ကွီးတို့ရဲ့ လူမြင်မခံတဲ့ နေရာတစ်ဝိုက်က အနံ့အသက်ရှိတယ်ဆိုတာကတော့ မထူးဆန်းတဲ့ သဘာဝဖြစ်ရပ်တစ်ခုပါပဲ။ ဒါပေမဲ့ ထိုနေရာတစ်ဝိုက်က အနံ့အသက်က ရုတ်ချည်း ပြောင်းလဲသွားတာမျိုးပဲဖြစ်ဖြစ်၊ အနံ့ အသက်က ပြင်းလာတာမျိုးဆိုရင်တော့ အခုဖော်ပြပေးမယ့် အစားအစာများ စား သုံးဖို့ လိုအပ်နေပါပြီ။

အချဥ်ဓာတ် ကြွယ်ဝသော အစားအစာများ

အချဥ်ဓာတ် ကြွယ်ဝသော အစားအစာများ

သံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ Grapefruit သီး အစရှိတဲ့ သစ်သီးများသည် အချဥ်ဓာတ် ကြွယ်ဝပြီး အနံ့ ဆိုးများကို ဖယ်ရှားပေးရာမျာ အစွမ်းအထက်ဆုံး အ စား အစာများပဲဖြစ်ပါတယ်။ ထိုအစားအစာများထဲတွင် ပါဝင်တဲ့ အက်ဆစ်ဓာတ်က အနံ့ဆိုးများကို ဖယ်ရှားပေးနိုင်ပြီး သူတို့ထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်ကတော့ ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

ဟင်းနုနွယ်နှင့် ကိုက်လန်

ဟင်းနုနွယ်နှင့် ကိုက်လန်

ဟင်းနုနွယ်နဲ့ ကိုက်လန်တို့သည်လည်း အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာများပဲဖြစ်ပါတယ်။ ထိုအစားအစာများ စားသုံးခြင်းအားဖြင့် အစာခြေစနစ် ကောင်းမွန်ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ စုပုံနေတဲ့ မကောင်းတဲ့ အနံ့အသက်များကို ဖယ်ရှားပေးပြီး အနံ့အသက် ကောင်းလာအောင် ကူညီပေးပါတယ်။

ရေ များများ သောက်ပါ

အနံ့ စား

ခန္ဓာကိုယ်မှာ ရေဓာတ် ခမ်းခြောက်နေပါက ကွီးတို့ရဲ့ ဖွားဖက်တော်ရဲ့ အနံ့အသက်က ပိုမိုဆိုးရွားလာမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ရေများများ သောက်ဖို့ လိုအပ်ပါတယ်။ ရေသောက်ခြင်းအားဖြင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်များက ဆီးသွားတဲ့အချိန် (သို့) ချွေးထွက်တဲ့အချိန်မှာ ခန္ဓာကိုယ် အပြင်ဘက်သို့ ပြန်ထွက်သွားမှာပဲဖြစ်ပါတယ်။

ရေနွေးကြမ်း (သို့) Green Tea

အနံ့ စား

ရေနွေးကြမ်း သောက်ရတာပဲဖြစ်ဖြစ်၊ Green Tea သောက်ရတာပဲဖြစ်ဖြစ် သဘောကျတယ်ဆိုရင် များများသာ သောက်ပေးပါ။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ထဲမှာပါဝင်တဲ့ Antioxidant များက ကွီးတို့ရဲ့ ဖွားဖက်တော် အနံ့အသက်ကို ကောင်းမွန်အောင် ထိန်းသိမ်းပေးထားနိုင်ပါတယ်။

ဆေးဖက်ဝင် အရွက်များ

အနံ့ စား

နံနံပင်၊ ပူစီနံ၊ ပင်စိမ်းရွက် အစရှိတဲ့ ဆေးဖက်ဝင် အရွက်များကလည်း ကွီးတို့ရဲ့ ဖွားဖက်တော်ကို အနံ့အသက် ကောင်းစေတဲ့ အစွမ်းထက် အစားအစာများပဲဖြစ်ပါတယ်။ ထိုဆေးဖက်ဝင် အရွက်များကို မကြိုက်တဲ့သူတွေကတော့ စားတဲ့အချိန်မှာ ကြိတ်မှိတ်စားနေရမှာပေါ့။ ဒါပေမဲ့ ထိုအစားအစာများကို အစာအိမ်က ကြေညက်အောင် ခြေဖျက်ပြီးတဲ့နောက်မှာ ဖွားဖက်တော် အနံ့အသက်ဆိုးများကို လျော့ပါးသက်သာသွားအောင် ကူညီပေးနိုင်ပါတယ်။

ကွီးတို့ရဲ့ ဖွားဖက်တော်က အနံ့ အသက် မကောင်းလို့ အထက်ဖော်ပြပါ အစားအစာများ စား တာတောင်မှ မသက်သာသေးဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်နေပါပြီ။ ထိုကဲ့သို့ အနံ့နံခြင်းက အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

တစ်ကိုယ်ရည် သန့်ရှင်းရေး အားနည်းခြင်းကြောင့်လည်း ဖြစ်နိုင်သလို ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် မှိုရောဂါတစ်မျိုးမျိုး ခံစားရလို့ (သို့) ကာလသားရောဂါနှင့် အခြား လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ခံစားနေရလို့လည်း ဖြစ်နိုင်ပါတယ်။

ထိုအခြေအနေမျိုး ကြုံတွေ့နေရတယ်ဆိုရင်တော့ တစ်ယောက်တည်း အိမ်မှာ ကြိတ်ကုသမနေဘဲ ဆရာဝန်နှင့် အမြန်ဆုံး ကုသမှသာလျှင် မြန်မြန် သက်သာပျောက်ကင်းမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော ထိုနေရာတစ်ဝိုက်က အနံ့အသက် မကောင်းဘူးဆိုရင် ဘယ်လိုပြုလုပ်လေ့ရှိပါသလဲ။

Source: Lybrate

Featured Image: Freepik