အနောက်တိုင်းဝတ်စုံ ကို ရှူးဖိနပ်နဲ့ တွဲဖက်ဝတ်ဆင်ရတာ ရိုးအီနေပြီဆိုတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ Sneakers ဖိနပ်နဲ့ ပြောင်းလဲဝတ်ဆင်ကာ စတိုင်လ်ကျနိုင်မယ့် ဖက်ရှင် Tips များကို ဝေမျှပေးချင်ပါတယ်။

အနောက်တိုင်းဝတ်စုံ ရွေးချယ်တဲ့အခါ ဘောင်းဘီရဲ့အရှည်သည် ကိုယ့် Sneakers ဖိနပ်ရဲ့အလှကို ဖုံးမသွားဖို့ အရေးကြီးပါတယ်။ တကယ်လို့ သင် ရွေးချယ်ဝတ်ဆင်လိုက်တဲ့ ဘောင်းဘီသည် ရှည်ရှည်ကြီးဖြစ်နေပြီး Sneakers ဖိနပ်ကို ဖုံးလိုက်မယ်ဆိုရင် သင့်ရဲ့ ဖက်ရှင်သည် စမတ်ကျကျဖက်ရှင်ကို ရရှိနိုင်တော့မှာမဟုတ်ပါဘူး။ ဒီလိုမျိုး ဖက်ရှင်အလွဲလေးတွေကို ရှောင်ကြဉ်ဖို့ရန်အတွက် ဖက်ရှင် Tips များကို အခုပဲ အတူတူ လေ့လာကြည့်လိုက်ရအောင်။

ဘောင်းဘီနှင့် အင်္ကျီကို ဖြစ်သလို ဝတ်ဆင်ထားခြင်း

အနောက်တိုင်းဝတ်စုံ Sneakers

ဘောင်းဘီက ကိုယ့်ကိုယ်တိုင်းနဲ့ Fit မဖြစ်ဘဲ ပွယောင်းယောင်းဖြစ်နေပါက ထိုဘောင်းဘီကို မဝတ်ဆင်သင့်ပါဘူး။ ဒါ့အပြင် အင်္ကျီက ဘောင်းဘီအပြင်ထုတ်ကာ ဝတ်ဆင်ထားတဲ့ စတိုင်လ်မျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ အနောက်တိုင်းဝတ်စုံ နှင့် Sneakers ဖိနပ်ကို ရွေးချယ်ဝတ်ဆင်တဲ့အခါ ပြုလုပ်လေ့ရှိတဲ့ နောက်ထပ် အမှားတစ်ခုကတော့ ရှုပ်ယှက်လွန်းသော Sneakers ဒီဇိုင်းများ ရွေးချယ်ခြင်းပဲဖြစ်ပါတယ်။

ရှုပ်ယှက်လွန်းသော Sneakers ဒီဇိုင်းများ မရွေးချယ်ဘဲ ရိုးရှင်းလှပသော ဒီဇိုင်းမျိုးကိုသာ ရွေးချယ်သင့်ပါတယ်။

အနောက်တိုင်းဝတ်စုံများနှင့် ဘယ်လို Sneakers ဒီဇိုင်းတွေ လိုက်ဖက်မလဲဆိုတာကို ဆက်လက်ဖော်ပြပေးလိုက်ရပါတယ်။

အဖြူရောင် Sneakers ဖိနပ်

အနောက်တိုင်းဝတ်စုံ Sneakers

အဖြူရောင် Sneakers ဖိနပ်များကတော့ နံပါတ် (၁) ဦးစားပေး ရွေးချယ်သင့်တဲ့အထဲမှာ ပါဝင်ပါတယ်။ ပုံထဲက ဖိနပ်အမျိုးအစားကတော့ Oliver Cabell Low 1 အမျိုးအစားဖြစ်ပြီး အီတလီထုတ် ကုန်ကြမ်းပစ္စည်းများနှင့် အသုံးပြုထားတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ သြစတြေးလျဒေါ်လာ ၂၆၃ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။

အနက်ရောင် Sneakers ဖိနပ်

အနောက်တိုင်းဝတ်စုံ Sneakers

ဒုတိယဦးစားပေး အနေနဲ့ ရွေးချယ်သင့်တာကတော့ အနက်ရောင် ဖိနပ်ဒီဇိုင်းတွေပဲဖြစ်ပါတယ်။ အနက်ရောင်ဖြစ်တဲ့အားလျော်စွာ အပေခံတဲ့ဒီဇိုင်းတစ်ခုဖြစ်ပြီး မိုးတွင်းလိုရာသီဥတုနဲ့ လိုက်ဖက်ကာ ဝတ်ဆင်သင့်ပါတယ်။

ပုံထဲက ဖိနပ်ဒီဇိုင်းကတော့ MYRAVIST ဖိနပ်အမျိုးအစားဖြစ်ပြီး နွားကလေးသားရေဖြင့် ပြုလုပ်ထားတာဖြစ်ပါတယ်။ လက်ချုပ်ဖိနပ်ဖြစ်တာကြောင့် အသေးစိတ်ကအစ သေချာချုပ်လုပ်ထားတာဖြစ်ပါတယ်။

အဖြူအမဲ Sneakers ဖိနပ်

semi-formal suit fashion

အဖြူအမဲ နှစ်ရောင် ပေါင်းစပ်ထားတဲ့ ဖိနပ်ကတော့ တတိယဦးစားပေးပေါ့။ ဒီဖိပန်ကတော့ Axel Arigato တံဆိပ်ဖြစ်ပြီး ဖိနပ်အတွင်းသားကို သားရေ၊ အပြင်သားကို ရာဘာသားဖြင့် ပြုလု်ပထားတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၂၀ ပေးဝယ်ရမှာဖြစ်ပါတယ်။

သုံးရောင်စပ် Sneakers ဖိနပ်

semi-formal suit fashion

အဖြူအမဲအရောင်များကို အနည်းငယ် ငြီးငွေ့လာပြီဆိုရင်တော့ အခုလို သုံးရောင်စပ် ဒီဇိုင်းမျိုးကို ရွေးချယ်နိုင်ပါတယ်။ အဖြူ၊ ကြက်သွေးနှင့် အပြာရောင်တို့ကို လှပအောင် အရောင်စပ်ထားတာဖြစ်ပြီး ကွီးတို့ရဲ့ အနောက်တိုင်းဝတ်စုံ နဲ့ လိုက်ဖက်တဲ့ Sneakers ဖိနပ်ဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။

Adidas Stan Smith

semi-formal suit fashion

အရည်အသွေးကောင်းတဲ့ ဖိနပ်အမျိုးအစားကို ရွေးချယ်ဝတ်ဆင်ချင်တယ်ဆိုရင်တော့ ဒီဖိနပ်အမျိုးအစားကိုလည်း မေ့မထားသင့်ပါဘူး။ သို့သော် ဒီဇိုင်းကာလာက အဖြူရောင်ဖြစ်တဲ့အတွက်ကြောင့် မကြာခဏ သန့်ရှင်းရေးပြုလုပ်ပေးဖို့ကိုလည်း မမေ့သင့်ပါဘူး။ ကိုယ့်ရဲ့ ဖိနပ်က သန့်ရှင်းတောက်ပြောင်နေမှသာ ကိုယ့်ရဲ့ဖက်ရှင်သည်လည်း အထာကျမိမိုက်နေမှာမဟုတ်လား။

အခုဖော်ပြသွားတဲ့ အနောက်တိုင်းဝတ်စုံနဲ့ တွဲဖက်ဝတ်ဆင်နိုင်မယ့် Sneakers ဖက်ရှင် Tips များကို ကွီးတို့အားလုံး အကြိုက်တွေ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ထိုဖက်ရှင် Tips များကို အသုံးပြုရင်း စမတ်ကျကျ ဖက်ရှင်မျိုး ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

Source: Manofmany

Featured Image: Manofmany