ယနေ့ခေတ်တွင် တိရစ္ဆာန်များကို အန္တရာယ် မဖြစ်စေဘဲ ထုတ်လုပ်ထားတဲ့ Vegan Sneakers များသည်လည်း ဖက်ရှင်တစ်ခုလိုဖြစ်လာပြီး ကွီးတို့အကြား ရေပန်းစားလာခဲ့ပါတယ်။
လူသားတွေသည်လည်း ကမ္ဘာ့ပတ်ဝန်းကျင်နှင့် သဘာဝတရားကို ကာကွယ်ဖို့ရန်အတွက် ဘေးပတ်ဝန်းကျင်နှင့် တိရစ္ဆာန်များကို အန္တရာယ် မဖြစ်စေတဲ့ပစ္စည်းများကို ထုတ်လုပ်လက်ရှိပြီး Vegan Sneakers များသည်လည်း ထိုအထဲတွင် တစ်ခုအပါအဝင်ပါပဲ။
ကွီးတို့အနေနဲ့ တိရစ္ဆာန်များကို အန္တရာယ်မဖြစ်စေဘဲ ထုတ်လုပ်ထားတဲ့ Vegan Sneakers များကို ဝယ်ဝတ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အမျိုးအစားများကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
SAYE Modelo ‘89

ဒီဖိနပ် ထုတ်လုပ်ဖို့ရန်အတွက် အသုံးပြုထားတဲ့ ကုန်ကြမ်းပစ္စည်းများသည် ပြန်လည် Recycle ပြုလုပ်နိုင်အောင် အသုံးပြုထားတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၇၃ ပေးဝယ်ရမှာ ဖြစ်ပါတယ်။
New Balance 990v5 Vegan

ဒီဖိနပ်ကတော့ ဈေးကွက်ထဲမှာ ရောင်းရအကောင်းဆုံးဖြစ်နေတဲ့ ဖိနပ်တံဆိပ်တစ်မျိုးဆိုလည်း မမှားပါဘူး။ ၈၀ ပြည့်နှစ်ကတည်းက ထွက်လာတဲ့ ဖိနပ်စီးရီးတစ်ခုဖြစ်ပြီး ၂၀၂၀ ဝန်းကျင်မှာတော့ Vegan Friendly ဖြစ်အောင် စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၃၄၀ ပေးဝယ်ရမှာ ဖြစ်ပါတယ်။
Adidas Stan Smith Vegan

ဒီဖိနပ်လေးကတော့ အရိုးရှင်းဆုံးနဲ့ အလှပဆုံးဒီဇိုင်းများဖြင့် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီဖိနပ်ရဲ့ အပြင်ဘက်ရှိ ဖိနပ်ပြားသည် ရာဘာစွန့်ပစ်ပစ္စည်းများကနေ ပြန်လည်အသုံးပြုကာ ထုတ်လုပ်ထားတာကြောင့် ပတ်ဝန်းကျင်အတွက် တစ်ဖက်တစ်လှမ်းကနေ အထောက်အကူပြုရာရောက်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၁၄၀ ပေးဝယ်ရမှာဖြစ်ပါတယ်။
Veja V12 B-Mesh

ပလပ်စတစ်ရေသန့်ဘူးများကို Recycle ပြန်လုပ်ထားပြီးနောက် ရရှိလာတဲ့ Fibres များဖြင့် ထုတ်လုပ်ထားတဲ့ ရာနှုန်းပြည့် Recycled Polyester ဖြင့် ထုတ်လုပ်ထားတဲ့ ဖိနပ်အမျိုးအစားဖြစ်ပါတယ်။ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့အပြင် ရေစိုလည်း ခံပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၁၁ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။
Dr. Martens 1461

ဒီဖိနပ်ကတော့ အနက်ရောင် Vegan-Friendly ပစ္စည်းကနေ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၅၉ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။ ဖိနပ်ဒီဇိုင်းက မိမိုက်နေပြီး ဝတ်ဆင်နေသူကို ဖက်ရှင်ကျစေမှာပါ။
Reebok Club-C ’85 Vegan

Reebok သည်လည်း တိရစ္ဆာန်များကို အန္တရာယ် မဖြစ်စေတဲ့ Vegan Sneakers လောကထဲကို ဝင်ရောက်လာခဲ့ပြန်ပါတယ်။ ဒီဖိနပ်သည်လည်း ရာဘာစွန့်ပစ်ပစ္စည်းများကနေတဆင့် ပြန်လည်ဖန်တီးကာ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၃၀ ပေးဝယ်ရမှာဖြစ်ပါတယ်။
Adidas Samba

အဖြူနဲ့ အနက်၊ ဆန့်ကျင်ဘက် အရောင် နှစ်ရောင်ကို ပေါင်းစပ်ထားခြင်းက ဖိနပ်ဒီဇိုင်းကို ပိုမိုလှပလာစေတာဖြစ်ပါတယ်။ သူ့ဈေးနှုန်းကတော့ ဒေါ်လာ ၁၄၀ ကုန်ကျမှာဖြစ်ပါတယ်။
Veja Marlin V-Knit

ဒီဖိနပ်ကို ပြုလုပ်ထားတဲ့ ကုန်ကြမ်းပစ္စည်းများကတော့ စွန့်ပစ်ပစ္စည်းများကနေ ပြန်လည်ဖန်တီးကာ ပြုလုပ်ထားတာဖြစ်ပါတယ်။ ရာနှုန်းပြည့် Vegan Friendly ဖြစ်တာကြောင့် စိတ်ချလက်ချ ရွေးဝယ်နိုင်တဲ့ ဖိနပ်တစ်ရံပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၄၅ ဒေါ်လာ ပေးချေရမှာပဲဖြစ်ပါတယ်။
ဖက်ရှင်ချစ်သူ ကွီးတို့လည်း တိရစ္ဆာန်များကို အန္တရာယ် မဖြစ်စေဘဲ သဘာဝပတ်ဝန်းကျင်ကိုလည်း ကာကွယ်ရာရောက်စေချင်တယ်ဆိုရင်တော့ အခုဖော်ပြသွားတဲ့ Vegan Sneakers ဖိနပ်များကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
Source: Manofmany
Featured Image: Editorialelpirata.com
