ Chris ကိုတော့ သူ့ မိခင် ဖြစ်သူ Lisa နဲပအတူတူ တွေ့ရတဲ့ ပွဲတက် အခမ်းအနားတစ်ခုဖြစ်ပါတယ်။ Chris ကတော့ သူ့အမေဆီက ချောမောလှပမှုကို အမွေရခဲ့ ဟန်တူပါတယ်။
Jason Maraz

ဒီပုံလေးထဲမှာတော့ သူ့သားရဲ့ အောင်မြင်မှုကို ဝမ်းမြောက်ပြီး ဂုဏ်ယူနေတဲ့ မိခင်တစ်ယောက်ရဲ့ အပြုံးကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီပွဲကတော့ ၂၀၁၃ ဂရမ်မီ ဆုပေးပွဲအခမ်းအနားပဲဖြစ်ပါတယ်။
Brad Pitt

မိခင်ဖြစ်သူ Jane Etta Pitt နဲ့ အတူတူ ပွဲတက်လာတဲ့ Brad Pitt ဖြစ်ပါတယ်။ ဒီပွဲကတော့ ၂၀၁၂ ခုနှစ်တုန်းက ကျင်းပတဲ့ အော်စကာဆုပေးပွဲပဲဖြစ်ပါတယ်။
Justin Timberlake

Justin Timberlake ကတော့ နှစ်လိုဖွယ်ကောင်းတဲ့အပြုံးကို သူ့အမေဆီက အမွေရခဲ့တာ သေချာပါတယ်။
Jeremy Renner

ဒီပွဲတက်ကတော့ ၂၀၁၀ အော်စကာ ဆုပေးပွဲတုန်းကဖြစ်ပါတယ်။
Ryan Gosling

မိခင်ဖြစ်သူ Donna Gosling နဲ့ အတူတူ တွေ့မြင်ရတဲ့ ကြည်နူးစရာမြင်ကွင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီပွဲကတော့ အတော်လေးကို ကြာခဲ့ပါပြီ။ ၂၀၀၇ ခုနှစ် အကယ်ဒမီပေးပွဲတုန်းကဖြစ်ပါတယ်။
Source: Redbookmag
Featured Image Source: Standard
