တစ်ကိုယ်ရည် သန့်ရှင်ရေးအတွက် ကွီးတို့ရဲ့ တင်ပါးကြားက အမွှေးအမျှင် တွေကို ပုံမှန် ဖယ်ရှားပေးဖို့ လိုပါတယ်။ တင်ပါးကြား ဧရိယာတဝိုက်ဟာ နွေးထွေးပြီး စိုစွတ်မှုများတဲ့အတွက် အမွှေးအမျှင်တွေ ရှိနေမယ်ဆိုရင် ဘက်တီးရီးယားတွေ ခိုအောင်းပေါက်ဖွားဖို့ ပိုမို လွယ်ကူပါတယ်။ ဘက်တီးရီးယားတွေကတဆင့် အရေပြားယားယံတာ ၊ မှိုစွဲတာနဲ့အနံ့အသက်ဆိုးတွေထွက်တာ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြုံရနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ တင်ပါးကြားက အမွှေးအမျှင်တွေကို ဘယ်လိုမျိုး Safe ဖြစ်ဖြစ် ရှင်းလင်းဖယ်ရှားလို့ ရမလဲဆိုတာ ပြောပြပေးပါမယ်။
(၁) ရေနွေးနဲ့ ဆေးကြောသန့်စင်ပါ
Photo : MensXP
ပထမဆုံးအဆင့် လုပ်ရမယ့် အချက်ကတော့ ကွီးတို့ရဲ့ တင်ပါးကြား ဧရိယာကို ကြက်သီးနွေးရေနွေးနဲ့ ဆေးကြောသန့်စင်ပေးဖို့ ဖြစ်ပါတယ်။ ရေနွေးဟာ တင်ပါးအရေပြားတဝိုက်က ချွေးပေါက်တွေကို ပွင့်စေပြီး အမွှေးအမျှင်တွေကို နူးညံ့သွားစေတဲ့အတွက် Shaving လုပ်တဲ့အခါ ပိုမိုလွယ်ကူချောမွေ့စေမှာ ဖြစ်ပါတယ်။
(၂) မှန်ပေါ်မှာ ထိုင်လျက်အနေအထား ပုံစံယူပါ
Photo : MensXP
နောက်တဆင့် Shaving လုပ်ပြီ ဆိုရင်တော့ အမွှေးအမျှင် တွေကို ရှင်းရှင်းလင်းလင်း မြင်ရဖို့အတွက် လက်ကိုင်ကြည့်မှန်ကို တင်ပါးအောက်မှာ ထားပြီး ကွီးတို့က Squat အနေအထားနဲ့ ဆောင့်ကြောင့်ထိုင် ရိတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကွီးတို့ ပုံမှန်အတိုင်း မြင်ဖို့ခက်တဲ့ တင်ပါးကြား ဧရိယာတဝိုက်က အမွှေးအမျှင်တွေကို ထင်ထင်ရှားရှား မြင်တွေ့နိုင်မှာ ဖြစ်ပြီး အမွှေးအမျှင်တွေ အားလုံးကို အပြောင်ရိတ်နိုင်မှာပါ။
(၃) Shaving Gel သုံးပြီး ရိတ်ပါ
Photo : MensXP
မုတ်ဆိတ်ရိတ်ရာမှာ သုံးတဲ့ Shaving Gel အနည်းငယ်ကို သုံးပြီး ကွီးတို့ အနောက်အောက်ပိုင်းတိုင်း အလယ်ချိုင့်ဝှမ်းက အမွှေးအမျှင်တွေကို ရှင်းနိုင်ပါတယ်။ Shaving Gel သုံးရတဲ့ အားသာချက်က အမွှေးအမျှင်တွေ ရိတ်တဲ့အခါမှာ ပိုမိုချောမွေ့လွယ်ကူမှု ရှိစေမှာ ဖြစ်ပြီး မတော်တဆ ဓားရှတာ ၊ အမွှေးအမျှင်တွေ ဟိုတကွက်ဒီတကွက် ကျန်နေခဲ့တာတွေ မဖြစ်နိုင်တော့ပါဘူး။
အမွှေးအမျှင်တွေ အားလုံးဖယ်ရှားပြီးပြီ ဆိုရင်တော့ ရေနဲ့ တဖန်ဆေးကြော သန့်စင်ပေးရပါမယ်။ ထို့နောက် သန့်စင်တဲ့ အဝတ် သို့မဟုတ် မျက်နှာသုတ်ပုဝါသုံးပြီး တင်ပါးကြား ဧရိယာကို ခြောက်သွေ့အောင်သုတ်ပေးရမှာ ဖြစ်ပါတယ်။ တင်ပါးကြား အရေပြားကို အဝတ်နဲ့ ခပ်ကြမ်းကြမ်း ပွတ်တိုက်တာမျိုးတော့ ရှောင်ရပါမယ်။
Source : MensXP
Featured Photo : Estrid